Tuesday, February 26, 2013

ကျေက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာမှ ဘုန်းကြီးနှင့် ပါတီတို့ လုပ်ကြံဖန်တီးတဲ့ အရှုပ် ဇာတ်လမ်း

Posted by drmyochit Tuesday, February 26, 2013, under | No comments

ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာတွင် ကျေးရွာ လျှပ်စစ်မီးပေးရေး ကိစ္စ အပေါ် မူတည်ပြီး ပဋိ ပက္ခ ဖြစ်ရာမှ ရဲများက ရိုက်နှက်ခဲ့ သည့် အတွက် ရွာသား ၄ ဦး ဆေးရုံတင်ရကြောင်း၊ ကျောင်းထိုင် ဆရာေ တာ် ကို ရဲ့ ဖမ်းသွားကြောင်း၊ ရွာသားတွေ က ကြောက်လန့်ပြီး အန်အယ်လ်ဒီရုံး ထဲ ၀င်ပုန်း တာကြောင့် ရုံးကို ဖျက်ဆီး သွားကြောင်း တို့ကို အန်အယ်လ်ဒီ တိုင်း အလုပ် မှုဆောင် က ပြောသည်ဆိုပြီး RFA ကလွှင့်ခဲ့ ပါတယ်။ 



သံဃာ၊ပါတီ၊ရဲ၊ ပြည်သူ ပါတဲ့ ကိစ္စဖြစ်တာက တစ်ကြောင်း၊ သတင်းမှာ အပြည့်အစုံ ရေးသားမှု မရှိတာက တစ်ကြောင်း မို့ စုံစမ်းကြည့်တဲ့အခါမှာတော့ အင်တာနက်ပေါ်တက်လာတဲ့ သတင်းနဲ့ မြေပြင်သတင်းဟာ တစ်ခြား စီ ဖြစ်နေကြောင်း သိရပါသည်။ ဖြစ်စဉ်မှာ ရွာသားများ စုပေါင်းထည့်ဝင်ပြီး လုပ်ထားတဲ့ ကိုယ်ထူ ကိုယ်ထ မီးလင်းရေးစနစ်ကို အဆိုပါ ဦးကောသလက ချုပ်ကိုင်ထားကြောင်း၊ ဘုန်းကြီးနှင့် ရွာသားများ စကား များ ကြကြောင်း၊ ဘုန်းကြီး အုပ်စု၊ လူအုပ်စုကွဲကာ ပြဿနာဖြစ်ကြရာမှ ရဲများက ထိန်းသိမ်းခြင်းသာ ဖြစ်ေ ကြာင်း၊ အန်အယ်လ်ဒီ ပါတီမှာ လုပ်ကြံလီဆယ်ပြီး ရဲမှ ၀င်ရောက် ဖျက်ဆီးသည်ဟု သတင်း လွှင့်ကြောင်း တို့ကို သိရပါသည်။ 

အဆိုပါ ဘုန်းကြီးသည် ထီးတော်လှုပ်ဘုရားမှ ဘုရားငွေများကို ကိုယ်ကျိုးအတွက် အသုံးပြုကြောင်း၊ တိုင်းမန်နေ ဂျာ၏ ကားကို အပိုင်စီးခြင်း၊ တပည့်များမွေးခြင်း၊ ရိုင်းစိုင်းစွာ ပြောဆိုခြင်းများ ရှိပြီး အန်အယ်ဒီ ပါတီ အား အဓိက ပံ့ပိုးသူ ဖြစ်ကြောင်း သိရသည်။ ယခုအခါ အဆိုပါ ဘုန်းကြီးအား ဒေသခံများမှ လုယက် မှု၊ ငွေကြေး မှု များဖြင့် တရားစွဲရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။ အန်အယ်လ်ဒီ ပါတီနှင့် RFA သတင်းတို့၏ စိတ်ဓာတ်ကား အံ့သြသင့်ဖွယ် ဖြစ်သည်။ 

ရဲကပဲ နှိပ်စက်သယောင် ရေးလိုက် ပြောလိုက်သည့် အပြင် အိမ်ကို ရုံးလုပ်ထားသည် အန်အယ်ဒီက ရုံးအသစ် ဆောက်ဖို့ အတွက် ၈ တန်းကျောင်းသားလောက်အသိ မရှိတဲ့ ဥာဏ်နဲ့ ရဲတွေ သူတို့ရုံးကို ဖျက်ဆီးပါတယ်လို့ အသံလွှင့်ခဲ့ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်