Tuesday, February 26, 2013

မင်းပြားမြို့ နယ် ၊ တရဂူ(ရွာဟောင်း)တွင် စိတ်မနှံ့သူတစ်ဦး၏ သတ်ဖြတ်မှု ကြောင့် လူ(၆)ယောက် သေဆုံးဒဏ်ရာရစေသည့် လူသတ်မှုဖြစ်ပွား

Posted by drmyochit Tuesday, February 26, 2013, under | No comments

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ် ၊ ကျွဲချိုအုပ်စု ၊ တရဂူ(ရွှာဟောင်း)တွင် ယနေ့ နံနက်(၇)နာရီခန့် က စိတ် မနှံသူ တစ်ဦး၏ သတ်ဖြတ် မှုကြောင့် သူ့ မိဘ အပါ အ၀င် လူ(၆)ယောက် သေဆုံး ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားပုံမှာ 

တရဂူရွာဟောင်းတွင်ယနေ့ နံနက်(၇)နာရီခန့် က ချင်းတိုင်းရင်းသားတို့ ၏ ရိုးရာ နတ်ကနား ပွဲကျင်း ပနေစဉ် စိတ်မနှံသူ မောင်မြထွန်း (တရားခံ)က စိတ်ဖေါက်ပြန်ကာ နတ်ကနားပွဲအတွင်းသို့  ၀င်ရောက် လာပြီး နတ်ကနားပွဲမှ နီးစပ်ရာ လူများ အား သူ့ နှင့် အတူ ပါလာသောဓါးရှည်ဖြင့် ခုတ်သတ်ခဲ့ကြောင်း သိရသည်။ထိုခုတ်သတ်မှုကြောင့် သူ့ မိခင်(တရားခံမောင်မြထွန်း၏မိခင်)အပါအ၀င် လူ(၅)ယောက်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး တစ်ဦးမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။ထိုဒဏ်ရာသူများအား မင်းပြားမြို့ ၊ ပြည်သူ့ ဆေးရုံကြီးသို့ နံနက်(၁၀)နာရီခန့် လောက်တွင်ရွာလူကြီးများနှင့်အတူ ရွာသားများက ဆေးရုံသို့ ယူဆောင်လာခဲ့ကြောင်း သိရသည်။သို့ သော်လည်း ဒဏ်ရာ အပြင်းထန် ရရှိသူ(၃)ဦး အားယခု အခါစစ်တွေဆေး ရုံသို့ အချိန်မီပို့ ဆောင်နိုင်ရန် ပြင်ဆင်လျှက်ရှိကြောင်း ဆေးရုံတာ ၀န်ရှိသူများ ၏ပြောကြားချက် အရသိရပါသည်။

အခင်းဖြစ်ပွားမှုကြောင့် သေဆုံး၊ဒဏ်ရာရရှိစာရင်း
----------------------------------------------------
သေဆုံးသူ - ဦးဖိုးမြင့် (အသက်-၅၁)နှစ်- (ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)

ဒဏ်ရာရသူများ - (၁)ဦးကျော်သန်း(အသက်-၅၂)နှစ်-(ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
(၂)ဒေါ်မချော-တရားခံ၏မိခင်(အသက်-၆၀)နှစ်-( ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
(၃)ဒေါ်မသန်းမြ(အသက်-၅၂)နှစ်- (ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
(၄)ဒေါ်မကြာ(အသက်-၅၅)နှစ်- (ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
(၅)စောယဉ်စိန်-နတ်ကတော် ( အသက်-ရ၈)နှစ်-(ရခိုင်တိုင်းရင်းသား -မင်းပြား)
ယခုအခါ စိတ်မနှံသူတရားခံ မောင်မြထွန်းအား မင်းပြား ၊ပြည်သူ့ ရဲတပ်ဖွဲ့ မှ ဖမ်းဆီးထိန်းချုပ်ထားကြောင်း
သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်