Tuesday, February 26, 2013

ကလေးငယ် ၇ ဦးကို ခိုင်းစားနေတဲ့ မြန်မာ ၃ ဦး ထိုင်းရဲက ဖမ်းလိုက်ပြီ

Posted by drmyochit Tuesday, February 26, 2013, under | No comments


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အဓမ္မခိုင်းစေမှုနဲ့ မြန်မာ နိုင်ငံသား ၃ ဦးကို ဖမ်းဆီး ရမိ ခဲ့တယ်လို့ ခုမ်းချတ်လိုတ် ထိုင်း သတင်းမှာ ဖော်ပြသွားပါတယ်။

ဘန်ကောက်မြို့ ထောင်းလော်ရပ်ကွက် အေကမိုင်း လမ်းဘေးတေလျှာက်မှာ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေ ချိုချဉ်လိုက်ရောင်းနေတယ်လို့ သတင်းပေး ချက်အရ ထောင်းလော် ရဲစခန်းက  ခြေရာခံ လိုက်ခဲ့ရာမှာ  ကလေးတွေကို ခိုင်းစားနေတဲ့  ဆွန်လုန်ရပ်ကွက် ဖတ်ထနားကန် လမ်းသွယ် ၂၀ က  မြန်မာ ၃ ဦးကို မနေ့ည ၆ နာရီက  ဖမ်းမိခဲ့တာလို့ ထောင်းလော် ရဲစခန်း တာဝန်ကျ ရဲမှူးကြီး ဗိုလ်မှူး ကျတ်ကျွန်း ကရတ်က ပြောပါတယ်။


အဆိုပါ မြန်မာ နိုင်ငံသား ၃ ဦးဟာ ကိုစိုးနိုင် (အသက် ၂၉) နှစ်၊ မရှိုဒါး (အသက် ၃၄) နှစ် နဲ့ မဖှာ့သီတာ (အသက် ၃၆) နှစ်တို့ဖြစ်ပြီး  ကလေးငယ်တွေကို  လမ်းဘေးမှာ ဈေးရောင်းခိုင်းတာ ဟုတ်မှန်ကြောင်း၊ အေက မိုင်းလမ်းမှာ ကလေးတွေကို ချိုချဉ်ဘန်းတွေနဲ့ လွှတ်ထားပြီး အချိန်တန်ရင် တိုက်ခန်းကို   ပြန်ကြိုခဲ့ကြောင်း  ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အိမ်ထဲမှာ သူတို့ ခိုင်းစားနေတဲ့  အသက် ၁၅ နှစ်အောက် မြန်မာကလေးငယ် ၇ ဦးကို တွေ့ခဲ့ပြီး ဆိုင်ကယ် ၁ စီး၊ ငွေသား ထိုင်းဘတ် ၁၂၂၀ နဲ့ ချိုချဉ် ၁၇ ထုပ်ကို သက်သေခံပစ်စည်းအြဖစ် သိမ်းဆည်း ခဲ့တယ်။

တရားခံ ၃ ဦးကို လူကုန်ကူးမှုနဲ့ လိုအပ် သလို ဆက်လက်အရေးယူဖို့ ရဲ စုံစမ်း စစ်ဆေးရေးအဖွဲ့ လက်ထဲ အပ်ထားပြီး ကလေး ၇ ဦးကိုတော့ လူမှုဖွံ့ဖြိုးရေးနဲ့ မနုဿလုံခြုံရေး ၀န်ကြီးဌာနကနေ  ခေါ်ယူစောင့်ရှောက်ပေးဖို့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေဆီ အကြောင်းကြားထားတယ်လို့ ရဲမှူးကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။

DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်