Tuesday, February 26, 2013

ကချင်ပြည်ဆိုသော စာတမ်းအား မိုးညှင်းမြို့ ဒေသခံပြည်သူများ ဘ၀င်မကျ

Posted by drmyochit Tuesday, February 26, 2013, under | No comments


ပြည်တွင်းစစ် ရပ်စဲရေးနှင့် စစ်ဘေး သင့်ပြည်သူ များကို ကူညီရေး ဟူသော ရည်ရွယ် ချက်ဖြင့်    လွတ်လပ်ငြိမ်း ချမ်းပန်းရဲ့ လမ်း  (လူမှုကွန်ရက်) တေးဂီတဖျော်  ဖြေရေးအဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းနှင့် ၂၃ ရက် နံနက်ပိုင်းတို့တွင် “ကချင်ပြည်နယ်” မိုးညှင်းမြို့အတွင်းသီဆိုဖျော်ဖြေ ခဲ့ကြသည်။


ငြိမ်းချမ်းရေး ကိုလိုလားကြ သော မိုးညှင်းမြို့ဒေ သခံပြည် သူ  များ၊ ကချင်ပြည်နယ်အတွင်းခရီး သွားပြည် သူများ တစ်ခဲနက်လာ ရောက်အားပေးမှုကြောင့် ရန်ပုံ ငွေအများအပြားရရှိခဲ့ပြီး ဒေသခံ  လူမှုရေး အ သင်းအဖွဲ့ များကလည်း လိုအပ်သော အကူ အညီများ ပံ့ပိုး ပေးခဲ့ သည်။

သို့သော်၎င်း တို့ဖျော်ဖြေရေး အဖွဲ့၏ လိုဂိုအမှတ်အသားထိပ် မှာ  “ကချင်ပြည်ခရီးစဉ်”ဆိုသော စာတမ်းတစ်ခုကြောင့် မိုးညှင်းမြို့ ဒေသခံပြည်သူအများအပြားစိတ်   မချမ်းမြေ့ဖွယ်ရာဖြစ်ခဲ့ရကြောင်း  ဒေသခံအချို့ကပြောသည်။

“ကချင်တောင်တန်းဒေသဟာ  ပြည်နယ်တစ်ခုသာဖြစ်ပါတယ်။ သီးခြားပြည်တစ်ခုမဟုတ်ပါဘူး။ မြန်မာပြည် အတွင်းက ပြည်နယ်  တစ်ခုပါ။ အင်္ဂလိပ်ခေတ်ကိုလိုနီ လက်ထက်ကတည်းက တောင်း တန်းပြည် နယ်နဲ့ မြေပြန့်ပြည်မဆို  ပြီးခွဲခြားခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ကြိုးပမ်းမှုကြောင့်ပြည်နယ်၊ ပြည်မ မခွဲခြား ဘဲနဲ့ ပင်လုံစာချုပ်  မှာသက်သေထူထားခဲ့ပါတယ်။

အခုတော ဒီ “ကချင်ပြည်” ဆိုတဲ့ စာတမ်းဟာပြဿနာတစ် ရပ်အတွက်လှုံ့ဆော်ပေးသလိုခံစား  ရပါတယ်။ ပြီးတော့ သူတို့အဖွဲ့   ထဲက လူတချို့ရဲ့ ရင်ဘတ်ပေါ် မှာပါတီနိုင်ငံရေးအဖွဲ့တစ်ခုရဲ့ ရင်ထိုးတံ ဆိပ်တွေတွေ့ ရတဲ့အတွက်   စိတ်မကောင်းဖြစ်ရပါတယ်။ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ စစ်ဘေး သင့်ပြည်သူ များအားကူ ညီရေးဆို ပြီး ဖျော်ဖြေခွင့်ရရှိအောင်ဆောင် ရွက်ထားပေမဲ့ အရောင်အသွေး  ရှိတဲ့ သဘောမြင် ပါတယ်”ဟု ဒေသခံတစ်ဦးက ၎င်း၏အမြင် သဘောထားကိုပြောဆိုခဲ့သည်။


သစ္စာ(မိုးညှင်း)
Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်