Tuesday, February 26, 2013

ပြင်ဦးလွင်မြို့နယ်အတွင်း၌ EPC အယောင်ဆောင်၍ ငွေကြေးလိမ်လည်တောင်းခံမှုများရှိလာ

Posted by drmyochit Tuesday, February 26, 2013, under | No comments


ပြင်ဦးလွင်မြို့ရှိကျေးရွာများ၌ အစိုးရ လျှပ်စစ် ၀န်ထမ်း အယောင်ဆောင်၍ ပိုက်ဆံ လိမ်လည် တောင်း ခံမှု များ အဖြစ်များ လာကြောင်း ဒေသခံ များထံ ကသိရသည်။

၎င်းတို့ ပိုက်ဆံတောင်းပုံမှာ ဓါတ်တိုင်နှင့်အိမ် ကိုက်သုံးရာကျော်လျှင်မီးကြိုးဆွဲ၍ မရခြင်းများ အတွက် ပိုက်ဆံ မည်မျှပေး ပါက  မီးကြိုး ဆွဲပေး မည်ဟု ဆိုကာ ပိုက်ဆံ လိမ်လည် ယူသွားခြင်း ဖြစ်သည်။


“ကျွန်တော်တို့ အိမ်က ဓါတ်တိုင်နဲ့ တော်တော်ဝေးနေတော့ မီးကြိုးဆွဲလို့ မရသေးဘူး၊ အဲ့ဒါ လူနှစ်ယောက် ကEPC ကလို့ပြော တာပဲ၊ သူတို့ မီးဆွဲပေး မယ်ဆို တာနဲ့ ပိုက်ဆံနှစ်သိန်းပေး လိုက်တယ်။ပြီးတော့ ပေါ်ကိုမ လာတော့ ဘူး” ဟု နောင်ခမ်းကြီးကျေးရွာမှ အလိမ်ခံရသူတစ်ဦးကပြောသည်။

 ယင်းအဖြစ်များမှာ ယခင်အချိန်က ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ၂၀၁၂ နောက်ပိုင်းကျေးရွာများတွင် ကိုယ်ထူ ကိုယ်ထ မီးလင်းရေးလုပ်ပြီးသည့်အချိန်ကျမှထိုကဲ့သို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

“ကျွန်တော်တို့ ရွာသူရွာသားတွေကလည်း တောသားတွေဆိုတော့ ၀န်ထမ်းဆိုတာနဲ့ယုံပြီးတော့ မီးရအောင်လုပ်ပေးမယ်ပြောတာနဲ့ ပိုက်ဆံကြိုပေးထားလိုက်ကြတာပဲ။” ဟုနောင်ခမ်းကြီးကျေးရွာ မှ ဒေသခံ တစ်ဦးကပြောသည်။

အခြား မြို့တွင်း၌ နီးစပ်သည့်ကျေးရွာများ၌မူ ရိုးရိုးမီတာအား ဒီဂျစ်တယ် မီတာပြောင်း တက်ပေး မည်ဟုဆို ကာ ပိုက်ဆံလိမ်တောင်းခံမှုများလည်း ရှိနေသည်ဟု ဒေသခံတို့က ဆိုသည်။

ထိုကိစ္စများနှင့်ပတ်သက်၍ ပြင်ဦးလွင်ရဲစခန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ၌ငွေလိမ်ခြင်းများအတွက် ရဲစခန်းသို့ လာရောက်တိုင်ကြားခြင်းများ မရှိသေးကြောင်းကိုလည်းသိရသည်။

“ကျွန်တော် တို့ကလည်း သူတို့လာအမှုဖွင့်မှ သိရတာဆိုတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတိုင်တန်းထားတာ မရှိသေး ပါဘူး” ဟုပြင်ဦးလွင်ရဲစခန်းမှ ရဲတစ်ဦးကပြောသည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်