Tuesday, February 26, 2013

စကားတွေ အများကြီးပြောနေသော ဓာတ်ပုံတစ်ပုံ

Posted by drmyochit Tuesday, February 26, 2013, under | No comments


၁၉၆၃ ခုနှစ်က ထုတ်ဝေဖြန့်ချိခဲ့သော  စာရေးသူ ၏ဖခင် လန်ထောင်ဦးစပ်စုရေး သားခဲ့သည့် “ဦးစပ်စု၏ ၇၅ နှစ်အကြား ၄၉ နှစ်အမြင် မြန်မာပြည်” စာအုပ်မှ အောက်ပါဆောင်း ပါးတိုလေး ကို ဖတ်ရှု ကြည့်ပြီး ဖော်ပြထား သည့်ဓာတ် ပုံကို လေ့လာကြည့်စေလိုပါသည်။


ပင်လုံဒေါ်နုရင်နှင့် ဆီချက်ခေါက်ဆွဲ

ထိုစဉ်က အဖွဲ့တစ်ဖွဲ့ရှိသည်။ ဤအဖွဲ့မှာ တပ်ပေါင်းစုံအမျိုးသမီးချီးမြှင့်  ရေးအဖွဲ့ဝင်ဖြစ်ပါသည်။ ယင်းအဖွဲ့ ထဲတွင်  ကျွန်ုပ်၏ဇနီးနှင့် တကွ ခယ်မ၊ မရီးများ ပါပါဝင်ကြလေသည်။ ကြီးမှူးစီစဉ်ညွှန် ကြားသူ က ပင်လုံဒေါ်နုရင်၊ အမျိုးသား ဘက်ကဆိုလျှင် ကျွန်ုပ်စပ်စု၊ အိန်္ဒိယ အမျိုးသားဘာဘူကြီး၊ ဗမာအမျိုး သားထဲ   ကဆိုပါလျှင် ဦးဘသွင်တို့ဖြစ်ပါသည်။ ဤအဖွဲ့သည်မင်္ဂလာဒုံစစ်ဆေးရုံသိုတက် ရောက်ကု သနေသော လူနာ များအား သူတို့စားသောက်လိုသည့်အစာအာဟာ ရကို တစ်လလျှင် တစ်ကြိမ်ကျွေးမွေး လှူဒါန်း  ပါသည်။

တစ်ကြီမ်က မှတ်မှတ်ရရကျွန်ုပ်နှင့် ပင်လုံဒေါ်နုရင်သည် ၂၄ လမ်းသို့လာ၍ ကားဖြင့် ဆီချက်ခေါက် ဆွဲများကို သယ် ရလေသည်။ ကားထဲ၌ ပစ်္စည်းဥစ်္စာများ  ပြည့်လျှံ၍နေလေသည်။ ထိုင်ရသောလူ မှာလည်း ဘေးသို့ မလှည့်သာအောင်ပင် ကျပ်ကျပ်တည်းတည်းဖြင့် လိုက်လာရ ၏။  ၂၄ လမ်းမှ မင်္ဂလာဒုံအထိ ခရီးကား နီးလှသည်မဟုတ်၊ တစ်လမ်းလုံး ဤအတိုင်း ပင်လိုက်ပါလာခဲ့ရ၏။ တစ်ကိုယ်လုံးတွင် လည်း ချက်ပြီးသော ဆီများ ပေကျံကုန်၏။

မင်္ဂလာဒုံ စစ်ဆေး ရုံသို့ရောက်လေသော အခါကျွန်ုပ်ခါးသည်မဆန့်နိုင်တော့ပေ၊ ပင်လုံ ဒေါ်နုရင်လည်း ဤအတိုင်း ပင်ဖြစ် နေပါ၏။ သို့သော် သူကပြုံးရွှင်ရယ်မော ကာ “ဦးစပ်စုဒီလိုသူများအကျိုးကို ပင်ပင် ပန်းပန်းဆောင် ရွက်တာကုသိုလ်ရတယ်”ဟူ ၍ ပြောပြပါသည်။ ကျွန်ုပ်ခါးကိုက်သော ဒဏ်သည်တစ် ပတ်တိတိပင် ခံစားရလေ သည်။ သို့ကလိုဖြစ်သော်လည်း ကျွန်ုပ်က   စိတ်မပျက်ပါ။ အခါအခွင့် သင့်လေတိုင်း  ယင်းကဲ့သို့သော ကူညီမှုမျိုးကို ပြုပေဦး မည်။ ပြုလည်း ပြုနိုင်ပါစေဟူ၍ ဆုတောင်းပါ၏။

သည်ကိစ္စမျိုးပြုလုပ်ပါလျှင် ကျွန်ုပ်  အဖို့ မမောနိုင် မပန်းနိုင်။ ချွေတစ်လုံးလုံး   နှင့် ပြုလုပ်နေတတ်ပါသည်။ တစ်ကြိမ်  တစ်ခါတွင် ဤအမျိုးသမီးများထဲ ကျွန်ုပ် တစ်ယောက်တည်းက အမျိုးသားဖြစ်လင့် ကစားလိုက် ပါဆောင်ရွက်ခြင်းအမှုကို  ပြုလေသည်။ ယင်းသို့ပြုလုပ်ရင်း တပ်မ တော်သားများသည် တိုင်းပြည်အတွက် ကာကွယ်ရင်း ထိခိုက်ဒဏ်ရာရခြင်းကို များစွာ ကရုဏာဖြစ်မိသည်။ ဂုဏ်လည်း ယူမိသည်။ ဤစိတ် ဓာတ်ကြောင့်ပင်  ကိုယ်တိုင်ကိုယ်ကျ မောရပန်းရမှန်းမသိ  အောင်ပင်အကူအညီပေးမိခြင်းဖြစ်ပါ သည်။

ဂျပန်တော်လှန်ရေးကာလ၀ယ်ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူဗမာ့တပ်မတော်  အကျိုးအတွက် ထမ်းဆောင် ခဲ့ဖူးသည်။  လွတ်လပ်ရေးရပြီးအချိန်တွင်လည်း ဗမာ့  တပ်မတော်အတွက် ကျွန်ုပ်နှင့် အမျိုးသမီး  ခေါင်းဆောင်ပင်လုံဒေါ်နုရင်နှင့် ပခုံးချင်း ယှဉ်တွဲ၍ ဆောင်ရွက်ရပြန်လေသည်။

ထိုဓာတ်ပုံသည် ထိုစဉ် (၁၉၄၉-၅၀)က မြန်မာအမျိုးသမီးများ၏  ထိုစဉ် ကမြန်မာ့တပ် မတော် အပေါ်လေးစား အားကိုး ဂုဏ်ယူ ဂုဏ်ပြု ခဲ့ကြသည့် သက်သေ သာဓက များဖြစ် ပါသည်။ အထူး  သဖြင့် ပထမဓာတ် ပုံသည်မြန်မာတစ်ပြည်  လုံးရှိအမျိုးသမီးထုကြီး၏ကိုယ်စားပင်လုံ  ဒေါ်နုရင်၊ ပင်လုံဒေါ်ကြည် ကြည်၊ ဗိုလ်ချုပ်  အောင်ဆန်း၏ဇနီးဒေါ်ခင်ကြည်နှင့် သားသမီးသုံးယောက်၊ ၀န်ကြီးချုပ်ဦးနု၏  ဇနီးဒေါ်မြရီ တို့ ဦးဆောင်၍ တပ်မတော်  သားများအပေါ် လေးစားအားကိုး ဂုဏ်ယူဂုဏ်ပြုခဲ့ကြသည်ကို ထင်ရှားပေါ် လွင်စေ ပါသည်။ မြန်မာကိုချစ်သော၊ မြန်မာ့တပ်မတော်ကိုချစ်သော မြန်မာ ပြည်နေတရုတ်၊ အိန်္ဒိယ လူမျိုးပေါင်း စုံ၏   ပါဝင်ပူးပေါင်းကူညီမှုကိုလည်း တွေ့နိုင်ပါ သည်။ အထူးသဖြင့်ပြုံးရွှင်နေသော အမေ  ဒေါ်ခင်ကြည်နှင့် သားသမီးသုံးယောက် ဖြစ်ပါသည်။ အမေဒေါ်မြရီ၏ ပေါင်ပေါ်   တွင်ထိုင်နေသော ရင်ဖုံး အင်္ကျီရှည် အဖြူ၊   အထက်ဆင့်ထဘီလေးနှင့် နောင်အခါ ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာမည့်ဗိုလ် ချုပ်အောင်ဆန်း၏ သမီးငယ်လေးကိုလည်း တွေ့နိုင်ပါသည်။ ပင်လုံစိတ်ဓာတ်ရှိကြသူ များ၏ ထိုစဉ်က ဗမာ့တပ် မတော် အပေါ် လေးစားအားကိုးဂုဏ်ယူဂုဏ်ပြုခဲ့ကြသည့်  အထောက်အထားဖြစ်ပါသည်။ 

အမေ ဒေါ်ခင်ကြည်မိသားစု၏ အိန်္ဒိယနိုင်ငံဆိုင် ရာမြန်မာသံအမတ်ကြီးအဖြစ်တာဝန်မ ထမ်းဆောင်မီ မိခင်နှင့် ကလေးစောင့်ရှောက်  ရေးဌာန၀န်ကြီး၊ လူမှုဝန်ထမ်းစီမံကိန်း ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စု အမျိုးသမီး   များအဖွဲ့၏ဥက္ကဋ္ဌ၊ စသောတာဝန်များနှင့် အတူ မြန်မာ့တပ်မတော်အကျိုးအား တက် သရောဆောင် ရွက်ခဲ့ကြသည့်မှတ်တမ်း လည်းဖြစ်ပါသည်။

ဤဓာတ်ပုံသည် ဒေါ်အောင်ဆန်း စုကြည်အတွက်

“ကျွန်မ ငယ်စဉ် ကတည်းက ပင်လုံ စိတ်ဓာတ်ရှိတဲ့ လူကြီးသူမတို့ရဲ့အုပ်ထိန်း စောင့်ရှောက်မှုအောက်မှာ တိုင်းပြည် အတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ တပ်မတော်သားတွေကို ကိုယ်တိုင်ကိုယ်ကျ ဂုဏ်ပြုချီးမြှင့် လှူဒါန်းထောက်ပံ့ခဲ့ဖူးပါတယ်” ဟူ၍ ပြန်လည်ပြောကြားနေပါသည်။

ဤသို့ “စကားတွေအများကြီးပြော နေသောဓာတ်ပုံ” ကို အဖေအမေတိုထံမှ  အမွေရှိခဲ့သဖြင့် ကျွန်တော် လန်ထောင်စပ် စုလေးက ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ် အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသောအား ဖြင့် မြန်မာနှင့် ကမ္ဘာ သို့ဖြန့်ချိ အပ်ပါ သည်။

“ဒေါ်အောင်ဆန်း  စုကြည်၏ (၆၂) နှစ်မြောက်မွေးနေ့နှင့် မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်   အဖြစ် (မဟာဂန္ဓာ ရုံဆရာတော်ဘုရားကြီး  ၏ “ကလေးအရွယ်လိမ်မာနှင့်ပါမှ ကြီးရင့် က လိမ်မာမည်” ကဗျာအ လိုက် အတိုင်း  ဂုဏ်ပြုစပ်ဆိုထးသည့်ကဗျာနှင့်အတူ) ထပ်မံဂုဏ်ပြုဖြန့်ချိအပ်ပါသည်။

ကလေးအရွယ်လိမ်မာနှင့် ပါမှ ကြီးရင့်က လိမ်မာမည်၊
အလိမ်မာပြည်ထောင်စုနိုင်ရေး၊ ကြိုးပမ်းဆောက်တည်၊
ပြည်ထောင်စုဒီမိုကရေစီ၊ တည်စေ ဖို့စိတ်စော၊
ဇွဲသတ်္တိဉဏ်ပညာနဲ့ သည်းခံသတိ မေတ္တာပြည့်လို့ရယ်၊
အလိမ်မာတစ်ဆင့်ထမ်း နမူနာ အသင့်ကမ်း၊ စွမ်းဆောင်စေသောင်။
ကိုယ်နှုတ်ယဉ်ကျေး၊ စိတ်ဖြူဖွေးဖြင့်  အေးငြိမ်းချမ်းသာရကြပါစေ။


လန်ထောင်စပ်စုလေး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်