ရခိုင်ပြည်နယ်
မြေပုံမြို့နယ် မွတ်ဆလင် ဒုက္ခစခန်းတွင် အချင်းချင်း ခိုက်ရန် ဖြစ်ပွားရာမှ
ဓါးခုတ်မူ ဖြစ်ပွားရာတစ်ဦး ဒဏ်ရာရပြီး ၇ ဦးကို ရဲက ဖမ်းဆီးသွားသည်ဟု သိရသည်။ NLD ပါတီ မြေပုံမြို့နယ် အမျိုးသမီးခေါင်းဆောင် ဒေါ်မပုချေက ယခုလို ပြောသည်။ “ ဖြစ်တာက
ဒီဇ င်္ဘာလ ၆ ရက်နေ့က ဖြစ်ပွားတာ ဖြစ်ပါတယ်။
ဦးစံသိန်းဆိုတဲ့
မွတ်ဆလင် တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားတယ်လို့ သိရပါတယ်။ အခင်း ဖြစ်ပွား ရာမှာ
ပါဝင်တဲ့ နောက်ထပ် မွတ်ဆလင် ၇ ဦးကိုတော့ ရဲက ဖမ်းဆီးလိုက်ပါတယ်” ဟု ဆိုသည်။ ဦးစံ
သိန်းမှာ ဒဏ်ရာ ပြင်းထန်သော်လည်း လုံခြုံရေး အရ ဆေးရုံကို မတင်နိုင်ဘဲ မြို့နယ်
ပြည်သူ့ ဆေးရုံ ဆေးအဖွဲ့ တစ်ခုက နေ့စဉ် သွားရောက် ကုသ နေရသည်ဟု ဆိုသည်။
“ ဦးစံသိန်းမှာ သုံးလေးချက်တော့ ချုပ်ရတယ်လို့ ပြောပါတယ်။ သေနိုင်လောက်အောင်ထိတော့ မပြင်းထန် ဘူးလို့ ကြားရ ပါတယ်။ ဖမ်းဆီး ခံထား ရတဲ့ သူတွေရဲ့ နာမည် ကိုတော့ မရပါ။ အခု ရဲစ ခန်းမှာ ရှိနေပါတယ်” ဟု သူမက ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် အတွက် ရဲစခန်းသို့ ဆက်သွယ်သော်လည်း ယခု အချိန်ထိ အဆက်အသွယ် မရရှိသေးပါ။
နိရဉ္စရာသတင်းဌာန
Time in Rangoon


0 comments:
Post a Comment