Monday, December 10, 2012

ခုခံအားကောင်းအောင် ဒီအစာတွေစားပါ

Posted by drmyochit Monday, December 10, 2012, under | No comments



 ကျွန်တော်တို့ ခန္ဓာကိုယ်မှ ရောဂါကို ခုခံနိုင်တဲ့ အစွမ်းထက် ဓာတု ပစ္စည်းတစ်ခုကို Interferon လို့ခေါ်ပါတယ်။ သူ့ရဲ့ အလုပ်ဟာ ခန္ဓာကိုယ် အတွင်း ဗိုင်းရပ်စ်တွေ တိုးပွားလာတာကို ရပ်ဆိုင်းအောင် လုပ်ဖို့ပါ။ဒီလို လုပ်တာကြောင့် ဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်လာတဲ့ ရောဂါမှန်သမျှကို ရပ်ဆိုင်း သွားစေနိုင်ပါတယ်။ ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေ ခန္ဓာကိုယ်တွင်း ပိုများလာတိုင်း လက်ဖက်ရည်မှာ ပါဝင်တဲ့ L-theonineဟာ ခုခံအားစနစ်မှ Interferonကို ပုံမှန်ထက် ငါးဆ ပိုထုတ် ပေးနိုင်ပါတယ်။ လက်ဖက်ခြောက် အမည်း၊ အဖြူ နဲ့ အစိမ်းရောင် အားလုံးမှာ L-theonine ပါဝင်ပါတယ်။


မှို
မှိုမှာ ခုခံအားစနစ် ကောင်းစေတဲ့ ဗီတာမင်ဒီ ပါဝင်ရုံမက ခုခံအားစနစ်အတွက် လိုအပ်တဲ့ polysaccharides တွေလည်း ပါဝင်ပါတယ်။ Polysaccharides တွေဟာ ရောဂါပိုးတွေကို သဘာဝအလျောက် သေစေနိုင်တဲ့ Cells တွေကို ၅၀ ရာခိုင်နှုန်းထိ တိုးပွားစေနိုင်ပါတယ်။ ဒါ့ပြင် မှိုဟာ ဘက်တီးရီးယားကို သေစေနိုင်တဲ့ defensins ခေါ် antimicrobial peptides ကိုလည်း ထုတ်လုပ် ပေးနိုင်ပါတယ်။ ရောဂါပိုးကို တွန်းလှန်နိုင်ဖို့ မှိုကို အများကြီး စားစရာ မလိုပါဘူး။ ခွက်တစ်ဝက်စာ ၆၀ ဂရမ်လောက်ဆို လုံလောက်ပါတယ်။

ဆီးသီး
ဆီးသီးဟာ blueberry သီးလိုမျိုး ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်မှု အများဆုံးအစာပါ။ ဆီးသီးတစ်လုံးမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းပမာဏဟာ လက်တစ်ဆုပ်စာ blueberryသီးနဲ့ ပမာဏချင်း တူညီပါတယ်။
ကိုယ်ခံစွမ်းအားကောင်းစေမည့် နည်းငါးသွယ်

ဘဝမှာ ကျန်းမာ ပျော်ရွှင်ချင်တယ် ဆိုရင်တော့ ဦးနှောက်၊ စိတ်ဓာတ်၊ ဘဝတက်လမ်း၊ အသည်းနဲ့ ဆက်ဆံရေး တွေမှာ ကိုယ်ခံစွမ်းအား ကောင်းမွန်စွာနဲ့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ဖို့ လိုအပ်ပါတယ်။
သင့်ဦးနှောက်ကို အားဖြည့်ပါ။

သီချင်းတိုးတိုးလေး နားထောင်ရင်း ဦးနှောက်ရဲ့ ဖိစီးမှု ဖြစ်ပေါ်နေတဲ့အပိုင်းကို ဖြေလျှော့ပေးပါ။ အေးငြိမ့်နေတဲ့ သံစဉ်ဟာ နားမှတစ်ဆင့် စိတ်ရှုပ်ထွေးနေတဲ့ ဦးနှောက်ဆီ ရောက်ရှိကာ စိတ်ပြေလျော့ သွားစေပါတယ်။
သင့်စိတ်ဓာတ်ကို အားဖြည့်ပါ။

နာနတ်သီးစိတ်ကို စားပေးပြီး အတိတ်ရဲ့ ပျော်ရွှင်ဖွယ်ရာ အရိပ်တွေကို တွေးတော လိုက်ရင် ကြည်နူးမှုကို ပိုမိုရရှိစေပါလိမ့်မယ်။ အတိတ်ရဲ့ အမှတ်ရဖွယ်ပုံရိပ်တွေဟာ ပစ္စည်းဥစ္စာတွေထက် ပိုပျော်ရွှင်စေပါတယ်။ နာနတ်သီးမှာ မှတ်ဉာဏ်စွမ်းအား ကောင်းမွန်စေတဲ့ မဂ္ဂနိစ်အများအပြား ပါဝင်နေပါတယ်။
သင့်ဘဝတက်လမ်းကို အားဖြည့်ပါ။

အနက်ရောင် ဘယ်ရီသီး ပါဝင်တဲ့ နံနက်စာကို စားပေးတာက အသက်မွေးဝမ်းကြောင်း အလုပ်လုပ်ကိုင် နေသူတွေမှာ တခြားသူတွေ ထက် တွေးခေါ်မြော်မြင်မှု ပိုကောင်းပြီး ပိုအောင်မြင်ကြတာကို တွေ့ရပါတယ်။
သင့်အသည်းကို အားဖြည့်ပါ။

အရက်သောက်မယ့်အစား အကျိုးပြု ဘက်တီးရီးယား ပါဝင်တဲ့ ဒိန်ချဉ် သောက်ပေး နိုင်ပါတယ်။ ရုရှား လေ့လာမှုအရ အရက် အလွန်အမင်း သောက်သူတွေဟာ အသည်းထိခိုက်နှုန်း များတတ်ပေမယ့် အရက် သောက်သော်လည်း ဒိန်ချဉ်သောက်သူတွေ မှာတော့ ခန္ဓာကိုယ်ရဲ့ ချေဖျက်အင်ဇိုင်း အားကောင်းစေကာ အသည်း ထိခိုက်မှု နည်းတာကို တွေ့ရှိရပါတယ်။

သင့်ဆက်ဆံရေးကို အားဖြည့်ပါ။

ငြီးငွေ့ဖွယ်ရာ ကောင်းတဲ့ အချိန်မှာ လူတွေနဲ့ ပေါင်းသင်း ဆက်ဆံရမှာ စိတ်မပါရင် သစ်သီးဖျော်ရည် တစ်ခွက်ကို သောက်ပေးပါ။ သစ်သီးဖျော်ရည်မှာပါတဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ သစ်သီးရနံ့ကြောင့် စိတ်လန်းဆန်း သွားပါလိမ့်မယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်