Monday, December 10, 2012

KIA လက်ထဲမှ ကံကောင်းထောက်မစွာ လွတ်မြောက်လာသူတစ်ဦး

Posted by drmyochit Monday, December 10, 2012, under | No comments


ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံနယ်စပ် ကန်ပိုက်တီးမှ ဆဒုံဘက်သို့ အရပ်သားတစ်ဦး မောင်းနှင်လာသည့် ကားကို KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဒီဇင်ဘာလ(၈)ရက်နေ့တွင် လဖိုင်ရွာအလွန် တံတားညီနောင်အနီးမှာ လောင်ချာဖြင့်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


ကျွန်တော် ထွန်းထွန်းပါ။ အဲဒီနေ့က ကျွန်တော်တရုတ်ပြည်ဘက်ကနေ အထည်လိပ်တွေကို ၁၀ ဘီးကားနဲ့တင်ပြီးတော့ ကန်ပိုက်တီးကနေ ဆဒုံမြို့နယ်ကို မောင်းလာပါတယ်။ ဆဒုံမြို့ကိုကျော်ပြီး တံတား ညီနောင် နားရောက်တော့ KIA ယူနီဖောင်းဝတ်ထားတဲ့ လူ(၅)ယောက်ကို ကားလမ်းဘေး က တောင်ကုန်းပေါ်မှာ တွေ့လိုက် ပါတယ်။ ပြီးတော့ပေါက်ကွဲသံကြားလိုက်ရပြီး ကျွန်တော့်ကားကို တစ်ခုခု လာထိမှန်ပါတယ်။   ကျွန်တော် လည်းကြောက်ကြောက်နဲ့  မြန်မြန်ဆက်မောင်းခဲ့ပါတယ်။  လုကြည်ရွာ နား  ရောက်တော့ ကားရေဖြည့် ရင်းနဲ့ ကြည့်မိတော့ အထည်လိပ်တွေ ကြားထဲမှာ စိုက်ဝင်နေ တဲ့ လောင်ချာ ဗုံးသီး တစ်လုံးကိုတွေ့ရပါတယ်။ တခြားကားသမားတွေကို အကူအညီတောင်းပြီး ထုတ်နဲ့ထိုးချခဲ့ ရပါတယ်လို့ လောင်ချာဖြင့်အပစ်ခံရသူ ကိုထွန်းထွန်းမှ ပြောပြသွားပါတယ်။

ကေအိုင်အေ အကြမ်းဖက် အဖွဲ့ အနေနဲ့ ဗမာ စစ်တပ် ယာဉ်တန်း များကို သာမက ခရီးသွားပြည် သူယာဉ် များ ကိုပါ တိုက်ခိုက်နေပြီး မဲမဲမြင်သမျှ ပစ်ခတ်နေပါတယ်။ KIA မှ ၎င်းတို့ဖျက်ဆီးထားတဲ့ လမ်း၊ တံတားတွေ ကိုပြန်ပြင် ဆောက်တာတွေကိုလည်း လက်မခံဘဲ ဆောက်လုပ်ရေးအဖွဲ့ဝင်တွေကိုလည်း သတ်ဖြတ်ပစ် တယ် လို့ ဒေသခံ များက ပြောပြပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်