Monday, December 10, 2012

အမျိုးသမီးတစ်ဦးမောင်းလာသော စက်လှေငယ်မှမော်တော်အားဝင်တိုက်မိ

Posted by drmyochit Monday, December 10, 2012, under | No comments



ဧရာ ဝတီတိုင်း၊ ပုသိမ်မြို့နယ် သပြုငူ ကျေးရွာ အနီးတွင် နံနက်၁၁နာရီ ၃၀ ခန့်က စက်တပ်ထားသော လှေငယ်မှ မကျီး လဟာ ကျေးရွာမှ ပုသိမ်သို့ ပြေးဆွဲနေသော ချမ်းမြေ့အေး အမည်ရှိ မော်တော်သည်သာပေါင်းမြို့မှ နံနက် ၉ နာရီခန့်တွင် ပုသိမ်သို့ ထွက်ခွာခဲ့ရာ အမျိုးသမီး တစ်ဦးမောင်းနှင်လာပြီး အမျိုး သမီး နှစ်ဦး တင်ဆောင် လာသော စက်လှေ ငယ်မှ သပြုငူ ကျေးရွာ အနီးတွင် အရှိန် မထိန်း နိုင်ပဲ ဝင်တိုက်မိ ကြောင်း သိရသည်။


စက်တပ် ထားသော လှေငယ်ပေါ်မှ အမျိုး သမီးများ ရေထဲသို့ ပြုတ်ကျသွား သော်လည်း အသေအပျောက် မရှိ၊ စက်လှေတွင် တပ်ဆင် ထားသော Honda အမျိုးအစား စက်ငယ် လေးသာ ရေထဲသို့ ပြုတ်ကျ ပျောက်ဆုံး သွားကြောင်း၊ ဟွန်းပေး ပါသော်လည်း အရှိန် မထိန်း နိုင်ပဲ စက်လှေ ငယ်မှ ဝင်တိုက် ခြင်းကိုချမ်းမြေ့အေး စက်လှေ ပေါ်တွင် စီးနင်း လိုက်ပါ လာသော ခရီးသည် များက ရှင်းပြ သော်လည်း အနီး အနား ရွာများမှ ရွာသားများက အတိုက်ခံရသော ချမ်းမြေ့အေး မော်တော်အား ပုသိမ်သို့ ဆက်လက် ထွက်ခွင့် မပေးသောကြောင့် သပြုငူ ကျေးရွာ ကမ်းတွင် ရပ် ဆိုင်း ထားရန် ပြောသောကြောင့် တာဝန် ရှိသူများ လာရောက် ဖြေရှင်း ခြင်းကို စောင့်ဆိုင်း နေရကြောင်း သင်္ကန်း ပင်ဆိပ်မှ ပုသိမ်သို့ စီးနင်း လိုက်ပါလာသူ ကျောင်းသူ ခရီးသွား တစ်ဦးမှ မြန်မာ့ခေတ်သို့ ဖုန်းဆက်သွယ် ပြောကြားသည်။

ကိုစံလင်း(ပုသိမ်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်