အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်သည့်
ယနေ့ဒီဇင်ဘာ ၁၀ ရက်နံနက် ၁၀ နာရီတွင် လက်ပံတောင်းတောင်ကြေး နီစီမံကိန်းသပိတ်စခန်း အကြမ်းဖက်ဖြိုခွဲဖြေရှင်းမှုနှင့်ပတ်သက်၍
Generation Wave(မျိုးဆက်သစ်လူငယ်များ)အဖွဲ့က လူအင်အား ၁၀၀ ခန့်ဖြင့်စီတန်းလှည့်လည်မှုပြုလုပ်ခဲ့သည်။
မြို့တော်ခန်းမရှေ့၊မဟာဗန္ဓုလပန်းခြံနှင့်ဆူးလေဘုရားကိုပတ်ကာစီတန်းလှည့်လည်ရာ နံနက် ၁၁ နာရီမိနစ် ၂၀ ခန့်တွင်ပြီးဆုံးခဲ့သည်။ လက်ပံတောင်းတောင်အရေးနှင့်ပတ်သက်၍ လက်ပံတောင်း တောင် ကြေး နီစီမံကိန်း သပိတ် စခန်းတွင် အကြမ်းဖက်ဖြိုခွင်းမှုအားတရားမျှတစွာဖြေရှင်းရန်၊ အဆိုပါ အကြောင်း အရာနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒပြသူတို့ကို ဖမ်းဆီး ထိန်းသိမ်း ထားခြင်းမှ အမြန်ဆုံး လွှတ်ရန် အချက် များကိုလည်း သဘောထားကြေညာချက် ဖော်ထုတ်တောင်းဆိုခဲ့သည်။
Generation Wave(မျိုးဆက်သစ်လူငယ်များ)အဖွဲ့၏ ဆန္ဒဖော်ထုတ်စီတန်း လှည့်လည်ပွဲသို့ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့မှကိုဌေးကြွယ်တက်ရောက်ခဲ့သည်။
ဓာတ်ပုံ-ကျော်ဇင်သန်း(Facebook)
စာမျက်နှာများမှ
7Day News
Time in Rangoon












0 comments:
Post a Comment