Monday, December 10, 2012

ရဲသားနှုစ်ဦးမှမိန်ကလေးတစ်ဦးအားကားပေါ်တွင် မုဒိမ်းပြုကျင့်

Posted by drmyochit Monday, December 10, 2012, under | No comments


အင်ဒိုနီရှား အမျိုးသမီးတဦး ရိုက်နှက်ခံပြီး မုဒိမ်း ပြုကျင့် ခံရ သည်ဟု စွပ်စွဲမှုမှာ မှန်ကန်မှု မရှိကြောင်း မလေးရှား နိုင်ငံရှိ ပီနန်းမြို့ ရဲဌာန ဘက်မှ ပြောဆိုသည်။ “ကျွန်တော်တို့ အသက် ၂၅ရှိတဲ့ ဒီအမျိုးသမီးကို ပထမဆုံး စစ်ဆေးမေးမြန်းမှုလုပ်တယ်။ ပြီးရင် ဆေး စစ်ဆေးမှုလုပ်တယ်။ မုဒိမ်းကျင့်တဲ့ လက္ခဏာမတွေ့ဘူး” ဟု ရဲအရာရှိ Abdul Rahim Jaafar ကပြော သည်။


“မလေးရှား ရဲကိုစော်ကားမှု အဖြစ်သာဖြစ်တယ်။ အထူးသဖြင့် ပန်နန်မှာရှိတဲ့ ကျွန်တော်လက်အောက် ငယ် ၀န်ထမ်းတွေကို စွပ်စွဲမှုကို ရှုတ်ချပါတယ်” ဟုရဲအရာရှိကဆိုသည်။

“ပီနန်းမြို့ မှာရှိတဲ့ ဆေးရုံမှာ စစ်ဆေးချက်ကို အခြေခံပြီးပြောရမယ်ဆိုရင် မုဒိမ်းပြုကျင့်မှုနဲ့ ရိုက်နှက် တာတွေအပေါ် သူမအနေ နဲ့လက်မှတ် ထိုးတာမတွေ့ရဘူး”ဟု ရဲအရာရှိက Bernama သို့ပြောကြား သည်။

သို့သော် အင်္ဂလိပ်နှင့် ထုတ်ဝယ်သော သတင်းစာတွင် အဆိုပါ အင်ဒိုနီးရှား အမျိုးသမီးမှာ Bukit Tengah ဒေသ၌ ဓါတ်ဆီးတင်ကားထဲတွင် ယမန်နေ့ညဥ့်က ရဲနှစ်ဦး၏ မုဒိမ်းပြုကျင့်မှုကို ခံလိုက်ရ သည်ဟု ပြောဆိုခဲ့သည်။

သူမအနေဖြင့် မတရားပြုကျင့်ခံရမှုနှင့် ပတ်သက်၍ မမှန်ကန်သည့် ထုတ်ပြန်ချက်တွေ ဒေသခံတွေကို အများအ ပြားပြောဆိုခဲ့ကြောင်း Abdul Rahim ကဆိုသည်။

သူမအား မုဒိမ်းပြုကျင့်သူကို သက်သေအထောက်အထားဖြင့် မပြောဆိုနိုင်ကြောင်း၊ သူမသည် စက်ရုံ အလုပ်သမားတဦးဖြစ်ပြီး စစ်ဆေးမေးမြန်းချိန်တွင်လည်း မှန်ကန်သည့် စစ်ဆေးချက်မရရှိကြောင်း၊ သူ မသည် Seberang Jaya၌ရှိသော (GRO) ဖြေဖျော်မှု အဆောင်တွင် အရာရှိတဦးနှင့် ရင်းနှီးမှုရှိပြီး ဧည့် သည်တဦးအဖြစ် အလုပ်လုပ်နေသည်ဟု Abdul Rahim ကဆိုသည်။

ခုထိ ရဲနှစ်ဦးမုဒိမ်ပြုကျင့်သည့် အဖြစ်မှန်ကို မဖေါ်ထုတ်နိုင်သေးကြောင်း၊ ကျွန်းကျင်သည့် လူများနှင့် ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ မမှန်ကန်သည့် စွပ်စွဲချက်ကြောင့် ရဲဘက်မှခုထက်ထိ အဆို ပါအမှုကို ကိုင်တွယ်ဖြေရှင်း၍ မရနိုင်သေးကြောင်း ပြောဆိုသည်။

Myanmar Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်