ကချင်ပြည်နယ်
ချီဖွေမြို့နယ် ရှမ်းကျော်ကျေးရွာတွင် ဒီဇင်ဘာလ(၇)၇က်နေ့ ညနေပိုင်းက KIA တပ်မဟာ(၁)မှ
အဖွဲ့ ၀င်(၁၀)ဦးဟာ ရွှေတူးနေကြသည့် အလုပ်သမား(၆)ဦးကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့
သိရပါတယ်။
ရွှေကျင်းပိုင်ရှင်ကတော့
ရှမ်းကျော်ရွာမှ ဥက္ကဋ္ဌ ဖြစ်ပြီးတော့ ဖမ်းဆီးသွားတဲ့ အလုပ်သမား(၆)ဦးကို ရှမ်းကျော်ရွာမှ
မေခမြစ်ကို စက်လှေနဲ့ ဖြတ်ကူးပြီး ဂျဝါကျေးရွာဘက်ကို ခေါ်သွားတယ်လို့ မျက်မြင် သက်သေများက
ပြောပါတယ်။ KIA အဖွဲ့ဟာ ငွေလိုနေတဲ့ အတွက် တစ်ယောက် ကို ငွေ (၅၀၀၀၀) ကျပ်နဲ့ ပြန်ရွေးရမယ်လို့လည်း
သိရပါတယ်။
KIA
အဖွဲ့ဖမ်းဆီးသွားတဲ့ အလုပ်သမား(၆)ဦးကတော့ မိုးကောင်းမြို့မှ(၁)ဦး၊ မြို့သစ်မြို့က(၂)ဦး၊
ကန့်ဘလူမြို့က(၂)ဦးနဲ့ မတ္တရာမြို့နယ်က(၁)ဦးတို့ဖြစ်ကြောင်း သိရပါတယ်။ရှမ်းကျော်ရွာဥက္ကဋ္ဌ
ဦးဝရာ ထယ်ဟောင်း နဲ့ ဇနီး ကတော့ ရွှေကျင်း အလုပ် သမားတွေ ပြန်ရွေးဖို့အတွက် ဒီဇင်ဘာလ
(၈)ရက် နေ့မှာ ဂျဝါရွာ ဘက်သို့ လိုက်သွားတယ်လို့ ဒေသခံရွာသား တစ်ဦးမှ ပြောပြ သွားပါတယ်။
Time in Rangoon


0 comments:
Post a Comment