
မွန်ပြည်နယ် မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ အစိုးရပိုင် မြေလွတ် (၉) ဧက၌
သီရိမင်္ဂလာ တန်ဖိုးနည်း အိမ်ရာအား ငါးနှစ် အရစ်ကျဖြင့် လက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများမှ အသက် ၅၅ နှစ် အထက်ရှိပြီး ဝန်ထမ်း လုပ်သက် ၃ဝ နှစ် အထက် ရှိသူများကို ပထမ ဦးစားပေးပြီး လုပ်သက် ၂၅ နှစ်မှ ၃ဝ နှစ် အထိကို ဒုတိယ ဦးစားပေး စနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
၎င်းသီရိမင်္ဂလာအိမ်ရာ စီမံကိန်းကို ပထမအဆင့် အနေဖြင့် မြေနှစ်ဧကပေါ်တွင် ရှစ်ခန်းတွဲ...