Tuesday, April 23, 2013

လက်မခံပါ။ မဖြစ်နိုင်ပါ။ မယုံပါ။ မလိုအပ်ပါ။

Posted by drmyochit Tuesday, April 23, 2013, under | No comments


 ဗုဒ္ဓ ဘာသာ မြန်မာတို့အတွက် ဘုရားရှင်မှာ တစ်ဆူသာ ရှိသည်။ ဘုရား ရှင်နှင့် မည်သည့်အရာမှ မနှိုင်း ကောင်း၊ မနှိုင်းအပ်ပါ။ ထို့ ကြောင့် ကျွန်တော့်တွင် ဒုတိယ ဘုရားသခင် မရှိပါ။ ထို့ပြင် ကျွန်တော် ၏ အိမ်သည် လည်း မြတ်စွာ ဘုရား၏ အရိပ်အာဝါသ အောက် တွင်သာ ရှိပါ သည်။   နိုင်ငံရေး   တွင် ဘာသာရေးများ မည် သူတွေ ရော ယှက်စော်ကားနေသလဲ၊ ဗုဒ္ဒဘာသာကို မည် သူ တွေ နှိမ့်ချ လုပ်ဆောင်နေသလဲ ဆိုတာ ကတော့ ပုံကိုသာ ကြည့်ပါ။

ပြောလိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ လက်ခံ သည်၊ ကန့်ကွက် သည် ထက် သမ္မတ ဖြစ် လာ လျှင် ဘာများဖြစ် လာမည် နည်း ဆိုသည့် အမေးဖြစ်သည်။ 

ကျွန်တော်တို့ နိုင်ငံသားတိုင်း အလုပ်မလုပ်ဘဲ ထမင်း စားနိုင်မှာ လား။ မဖြစ်နိုင်ပါ။ နိုင်ငံတကာနှင့် တစ်ပြေး ညီ ဖြစ်နိုင်သည်ဟု ပြောနိုင်သည်။ သို့သော် သမ္မတ ဖြစ်ခြင်း မဖြစ်ခြင်း နှင့် မဆိုင်ပါ။

တပ်မတော်သားနှင့် ၀န်ထမ်းများကို လစာ ၁၀ ဆ တိုးမည်လား။ မဖြစ်နိုင်ပါ။ နိုင်ငံတော်၏ ၀င်ငွေ၊ ထွက်ေ ငွ၊ စနစ်တက စိစစ်ပြီးမှသာ လစာများ တိုးမြှင့်နိုင်ပါမည်။ သမ္မတဖြစ်သည့် အတွက်ကြောင့် အာဆီယံ လစာ လည်း မပေးနိုင်ပါ။ Europe လစာလည်း မထောက်ပံ့နိုင်ပါ။

တရုတ်၊ အိန္ဒိယတို့နှင့် မဆက်ဆံဘဲ နေမည်လား။ တိုင်းရင်းသား စီးပွားရေးကို မြှင့်တင်ပေးနိုင် မည်လား။ မဖြစ် နိုင်ပါ။ လက်ရှိ ဆုကြေးများ၊ နိုင်ငံတကာမှ ထောက်ပံ့ငွေများပင် တိုင်းရင်းသားပိုင် လုပ်ငန်းများသို့ မစီး ၀င်နိုင်ဘဲ ထောင်ကျ နိုင်ငံရေးသမားနှင့် ပါတီကိစ္စများတွင် အသုံးချနေရသည်။ ထိုးထားသည့် ဆွယ် တာများ ရောင်းပြီး အမေ့အိမ် ပညာရေးကို ထောက်ပံ့နေရသည်။ အိမ်နီး ချင်းနှင့် သင့်တင့်မျှတအောင် ဆက်ဆံပြီး စီးပွားရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင် ရမည်   ဖြစ်သည်။ ဥပမာ၊ လက်ပံတောင်းကြေးနီ စီမံ ကိန်း။

လူမျိုးရေး၊ ဘာသာရေးကို မြှင့်တင်ပေးနိုင်မည်လား။ မဖြစ်နိုင်ပါ။ မင်္ဂလာတောင်ညွန့် အန်အယ်လ်ဒီ ပါတီ ၈၅ ရာနှုန်းမှာ ဘာသာခြားများ ဖြစ်သည်။ အန်အယ်လ်ဒီ ပါတီ စည်းမျဉ်းအရ ပါတီဥက္ကဌပင် မည်သည့် လူမျိုး မဆို ဖြစ်နိုင်သည်။ အခါကြီးရက်ကြီးများတွင် ဥပုဒ်စောင့်သည်၊ ဆွမ်းကပ်သည် မကြားဖူးသည့်သူ တစ်ေ ယာက် ဘုရားတည် ကျောင်းဆောက်ဖို့မှာလည်း သမ္မတ ငါးနှစ် သက်တမ်းအတွင်း မဖြစ်နိုင်ပါ။

နိုင်ငံ့စီးပွားရေးကို ဦးမော့စေမည်လား။ ယနေ့တွင် နိုင်ငံတကာ ကြွေးမြီများ ချေခြင်း၊ ချေးငွေ သစ်များ ရ ရှိခြင်း၊ နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်ခြင်း တို့ဖြင့် အမေရိကန် အပါအ၀င် နိုင်ငံအား လုံးနှင့် လုပ်ေ ဆာင်ေ နပြီ ဖြစ် သည်။ မည်သူ သမ္မတ ဆက်ဖြစ်ဖြစ် ထိုလာမည့် ရင်းနှီးမြုပ်နှံမှုများ ရပ်သွား မည် မဟုတ် ပါ။ ထိုမှ ရလာမည့် အ လုပ် အကိုင်သစ်များ၊ စီးပွားရေး အခွင့်အလမ်း များ သည် မည် သူ သမ္မတ ဖြစ်ဖြစ် ဆက်ရှိ ပါအုံးမည်။

လူနေမှု ဘ၀ မြင့်တင်နိုင်မည်လား။ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေး တည်ဆောက်နိုင် မည် လား။ စေတ နာ ရှိမည်ကတော့ အမှန်ဖြစ်သော်လည်း လူနေမှု ဘ၀မြှင့်တင်ရေး အတွက် သမ္မတ ဖြစ်ရန် မလိုပါ။ တိုင်း ရင်း သား အားလုံး ကိုယ်ပိုင်အုပ်ချုပ် လက်နက်ကိုင်စေပြီး တိုက်ပွဲများ မရှိတော့ဟု ယူဆ၍ မရနိုင်ပါ။ သူတစ် လူ ငါ တစ် မင်း ဖြစ်နိုင်ပါသည်။

တရားဥပဒေ ပိုမို စိုးမိုးနိုင်ပါမည်လား။ တရားဥပဒေစိုးမိုးရေး ကော်မရှင် ဥက္ကဌကြီး၏ အိတ်ကို အလစ်သုတ် ခံ ရသော နိုင်ငံတွင် ယခုရာထူးထက် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ခွင့် ရှိသည့် ရာထူး မရှိပါ။ ယခု ရထား သည့် ကော်မရှင် ဥက္ကဌ ရာထူးဖြင့်ပင် ထမ်းဆောင် နိုင်ပါသည်။

ယဉ်ကျေးမှု တိုးတက်ပါမည်လား။ မြန်မာဝတ်စုံနှင့် လေဒီရှုးကို တွဲဖက်ထားသည်ထက် မပို။

လက် ရှိ ကျင့်သုံးနေသော သတ်မှတ် ပြဌန်းထားသည့် စည်းကမ်း မှန်သမျှ ကို လျော့ပေး မည်၊ ပြင်ဆင်ပေး လား ဆိုလျှင်လည်း မဖြစ်နိုင်ပြန်ပါ။ စည်းကမ်း ဥပဒေသည် နိုင်ငံ၏ တန်ဖိုး ပင် ဖြစ်သည်။

ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး မည်သည့်အရာမှ တန်ခိုးရှင် မဟုတ်သည့်အတွက် ပြီးပြည့် စုံအောင်   မ ဖန် တီးနိုင်ပါ။ ဒီမိုကရေစီ ရနိုင်သည်ဟု ပြောပါလိမ့်မည်။ ကိုယ်စားချင်တာစားသည်။ ကိုယ်ပြော ချင်တာ ပြော သည်။ ကိုယ်သွားချင်ရာ သွားသည်။ မစားရ၊ မပြောရ၊ မသွားရ မရှိပါ။ ဒီထက် ဒီမိုကရေစီ ဆို လျှင်တော့ ပြည့်တန်ဆာ တရားဝင်ဖြစ်ဖို့သာ ကျန်တော့သည်။

သို့ပါဆိုလျှင် ဘာအတွက်ကြောင့် သန်း ၆၀ တွင် ၅၉.၉၉ သန်း သမ္မတ လုပ်ခွင့်ရသော အခြေခံ ဥပဒေကို ပြင် ဆင်ကာ နောက်ဆုံးနှင့် တစ်ဦးတည်းသော သမ္မတ လုပ်ပြီး နောင်အဆက်များတွင် အမျိုးမမှန်သူများ ရွေးချယ်ရစေဖို့ ကြိုးစားပါသနည်း။ ဘာများ ပိုလုပ်ပေးနိုင်ပါမည်နည်း။

From:OE

Saturday, April 13, 2013

ဆုတံဆိပ်ရှင် စုစုနွေး တစ်ယောက် သင်္ကြန်မှာ အရက်မူးနေသလား

Posted by drmyochit Saturday, April 13, 2013, under | 1 comment



သင်္ကြန်မှာ မူးနေတဲ့ စုစုနွေးတစ်ယောက် အမြန် လမ်းမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သော ကားတစ်စီးကို တွေ့သည့်အခါ မူးကြောင်မူးကြောင် ဖြင့် အပြေးသွားခဲ့သည်။ ကူညီပေးရန်၊ ကယ်ဆယ် ပေးရန်မဟုတ်။ ဒရိုင်ဘာမှာ သေဆုံးပြီး ဖြစ်သဖြင့် သူမအနေဖြင့် ကူညီ မပေးနိုင်ကြောင်း၊ ကူညီ ပါရစေ ဆိုသူများလည်း အတော်နဲ့ ရောက်မလာ ကြောင်းတို့ကို ကားကြီးတစ်စီးမှ တိုက်ပြီး ထွက်ပြေး သည့် ပုံစံမျိုးဖြင့် သူမ၏ စာမျက်နှာတွင် ရေးသား ဖော်ပြရန်သာ ဖြစ်သည်။

သို့သော် သတင်းအမှန် ထွက်လာချိန်တွင်တော့ ကိုယ်တိုင်ရောက်ပါလျှက် သတင်းမှားကိုတင်၊ ပြည်သူ့ရဲကို စော်ကားသည့် ထိုတောင်သူလယ်သမားများ ဆိုင်ရာ အဖွဲ့ခေါင်းဆောင် ဆုတံဆိပ်ရှင် စုစုနွေး တစ်ယောက် မူးများ နေသလားဟု မေးခွန်းထုတ်စရာ ဖြစ်လာလေတော့သည်။

စုစုနွေးမူးပြီး ရေးတင်သည့် မူရင်းသတင်း

------------

၁၃၊ ၄၊၂၀၁၃ သင်္ကြန်အကြိုနေ့က ပဲခူးမြို့မှ အပြန် လှည်းကူးမြို့လမ်းမကြီး တစ်နေရာမှ ယာဉ်တိုက်မှု။

ဝင်တိုက် တဲ့ကားကြီးက မောင်းပြေးသွားတယ်။ ကားနံပါတ်ကိုလည်း မမှတ်မိ လိုက်ကြဘူးတဲ့။ ဒရိုင်ဘာက ပွဲချင်းပြီးသေတော့ ကျမတို့လည်း ဘာမှမကူညီနိုင်ခဲ့ပါဘူး။

ကူညီပါရစေ ဆိုတဲ့ ပြည်သူ့ရဲတွေလည်း အတော်နဲ့ ရောက်မလာခဲ့ကြပါဘူး။



From:opposite eyes

Friday, January 18, 2013

ဂမ်ရှောင်၏ စိတ်ကူးယဉ် အိမ်မက်များ ပြိုကွဲပျက်စီးခြင်း

Posted by drmyochit Friday, January 18, 2013, under , | No comments


KIA သမိုင်းကြောင်းကို ပြန်ကြည့် လိုက်ပါ။ လွတ်လပ်ရေး ရပြီးနောက် အစိုးရ အဆက် ဆက်က နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေးအတွက် အပစ် အခတ်ရပ်၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်တိုင်း KIA က နယ်မြေ တိုးချဲ့၊ လူသစ်စု၊ ဆက်ကြေးကောက်ပြီး အင်အားတောင့် တင်းလာ တာနဲ့ လက်နက်ကိုင် လမ်းကြောင်း ကို ပြန်သွား နေတာ ယနေ့ အထိ ပါဘဲ၊ ၁၉၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေး ရယူခဲ့ တာကတည်း ပန်ဆောင်၊ နန်းယွန် ဒေသ၊ ပါဂျို၊ နားဖော့ဒေသတွေမှာ ဗျူဟာအမှားတွေကြောင့် အင်အားချိနဲ့ သွားလို့ မတတ်သာဘဲ အပစ် ရပ်ခဲ့ တာပါ။ သူတို့ အသက် ဆက်နိုင်တဲ့ လမ်းကို ရွေးခဲ့ တာပါ။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်