Saturday, April 13, 2013

ဆုတံဆိပ်ရှင် စုစုနွေး တစ်ယောက် သင်္ကြန်မှာ အရက်မူးနေသလား

Posted by drmyochit Saturday, April 13, 2013, under | 1 comment



သင်္ကြန်မှာ မူးနေတဲ့ စုစုနွေးတစ်ယောက် အမြန် လမ်းမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သော ကားတစ်စီးကို တွေ့သည့်အခါ မူးကြောင်မူးကြောင် ဖြင့် အပြေးသွားခဲ့သည်။ ကူညီပေးရန်၊ ကယ်ဆယ် ပေးရန်မဟုတ်။ ဒရိုင်ဘာမှာ သေဆုံးပြီး ဖြစ်သဖြင့် သူမအနေဖြင့် ကူညီ မပေးနိုင်ကြောင်း၊ ကူညီ ပါရစေ ဆိုသူများလည်း အတော်နဲ့ ရောက်မလာ ကြောင်းတို့ကို ကားကြီးတစ်စီးမှ တိုက်ပြီး ထွက်ပြေး သည့် ပုံစံမျိုးဖြင့် သူမ၏ စာမျက်နှာတွင် ရေးသား ဖော်ပြရန်သာ ဖြစ်သည်။

သို့သော် သတင်းအမှန် ထွက်လာချိန်တွင်တော့ ကိုယ်တိုင်ရောက်ပါလျှက် သတင်းမှားကိုတင်၊ ပြည်သူ့ရဲကို စော်ကားသည့် ထိုတောင်သူလယ်သမားများ ဆိုင်ရာ အဖွဲ့ခေါင်းဆောင် ဆုတံဆိပ်ရှင် စုစုနွေး တစ်ယောက် မူးများ နေသလားဟု မေးခွန်းထုတ်စရာ ဖြစ်လာလေတော့သည်။

စုစုနွေးမူးပြီး ရေးတင်သည့် မူရင်းသတင်း

------------

၁၃၊ ၄၊၂၀၁၃ သင်္ကြန်အကြိုနေ့က ပဲခူးမြို့မှ အပြန် လှည်းကူးမြို့လမ်းမကြီး တစ်နေရာမှ ယာဉ်တိုက်မှု။

ဝင်တိုက် တဲ့ကားကြီးက မောင်းပြေးသွားတယ်။ ကားနံပါတ်ကိုလည်း မမှတ်မိ လိုက်ကြဘူးတဲ့။ ဒရိုင်ဘာက ပွဲချင်းပြီးသေတော့ ကျမတို့လည်း ဘာမှမကူညီနိုင်ခဲ့ပါဘူး။

ကူညီပါရစေ ဆိုတဲ့ ပြည်သူ့ရဲတွေလည်း အတော်နဲ့ ရောက်မလာခဲ့ကြပါဘူး။



From:opposite eyes

1 comments:

ဒီလိုပါပဲ..အစကတော့အသိစိတ်ဓါတ်နဲ့အများရှေ့ကရပ်တည်တယ်..နောက်တော့မြှောက်ပေးလို့လုပ်တယ်..နောက်တော့အခွင့်အရေးရလို့လုပ်တယ်..နောက်တော့အကျိုးအမြတ်ရှိလို့လုပ်တယ်...နောက်တော့ဒါဟာစီးပွားရေးပဲဆိုတာသဘောပေါက်တော့လုပ်လာတယ်...ပြီးရင်..

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်