Saturday, April 13, 2013

မြန်မာစစ်တပ်က ဘင်္ဂလီအမျိုးသမီးတွေကို လိင်ကျွန်ပြုနေသတဲ့လား

Posted by drmyochit Saturday, April 13, 2013, under | No comments



ပြီးခဲ့သည့်နှစ်က အယ်ဂျာဇီးရား ရုပ်သံမှ ဘင်္ဂလီတို့၏ အကြောင်းကို လုပ်ကြံဇာတ်လမ်း များဖြင့် ဖန်တီးပြီး ကမ္ဘာ သို့ ပြခဲ့သည်။ တာဝန် ရှိသူများမှ ကန့်ကွက်သည့် အချက်များ တရားဝင် ထုတ်ပြန်ရှင်းလင်းခဲ့ရသည်။ ယခု တစ်ဖန် မြန်မာ နိုင်ငံတွင်း လာရောက် သတင်းယူသွားသည့် တစ်ဦးမှ သတင်းလိမ်များဖြင့် လုပ်ကြံ ဇာတ် လမ်း ဆင်ပြန်လေသည်။ မြန်မာစစ်တပ်မှ ဘင်္ဂလီ အမျိုးသမီး များကို လိင်ကျွန်များအဖြစ် အသုံးပြုနေ ကြသလားတဲ့။

သူ၏ ရေးသားချက်များ တွင်တော့ သူသည်လည်း အထောက်အပံ့များ၊ အကျိုးအမြတ်များ ရယူလိုစိတ်ဖြင့် ဘင်္ဂလီ အရေးကို ၀င်မွှေသည်။ အခြားမည်သည့် ဘက်သို့မှ လှည့်စရာ မရှိသည့်အချိန်တွင်တော့ စစ်တပ်ဘက်သို့ လှည့်ကာ အမျိုးသမီးများကို ရှေ့တန်း တင်လာသည်။

ရိုက်ထားသည့် ဓာတ်ပုံ၊ ရေးထားသည့် အသုံးအနှုံးများသည် မြန်မာနိုင်ငံအတွက် ဘင်္ဂလီအရေး တစ်စခန်း ထစေ ချင်သည့် သဘောများ သက်ရောက်ယုံမက မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေ လာ သည်။ ထိုသို့ ထိုသို့သော ရေးသားချက်များအတွက် မည်သူတာဝန်ယူလေမည်နည်း။




From:opposite eyes

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်