Tuesday, December 11, 2012

Windows 8 အကြောင်း သိကောင်းစရာ

Posted by drmyochit Tuesday, December 11, 2012, under | No comments


 Microsoft ကနေပြီးတော့ Windows 7 ထက်ပို၍ update ဖြစ်သော Windows 8 developer review version ကို 2011 Customer Electronic show တွင် ပထမဦးဆုံးပွဲထုတ်ခဲ.ပါတယ်။ နောက်ဆုံး version ဖြစ်တဲ. Windows 8 Consumer Preview ကို microsoft က 29 February 2012 နေ.တွင် မိတ်ဆက်ပြသခဲ.ပါတယ်။Windows 8 ကို metro-style interface ဖြင့် ပုံဖော်ထားပြီး touchscreen, mouse, keyboard, pen input တို့ဖြင့် လွယ်ကူစွာ အသုံးပြု နိုင်မည် ဖြစ်ပါသည်။Windows 8 ဟာ Intel , AMD တို. ရဲ. microprocessors များတွင် သာမက ARM mobile processor architecture များတွင်ပါ အသုံးပြု နိုင်ပါသည်။ Window server 8 ကို Server version အနေနဲ. ဖြင့်လည်းထွက် ရှိခဲ.ပါတယ်။

ငွေကျပ်သိန်း ၈ဝဝဝ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Posted by drmyochit Tuesday, December 11, 2012, under | No comments


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မူးယစ် (အထူး)အဖွဲ့မှ ဒုတိယရဲမှူး ရဲနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ဒီ ဇင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲက လားရှိုးမှသိန်းနီမြို့သို့ အထွက် ဟိုပိတ် ကျေးရွာအနီး၌ မူးယစ် ဆေးဝါးနှိမ်နင်းရေးတာဝန် ဆောင်ရွက်စဉ် ဗင်ကား အမှတ် ၁က/.....အား ရှာဖွေစစ် ဆေးရာ ယာဉ်ပေါ်တွင် ကူးဆင်းတောက် ၂၆ နှစ် (ဘ)ဦးကိုချွင်ရင် ယာဉ်မောင်း ရပ်ကွက် (၄) တာမိုးညဲ ကွတ်ခိုင်မြို့ နယ်နှင့် မမြင်ကူဖိန် ၃၅ နှစ်(ဘ)ဦးမြင် ချိချို တာမိုးညဲ ကွတ်ခိုင်မြို့နယ် နေထိုင် သူနှစ်ဦးအားတွေ့ရှိရပြီး ယာဉ်နောက် ခန်းတွင် ၎င်းတို့၏ ခရီးဆောင်သေတ္တာနှင့် မုန်ညင်းရွက်များ ဖုံးအုပ်ယူဆောင် လာသည့် စက္ကူဂျပ်ဖာ အတွင်းမှ (WY) စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၉ ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား ၃၉၈ဝဝဝ ပြား၊ အလေးချိန် ၃၅ ဒသမ ၈၂ ကီလို ကာလတန်ဖိုး ငွေကျပ် သိန်း ၈ဝဝဝ ကို တွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားခံများကို လားရှိုး အမှတ်(၁) ရဲ စခန်းတွင် မယ(ပ)၂၃၆/၂ဝ၁၂၊ မူးယစ် ပုဒ်မ ၁၅/၁၉ (က)/၂ဝ(က)/၂၁ အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

မလေးသို့ လှေစီးသွားသည့် ဘင်္ဂလာဒေခ်ျ့ ၁၃ ဦးနှင့် မြန်မာပြည်ဖွား ဘင်္ဂလီ ၂ ဦးဖမ်းဆီးခံရ

Posted by drmyochit Tuesday, December 11, 2012, under | No comments



မလေးရှားနိုင်ငံသို့ သွားရောက်မည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၃ နှင့် မြန်မာ ပြည်ဖွား ဘင်္ဂလီ အမျိုးသား ၂ ဦးကို စက်လှေ တစ်စီးနှင့်အတူ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့သည်။ အ ဆိုပါ လူပုဂ္ဂိုလ် ၁၅ ဦးအား စက်လှေ တစ်စီးနှင့် အတူ ဘင်္ဂလာဒေခ်ျ့နိုင်ငံ တက်ကနက်မြို့နယ် ခါလုခါလီ ရေလက်ကြားတွင် ဖမ်းဆီးရမိသည်ဟု ဆိုသည်။

မကောင်းတာလုပ်စားတဲ့ (ဖာ) အသွင် ဖော်ပြချက်ကြောင့် The Voice Weekly တောင်းပန်ရ

Posted by drmyochit Tuesday, December 11, 2012, under | No comments


The Voice Weekly ဂျာနယ် သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ထုတ် Vol 8,No 48 စာမျက်နှာ ၁၈ တွင် ဘဝနွံထဲက အကြွေပန်းလေးများ ဟုဆိုသော ခေါင်းစဉ်ဖြင့် လမ်းမကြီး ဘေးတွင် မကောင်းတာ လုပ်စားသော(ဖာ) ပြည့်တန်ဆာ အမျိုးသမီးများဘဝ အား ဆောင်းပါး တစ်ပုဒ် ဖော်ပြခဲ့ရာ တွင် ထိုဆောင်း ပါးတွင် ပါရှိသော ဓါတ်ပုံမှာ လမ်းဘေးတနေရာတွင် အမျိုးသမီးငယ်တစ်စု စုစည်းနေပုံကို ပိုင်ရှင်မသိပဲ ခိုးယူ ရိုက်ယူ ခဲ့ပြီး ဆောင်းပါးနဲ့ တွဲစပ်၍ ပြည့်တန်ဆာ(ဖာ)များအသွင် သရုပ်ဖော်ခဲ့ပါသည်။

အယ်လ်ဂျာဇီးယား ရုပ်သံလွှင့်ချက် တဖက်သတ်လုပ်ကြံမှုဟုဆို

Posted by drmyochit Tuesday, December 11, 2012, under | No comments


ကာတာအခြေစိုက် အယ်လ်ဂျားဇီးယား ရုပ်သံက ထုတ်လွှင့်နေတဲ့ ရခိုင်ပြည်နယ် ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ ရုပ်သံမှတ်တမ်း ထုတ်လွှင့်ချက် တွေဟာ အမှန်တရားနဲ့ ဆန့်ကျင်နေ တယ်လို့  ရခိုင်တိုင်းရင်းသားများ  တိုးတက်ရေး ပါတီခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေး ဒီဇင်ဘာ ၁၀ ရက်နေ့က ပုသိမ်မြို့တွင် စတင်ဆန္ဒပြ

Posted by drmyochit Tuesday, December 11, 2012, under | No comments




လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံက်ပိုင်းမှစတင်၍ ပုသိမ်မြို့ တွင် ငြိမ်းချမ်း စွာဖြင့် ဆန္ဒပြတောင်းဆိုမှုများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲအား ဆန္ဒပြခွင့်အတွက် သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက် မရရှိခဲ့ပေ။ ထိုသို့ ခွင့်မပြုသော်လည်း ဆန္ဒပြသူများမှ ၄င်းတို့သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း နိုင်ငံရေး အကျဉ်းသားဟောင်း ရွှေဝါရောင် ဆရာတော် ဦးတေဇောဘာသ (ခေါ်) ဦးဇင်း နိုင်ကြီးက ဦးဆောင်ကာ တက်ကြွလှုပ်ရှားသူ ၂၀ ခန့်ဖြင့် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း အကြမ်းဖက် ဖြိုခွဲမူ အပေါ် ယနေ့ ဆန္ဒ ထုတ်ဖေါ် ဦးဌေးကြွယ် အင်တာဗျူး(ရုပ်/သံ)

Posted by drmyochit Tuesday, December 11, 2012, under | No comments


"ပထမဖွဲ့စည်းတဲ့ ကော်မရှင်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီး တစ်ခုလုံး ကို ပြန်လည် သုံး သပ် ဖို့ နောက် တစ်ခု ပြီးခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ကိုင်တွယ်မှု၊ တရားဥပဒေ စိုးမိုးမှု ကို ကျော်လွန် သွားတဲ့ တုန့်ပြန် မှုကို ပြန်လည်ပြီး စုံစမ်းဖော်ထုတ်ဖို့ ဒီကော်မရှင်ရဲ့တာဝန်နှစ်ခုရှိပါတယ်။

သုံးခွမြို့နယ်တွင် NLD ပါတီအား ဆန္ဒပြ

Posted by drmyochit Tuesday, December 11, 2012, under | No comments


(၉-၁၂-၁၂ )ရက်နေ့ (၁၁းဝဝ)ချိန်တွင် သုံးခွမြို့နယ်၊ လက်ပံကျိုးကျေးရွာမှ ပြည်သူ (၆ဝ)ဦးသည် ထောလာဂျီ ဂွမ်ဒေါင်း၊ ဆိုင်ကယ် များဖြင့် ဆိုင်းဘုတ် များကိုင်ဆောင်၍ သုံးခွမြို့ လည်လမ်းမတစ်လျှောက် ဆန္ဒပြခဲ့ ကြောင်းသိရှိရပါသည်။

သန်းခေါင်စာရင်း ဥပဒေဟောင်းကို ရုပ်သိမ်း၊ ဥပဒေကြမ်း အသစ်ထုတ်ပြန်

Posted by drmyochit Tuesday, December 11, 2012, under | No comments



၁၉၇၂ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ သန်းခေါင်စာရင်း ဥပဒေကို ရုပ်သိမ်း၍ လူဦးရေနှင့် အိမ် အကြောင်း အရာ သန်းခေါင်စာရင်း ဥပဒေကြမ်းကို ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရေးအတွက် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်္ဘာလ ၉ ရက်နေ့က ပြည်တော်စုလွှတ်တော်က နိုင်ငံပိုင်မီဒီယာများ မှတဆင့် ဖေါ်ပြလိုက်သည်။

KIO ခေါင်းဆောင်ပိုင်းတွင် သဘောထားများကွဲလွဲမှုများ ဖြစ်ပေါ်နေ

Posted by drmyochit Tuesday, December 11, 2012, under | No comments


(၂၀၁၂) ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ KIA တပ်ဖွဲ့ ၀င်များနဲ့ စစ်တပ်ကြား၊ တိုက်ပွဲများ ပိုမိုဖြစ် ပွားလာပြီး၊ စစ်တပ်မှ လက်နက်ကြီး များနဲ့ ပြင်းပြင်း ထန်ထန် တိုက်ခိုက်ခဲ့ခြင်းကြောင့် KIA တပ်ဖွဲ့ဝင်များ အကျ အဆုံး များခဲ့ လို့ KIA စစ်ဦးစီးချုပ် ဂမ်ရှောင်က နိုင်ငံတော် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆက်လက်ပြု လုပ်တော့ မည် မဟုတ်ကြောင်း အစိုးရသို့ အကြောင်းပြန်မည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရပါတယ်။ 

KIA တပ်မဟာ (၁) နဲ့ တပ်မဟာ (၂) မှ တပ်ဖွဲ့ဝင်များ အုပ်စုလိုက်ထွက်ပြေးနေပြီ ….

Posted by drmyochit Tuesday, December 11, 2012, under | No comments



 စစ်တပ်နဲ့ KIA အဖွဲ့ကြားတိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာခြင်းကြောင့် ပန်ဝါနယ်ခြားကျောက်တိုင် (၆) အနီးမှာ တာဝန်ထမ်းဆောင်နေတဲ့ KIA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၄) မှ ဒုတပ်ကြပ် လရန်လရော်၊ တပ်သား လမာတန်ဂွန်း၊ တပ်သား ဒဘန်ဒီးလာ၊ တပ်သား မတောင်ဘရန်နန်၊ တပ်သား မရန်ဘောက်နော် တို့ဟာ လက်နက်တွေနဲ့အတူ နိုဝင်ဘာလ (၂၃) ရက်နေ့မှာ ထွက်ပြေးသွားတယ်လို့ ရင်း (၄) မှ အရာရှိ တစ်ဦးက ပြောပြလာပါတယ်။

အရပ်ရှည်စေမည့် အစားအစာများ .........

Posted by drmyochit Tuesday, December 11, 2012, under | No comments



အရပ်ရှည်ခြင်းဟာ မျိုးရိုးဗီဇနဲ့ အတိုင်းအတာ တစ်ခုအထိ သက်ဆိုင် ပေမယ့် အာဟာရပြည့်ပြည့်ဝဝ ရရှိမှု အပေါ်မှာလည်း အဓိက မူတည်နေပါတယ်။ အရပ်ရှည်ဖို့အတွက် ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးနေတဲ့ အရွယ်ဖြစ်တဲ့ ကလေးဘဝနဲ့ ဆယ်ကျော်သက်ဘဝမှာ အာဟာရ လုံလောက်အောင် ရရှိဖို့ အလွန် အရေးကြီး ပါတယ်။ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ အရပ်ရှည်ခြင်းနဲ့ အဓိကသက်ဆိုင်တဲ့ ကြီးထွားဟော်မုန်း (Growth Hormone) ကိုမြှင့်တင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။

3G စနစ် ပါသည့် မိုဘိုင်းဖုန်းများ မကြာခင် ဈေးကွက်တွင်း ရောက်မည်

Posted by drmyochit Tuesday, December 11, 2012, under | No comments



 ၂ဝ၁၃ ခုနှစ် ဧပြီလတွင် ရောင်းချပေးမည့် မိုဘိုင်းဖုန်းများတွင် 3G စနစ် ထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။ ''3G စနစ်ကို တိုးချဲ့လုပ်ဆောင်နေတဲ့ အတွက် လာမယ့်နှစ်မှာ မြို့ကြီးတွေ အားလုံး 3Gစနစ်ကို သုံးခွင့်ရမှာပါ။''ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က ပြောသည်။ 3Gစနစ်တိုးချဲ့ရေး စီမံကိန်းတစ်ရပ်တွင် ပြည်ပကုမ္ပဏီ ၃ ခု ဖြစ်သည့် Huawei, ZTE, Alcaten-LucentShanghai Bell ကုမ္ပဏီများနှင့် ပူးပေါင်း၍ မိုဘိုင်း ဖုန်းများအား ရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။    

ဆန်စပါးမှာလည်း အဆိပ်နှင့်

Posted by drmyochit Tuesday, December 11, 2012, under | No comments


ကမ္ဘာ တစ်ဝှန်း အဓိကအစား အစာဖြစ်သော ဆန်ကို ဘေးအကင်း ဆုံး၊ ကြေညက် လွယ်သော အာဟာရ ပြည့် အစား အစာ တစ်ခုအဖြစ် မှတ်ယူ ထားကြသည်။ ဂလူတင် အစေးဓါတ် နှင့်ဂျုံ တို့ကို အစာခြေ စနစ်မှ လက်မခံနိုင် သူများ အတွက် ဆန်သည် အစားထိုး အာဟာရ တစ်ခုဖြစ်ပြီး celiac disease ကဲ့သို့ရောဂါ ရှိသူများ အတွက် အဓိက အစား အစာလည်း ဖြစ်သည်။ သို့သော် လတ်တလောတွေ့ ရှိချက်များ အရဆန်တွင် အဆိပ်ဓါတ် တစ်ခုဖြစ် သည့် အာဆင်း နစ်ပါဝင်နေကြောင်း သိရသည်။ 

စိန်အလုံး၂၂၀ကို မျိုချပြီး ပြည်ပသို့ထွက်ပြေးရန် ကြိုးစားသည့် သူ

Posted by drmyochit Tuesday, December 11, 2012, under | No comments


ဒေါ်လာ၂ဒသမ၃သန်း တန်ဖိုးရှိ စိန်အလုံး၂၂၀ကို ၀မ်းဗိုက်အတွင်း မျိုချကာ ပြည်ပသို့တရားဝမင် မှောင်ခို တင်သွင်းရန် ကြိုးစားသူကို တောင်အာဖရိကနိုင်ငံမြို့တော် ပေါလ်ရာမာလိုကိုမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် အာဏာပိုင် များက ဖမ်းမိ ခဲ့ကြောင်း နိုဝင်ဘာလ၁၅ ရက် သတင်းများတွင် ဖော်ပြခဲ့သည်။

အသက် ၁၀၁ နှစ် အရွယ် မာရသွန် အပြေးသမားကြီး၏ ဘ၀ နေနည်း

Posted by drmyochit Tuesday, December 11, 2012, under | No comments


         ''အာရောဂျံ ပရမံလာဘံ'' ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးဟု ဘုန်းတော် ကြီးမြတ်တော် မူသော ဗုဒ္ဓ မြတ်စွာ ဘုရားက ညွှန်းဆို ဟောကြားခဲ့ပါသည်။ အလွန်တရာ လေး နက် လှသလို အမြဲထာဝရ မှန်ကန်နေမည့် သစ္စာ စကားတော် ဖြစ်ပြီး သာမန် ယထာဘူ တကျကျ ရိုးရိုးရှင်းရှင်း တွေးကြည့်လျှင်ပင် ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာမှုမှာ သာမည သာ ဖြစ်ပြီး ကျန်းမာခြင်းကသာ အဓိက ဖြစ်သည်ကို ကွက်ကွက် ကွင်းကွင်း မြင်နိုင် ပါလိမ့်မည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်