မလေးရှားနိုင်ငံသို့ သွားရောက်မည့်
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၃ နှင့် မြန်မာ ပြည်ဖွား ဘင်္ဂလီ အမျိုးသား ၂ ဦးကို စက်လှေ
တစ်စီးနှင့်အတူ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့သည်။ အ ဆိုပါ လူပုဂ္ဂိုလ် ၁၅ ဦးအား စက်လှေ
တစ်စီးနှင့် အတူ ဘင်္ဂလာဒေခ်ျ့နိုင်ငံ တက်ကနက်မြို့နယ် ခါလုခါလီ ရေလက်ကြားတွင် ဖမ်းဆီးရမိသည်ဟု
ဆိုသည်။
ယနေ့ထုတ် ဒေလီးစတား သတင်းစာတွင် ဖမ်းဆီးမိသူ ၁၅ ဦးထဲတွင် ၂ ဦးမှာ မြန်မာက ဖြစ်ပြီး ကျန် ၁၃ ဦးမှာ တက်ကနက်၊ အိုးကီးယားနှင့် ကော့စ်ဘဇားမြို့နယ် ဖြစ်ကြသည်ဟု နယ်ခြားစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်သူ၏ စကားကို ကိုးကား ဖေါ်ပြသည်။
ယခုအခါ နယ်စပ် တလျှောက်၌ ဘင်္ဂလာဒေခ်ျ့ဘက်မှ စစ်ဆင်ရေး ပြုလုပ်နေပြီး အနည်းဆုံး ခိုးဝင်လာသူ ၁၁ ဦးကို တောင်ပြိုနယ်စပ်မှ မြန်မာဘက်ကို ပြန်လည် နှင်ထုတ်ခဲ့သည်ဟု သိရသည်။
နိရဉ္စရာသတင်းဌာန
Time in Rangoon


0 comments:
Post a Comment