Tuesday, December 11, 2012

ငွေကျပ်သိန်း ၈ဝဝဝ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Posted by drmyochit Tuesday, December 11, 2012, under | No comments


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မူးယစ် (အထူး)အဖွဲ့မှ ဒုတိယရဲမှူး ရဲနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ဒီ ဇင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲက လားရှိုးမှသိန်းနီမြို့သို့ အထွက် ဟိုပိတ် ကျေးရွာအနီး၌ မူးယစ် ဆေးဝါးနှိမ်နင်းရေးတာဝန် ဆောင်ရွက်စဉ် ဗင်ကား အမှတ် ၁က/.....အား ရှာဖွေစစ် ဆေးရာ ယာဉ်ပေါ်တွင် ကူးဆင်းတောက် ၂၆ နှစ် (ဘ)ဦးကိုချွင်ရင် ယာဉ်မောင်း ရပ်ကွက် (၄) တာမိုးညဲ ကွတ်ခိုင်မြို့ နယ်နှင့် မမြင်ကူဖိန် ၃၅ နှစ်(ဘ)ဦးမြင် ချိချို တာမိုးညဲ ကွတ်ခိုင်မြို့နယ် နေထိုင် သူနှစ်ဦးအားတွေ့ရှိရပြီး ယာဉ်နောက် ခန်းတွင် ၎င်းတို့၏ ခရီးဆောင်သေတ္တာနှင့် မုန်ညင်းရွက်များ ဖုံးအုပ်ယူဆောင် လာသည့် စက္ကူဂျပ်ဖာ အတွင်းမှ (WY) စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၉ ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား ၃၉၈ဝဝဝ ပြား၊ အလေးချိန် ၃၅ ဒသမ ၈၂ ကီလို ကာလတန်ဖိုး ငွေကျပ် သိန်း ၈ဝဝဝ ကို တွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားခံများကို လားရှိုး အမှတ်(၁) ရဲ စခန်းတွင် မယ(ပ)၂၃၆/၂ဝ၁၂၊ မူးယစ် ပုဒ်မ ၁၅/၁၉ (က)/၂ဝ(က)/၂၁ အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 


မြ၀တီ


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်