Tuesday, December 11, 2012

ဆန်စပါးမှာလည်း အဆိပ်နှင့်

Posted by drmyochit Tuesday, December 11, 2012, under | No comments


ကမ္ဘာ တစ်ဝှန်း အဓိကအစား အစာဖြစ်သော ဆန်ကို ဘေးအကင်း ဆုံး၊ ကြေညက် လွယ်သော အာဟာရ ပြည့် အစား အစာ တစ်ခုအဖြစ် မှတ်ယူ ထားကြသည်။ ဂလူတင် အစေးဓါတ် နှင့်ဂျုံ တို့ကို အစာခြေ စနစ်မှ လက်မခံနိုင် သူများ အတွက် ဆန်သည် အစားထိုး အာဟာရ တစ်ခုဖြစ်ပြီး celiac disease ကဲ့သို့ရောဂါ ရှိသူများ အတွက် အဓိက အစား အစာလည်း ဖြစ်သည်။ သို့သော် လတ်တလောတွေ့ ရှိချက်များ အရဆန်တွင် အဆိပ်ဓါတ် တစ်ခုဖြစ် သည့် အာဆင်း နစ်ပါဝင်နေကြောင်း သိရသည်။ 


အမေရိကန် အစိုးရ ကျန်းမာရေး အချက် အလက် များရှိ စားသုံးသူ အစီရင် ခံစာတွင် ဆန်စား သုံးသူ များ၌ မစားသူ များထက် အာဆင်းနစ် ပမာဏ ၄၄ ရာနှုန်း များပြားနေ သည်ကိုတွေ့ရ သည်။ အာရှ နွယ်ဖွားများ၊ မက္ကဆီကို နွယ်ဖွားများတွင် အာဆင်းနစ်ဓါတ် လွန်ကဲနေသည်ကို တွေ့ရှိရသည်။ ဥရောပ အစားအစာ ကွပ်ကဲရေးဌာန ၏ လေ့လာမှုတွင် ဆန်အပါအဝင်နှံစား ပင်အမျိုးအစား အာဟာရများ၌ အာ ဆင်းနစ်ဓါတ် လွန်ကဲနေသည်ကိုတွေ့ရ သည်။ စပါးပင်သည်အခြားသီးပင်စား ပင်များထက် မြေဆီလွှာမှအာဆင်းနစ် ဓါတ် ကိုပိုမိုစုပ်ယူသည်။ ရေလွှမ်း၍ စိုက်ပျိုးရသော သီးပင်စားပင်များတွင် အပါအဝင်ဖြစ်သည့် စပါးပင် သည်အာ ဆင်းနစ်ဓါတ်ကို အမြစ်မှစုပ်ယူပြီး ဆန်စေ့များတွင်သိုလှောင်ထားသည်။ အမေရိကန် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဌာန(FDA)က အိန္ဒိယနိုင်ငံမှတင်သွင်းသော ဆန်အ မျိုးသုံးဆယ် ကျော်တွင် အာဆင်းနစ် ဓါတ်ပါဝင်နေသည်ကိုတွေ့ရှိခဲ့သည်။ FDA သည် ကမ္ဘာအနှံ့ မှတင်ပို့လာ သောဆန် အမျိုးအစား၁၂ဝဝနီးပါးခန့် စစ်ဆေးလျက်ရှိပြီး၂ဝ၁၂ခုနှစ်ကုန်တွင် အစီရင်ခံစာ ထုတ်ပြန်မည်ဖြစ်သည်။

     အာဆင်းနစ်သည် ကင်ဆာဖြစ် စေသည့်ဓါတ် တစ်မျိုးဖြစ်ပြီး ကလေး ငယ်များ၌ အသက်ကြီး လာသည့် အခါ နောက်ဆက်တွဲကျန်းမာရေးပြဿနာ များ ကြုံတွေ့ရစေသည်။ ကိုယ်တွင်း အာ ဆင်းနစ်ဓါတ် ကြာရှည် လွန်ကဲနေ ပါက အရေပြား၊ ဆီးအိမ်နှင့် အဆုတ် ကင်ဆာများဖြစ်တတ်ပြီး နှလုံး ရောဂါ များ လည်း ခံစား ရနိုင်သည်။ အာဆင်း နစ်ဓါတ်များလွန်ကဲစွာ ရှူရှိုက် မိပါက လည်ချောင်းနာခြင်း၊ အဆုတ်ထိခိုက် ခြင်း တို့ဖြစ်တတ်သည်။ အာဆင်းနစ် ဓါတ်အနည်းငယ်ကို ကြာရှည်စားသုံး ခြင်း၊ ရှူရှိုက်ခြင်း ပြုလုပ်ပါက အရေ ပြားနက် မှောင်လာခြင်း၊ လက်ဖဝါး၊ ခြေဖဝါးနှင့်ရင်ပိုင်းတွင်ကြွက်နို့၊အသား မာများ ဖြစ်လာခြင်း တို့ကြုံရ တတ်သည်။ ကလေးငယ်များ အာဆင်းနစ်ဓါတ် နှင့်ကြာရှည်ထိတွေ့ပါက အိုင်ကျူနိမ့် တတ်သည်ကိုလည်း တွေ့ရှိရသည်။

    ဆန်လုံးညိုတွင် ဆန်ဖြူထက် အာဆင်းနစ်ပမာဏပိုများသည်။ ဆန် ကြမ်းကို ဆန်ချောဖြစ်အောင် ကျိတ် ချွတ်ခြင်းဖြင့်အပေါ်ယံအလွှာများဖယ် ရှားပစ်ပြီး အာဆင်းနစ်ပါဝင်မှု လျှော့ ချနိုင်သည်။ ဆန်ဖွတ်ရာမှထွက် လာသည့် ဖွဲနု၏အာဆင်းနစ်ပမာဏ သည် ဆန်ကြမ်းစေ့များတွင် တွေ့ရ သည့် အာဆင်းနစ် ပမာဏထက် ၁ဝဆမှ အဆ၂ဝအထိပိုများသည်ကိုတွေ့ရသည်။ မည်သို့ပင်ဖြစ်စေဆန်သည် အဓိက အစားအစာဖြစ် သောကြောင့် အစားအသောက်ပုံစံ ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ချက်ချရန် စောသေး၏။ အမေရိကန် FDA ကလည်းအစား အသောက်ပုံစံပြောင်းလဲပစ်ရန် ညွှန် ကြား ချက် မထုတ်ပြန်သေးပေ။ အထက်ပါ တွေ့ရှိချက်များအရ စားသုံး သူများအနေနှင့် အာဟာရကောင်းစွာ ရရှိရန်၊ အစားအစာတစ်ခုခုကြောင့် နောက်ဆက်တွဲဆိုးကျိုး များခံစားရ ခြင်းမှ လျှော့ချနိုင်ရန် နှံစားပင်မျိုးစုံ သမမျှတစွာပါဝင်သော အစားအစာ ကိုရွေးချယ်စားသုံးသင့်ကြောင်း သု တေသီများက တိုက်တွန်းထားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်