Tuesday, December 11, 2012

သန်းခေါင်စာရင်း ဥပဒေဟောင်းကို ရုပ်သိမ်း၊ ဥပဒေကြမ်း အသစ်ထုတ်ပြန်

Posted by drmyochit Tuesday, December 11, 2012, under | No comments



၁၉၇၂ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ သန်းခေါင်စာရင်း ဥပဒေကို ရုပ်သိမ်း၍ လူဦးရေနှင့် အိမ် အကြောင်း အရာ သန်းခေါင်စာရင်း ဥပဒေကြမ်းကို ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရေးအတွက် ၂ဝ၁၂ ခုနှစ်၊ ဒီဇင်္ဘာလ ၉ ရက်နေ့က ပြည်တော်စုလွှတ်တော်က နိုင်ငံပိုင်မီဒီယာများ မှတဆင့် ဖေါ်ပြလိုက်သည်။


ဥပဒေကြမ်း ပုဒ်မ ၄ အရ “သန်းခေါင်စာရင်း ကောက်ယူရာတွင် နိုင်ငံတကာ စံချိန် စံညွှန်း များနှင့် ညီညွတ်မှု ရှိစေရန် အတွက် ကုလသမဂ္ဂ စာရင်း အင်းကော်မရှင်က ကမ္ဘာတဝှန်း အတည်ပြု သတ်မှတ် ထားသော မူများ၊ အကြံပြုချက်များ အား ထည့်သွင်းဆောင်ရွက်ရမည်” ဟု ပါရှိသည်။


ထိုဥပဒေအရ သန်းခေါင်စာရင်း ကောက်ယူရန်အတွက် ဗဟို သန်းခေါင် စာရင်း ကော်မရှင် ဖွဲ့စည်းရမည်ဖြစ်ပြီး သမ္မတ က ခန့်အပ်မည့် ဒု-သမ္မတ တဦးက နာယက လုပ်ကာ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးက ဥက္ကဋ္ဌ၊ ဒု-ဝန်ကြီးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။


ထိုမှတဆင့် တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေး ကော်မရှင်များ ဖွဲ့စည်း ဆောင်ရွက် မည်ဖြစ်သည်။ တာဝန်ခံ အရာရှိ အဖြစ်မူ ပြည်သူ့ အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးအား ခန့်အပ်မည်ဖြစ်သည်။ အခန်း ၇ ခန်းပါ ဥပဒေကြမ်းတွင် ပုဒ်မ ၂၇ ခု ပါဝင်သည်။ ၃၁ နှစ်အကြာတွင် ပြန်လည်ကောက်ခံသည့် မြန်မာနိုင်ငံလူဦးရေ သန်းခေါင်စာရင်းကို ၃ နှစ်နှင့် ၁ဝ လကြာ ဆောင်ရွက်ရ မည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် အပြီးထုတ် ပြန်မည် ဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီ က လွှတ်တော်တွင် ပြောဆို ထားသည်။

၂ဝ၁၄ ခုနှစ်၊ စတင်ကောက်ယူမည့် သန်းခေါင်စာရင်းကို လုပ်ငန်းအဆင့် လေးဆင့်ခွဲ၍ ဆောင်ရွက်နေပြီး ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ခြင်း၊ စာရင်းပြုစုခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစု ထုတ်ပြန်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်သွားမည်ဟု ဖော်ပြထား သည်။

လူဦးရေစာရင်းများ တိကျမှု မရှိသဖြင့် ပြီးခဲ့သည့် ၂ဝ၁ဝ နှင့်၂ဝ၁၂ ရွေးကောက်ပွဲများတွင် စာရင်း တိကျမှု မရသဖြင့် မဲပေးပိုင်ခွင့်များ ဆုံးရှုံးမှု အများအပြား ရှိခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံလူဦးရေ ခန့်မှန်းချက်များမှာ နိုင်ငံတကာအဖွဲ့ အစည်းများအကြား တခုနှင့်တခု တူညီမှု မရှိခဲ့ကြပေ။ ကမ္ဘာ့ဘဏ် ကိန်းဂဏန်းအရ ၄၈ သန်းဟု ခန့်မှန်းပြီး အာရှဖွံ့ဖြိုးရေးဘဏ်က သန်း ၆ဝ ဟု ခန့်မှန်းကာ နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့ကြီးကမူ ၆၄ သန်းဟု ခန့်မှန်းထားကြသည်။


ရန်ကုန် (မဇ္ဈိမ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်