Tuesday, December 11, 2012

KIA တပ်မဟာ (၁) နဲ့ တပ်မဟာ (၂) မှ တပ်ဖွဲ့ဝင်များ အုပ်စုလိုက်ထွက်ပြေးနေပြီ ….

Posted by drmyochit Tuesday, December 11, 2012, under | No comments



 စစ်တပ်နဲ့ KIA အဖွဲ့ကြားတိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာခြင်းကြောင့် ပန်ဝါနယ်ခြားကျောက်တိုင် (၆) အနီးမှာ တာဝန်ထမ်းဆောင်နေတဲ့ KIA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၄) မှ ဒုတပ်ကြပ် လရန်လရော်၊ တပ်သား လမာတန်ဂွန်း၊ တပ်သား ဒဘန်ဒီးလာ၊ တပ်သား မတောင်ဘရန်နန်၊ တပ်သား မရန်ဘောက်နော် တို့ဟာ လက်နက်တွေနဲ့အတူ နိုဝင်ဘာလ (၂၃) ရက်နေ့မှာ ထွက်ပြေးသွားတယ်လို့ ရင်း (၄) မှ အရာရှိ တစ်ဦးက ပြောပြလာပါတယ်။


အလားတူ နိုဝင်ဘာလ (၂၆) ရက်နေ့ညနေစောင်းမှာ KIA ရင်း (၁၄) မှတပ်သား ဆန်ဇီ၊ တပ်သား ဖူဂျီဘူဇာနဲ့ တပ်သား ဒီးလာတို့ (၃) ဦးအား သူတို့တပ်စခန်းကနေထွက်ပြေးတာ ပန်ဂေါချောင်းဆုံဘက်မှာ ပြန်မိလို့ သတ်ပစ်လိုက်တဲ့အကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ (၄) ရက်နေ့ နယ်ခြားကျောက် တိုင် (၆) အနီး တိုက်ပွဲဖြစ်ပွားနေချိန်မှာ KIA တပ်မဟာ (၁)က တပ်သား ဂေါင်ရီဇော်ဆန်းနဲ့ တပ်သား မရန်နော်ဒိန်တို့ (၂) ဦးဟာ ၎င်းတို့ကိုင်ဆောင်တဲ့လက်နက်များနဲ့ အတူ ထွက်ပြေးသွားကြောင်း တပ်ခွဲ မှူးဖြစ် သူ KIA အရာ ရှိမှ ပြောပြလာပါတယ်။

KIA အဖွဲ့အစည်းအတွင်း အောက်ခြေတပ်ဖွဲ့ဝင်တွေအနေနဲ့ ခေါင်းဆောင်ပိုင်းများမှ အောက်တိုဘာလ (၃၀) ရက်နေ့မှာ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရအောင် ဆွေးနွေးပေးမယ်လို့ ပြောဆိုစည်းရုံး ထားပေမဲ့လည်း ဘာမှဖြစ်မလာတဲ့အပြင် တိုက်ပွဲတွေပိုဖြစ်လာပြီး ရှေ့တန်းမှာ ဘယ်နေ့သေရမလဲ ဖြစ်နေကြောင်း၊ ထွက်ပြေးရင်လည်း လိုက်သတ်နေကြလို့ “ သေချင်သေ ရှေ့တန်းမှာ ထမင်း ငတ်ပြီးအသေမခံနိုင်ဘူး ၊ မိဘ မိန်းမနဲ့ ကလေးတွေဆီမှာ ထမင်းအ၀စားပြီး အသေခံတော့မယ် ၊ လစ်ရင်တော့ပြေး မှာဘဲ၊ အားလုံးနဲ့လည်း တိုင်ပင်ထားတယ်”လို့ နယ်ခြားကျောက်တိုင် (၆) အနီးမှာ ဖွင့်ထား တဲ့ KIA ရှေ့တန်းဆေးရုံမှာ တက်ရောက် ဆေးကုသနေတဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးမှာ ပြောဆိုလာ ပါတယ်။

From: ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်