Tuesday, December 11, 2012

သုံးခွမြို့နယ်တွင် NLD ပါတီအား ဆန္ဒပြ

Posted by drmyochit Tuesday, December 11, 2012, under | No comments


(၉-၁၂-၁၂ )ရက်နေ့ (၁၁းဝဝ)ချိန်တွင် သုံးခွမြို့နယ်၊ လက်ပံကျိုးကျေးရွာမှ ပြည်သူ (၆ဝ)ဦးသည် ထောလာဂျီ ဂွမ်ဒေါင်း၊ ဆိုင်ကယ် များဖြင့် ဆိုင်းဘုတ် များကိုင်ဆောင်၍ သုံးခွမြို့ လည်လမ်းမတစ်လျှောက် ဆန္ဒပြခဲ့ ကြောင်းသိရှိရပါသည်။

လမ်းတစ်လျှောက်တွင်လည်း လက်ကမ်းကြေညာချက်များ ဖြန့်ဝေခဲ့ကြောင်း၊ လက်ကမ်းစာစောင်တွင်-'' ဒေါ်အောင်ဆန်း စုကြည်နှင့် NLD ပါတီကို လေးစားပါသည် ၊ ညီလာခံကိုထောက်ခံပါသည်'' '' NLD ပါတီကိုဖျက်ဆီးသော၊ ညီလာခံကိုဖျက် ဆီးသော၊ လက်ပံကျိုး ရွာနှစ်ချမ်းကွဲအောင် အကြံအစည်ကြီးစွာဖြင့် ဖျက်ဆီးသွားသော မြို့နယ် NLD ပါတီကော်မရှင်မှ ခေါင်းဖြူဦးတင်ဝင်းနှင့် ဦးတင်အေးတို့ကိုရှုတ်ချပါသည်''

''NLD ပါတီထဲတွင်ပါတီပျက်ဆီးအောင် ပြည်သူလူထုအကြည်အညိုပျက်အောင် လုပ်ဆောင် နေသော လူယုတ်မာ များရှိနေသည် ပြည်သူများ အထူး သတိထားပါ'' စသည့် စာသား များကို ကွန်ပျူတာ စာစီ၍ လမ်းတစ်လျှောက် စောင်ရေပေါင်း မြောက်များစွာဖြန့် ဝေသွားကြ ပါသည်။

ဆိုင်းဘုတ်များတွင်လည်း'' လူဆိုးလူယုတ်မာများ ကွန်းခိုနေသော NLD ပါတီမှ နှုတ်ထွက် ပါသည်။ ပြည်သူများ အထူး သတိထားပါ'' ဟုပါရှိကြောင်း၊ ၄င်း လက်ပံကျိုး ရွာသားများ ဦးဆောင် လာသူမှာ ဦးပိုးတီ(ခ)ဦးသိန်းဆင့်ဖြစ်ပါသည်။ ဦးပိုးတီ(ခ) ဦးသိန်းဆင့်မှ ပြောကြားရာတွင် -


'' ၄င်းတို့သည် အုပ်ချုပ်ခံလူ တန်းစားများဖြစ်ကြောင်း၊  (ဝ၈)ရက်နေ့ ကျေးရွာ NLD ပါတီအဖွဲ့အား မြို့နယ် NLD ပါတီ ကော်မရှင် အဖွဲ့မှ လာရောက် ရွေးချယ် ခဲ့ရာတွင် ရွာ၏လူဆိုးစာရင်းဝင်များနှင့် အလုပ်အကိုင် မရှိသူများကို NLD ပါတီမှ ရွေးချယ်ခဲ့ကြောင်း၊ အစည်းအဝေး တက်ရောက်သည့် ရွာသားများအား
လုံးအား NLD ပါတီအား မဝင်မနေရဟုဆိုကာ NLD ပါတီဝင်ကတ်များ အတင်း အကြပ် တစ်ပါတည်း ထုတ်ပေး သည်ကို မကျေနပ် သည့်အတွက် ၄င်းပါတီဝင်ကတ်များအား မြို့နယ် NLD ပါတီသို့ ပြန်လည်အပ်နှံရန် ရွာမှ ချီတက် ဆန္ဒပြ လာခြင်း ဖြစ်ကြောင်း၊ အကျိုး ရှိမည့် နေရာတွင် ၄င်းတို့ကိုအ သုံးချခံလိုကြောင်း၊

 ယခုဆန္ဒပြရခြင်းမှာ ပြည်သူ အနေဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း များတွင် အမှန် တကယ် လုပ်ကိုင် နေသူ များနှင့်သာ ပူးပေါင်း ပါဝင် လုပ်ဆောင် လိုကြောင်း၊ မိမိတို့ ကျေးရွာ ဖွံ့ဖြိုးရေး အတွက် လက်တွေ့လုပ်ဆောင် နေသူ များနှင့် ပူးပေါင်း ဆောင်ရွက် သွားလိုကြောင်း ပြောကြားသွားပါသည်။

အဆိုပါ သုံးခွမြို့နယ် လက်ပံကျိုးကျေးရွာ ဆန္ဒပြမှုသည် (၁း၎ဝ)ချိန်ခန့်တွင်ပြီး ဆုံးသွားကြောင်း သိရှိရပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်