Tuesday, December 11, 2012

KIO ခေါင်းဆောင်ပိုင်းတွင် သဘောထားများကွဲလွဲမှုများ ဖြစ်ပေါ်နေ

Posted by drmyochit Tuesday, December 11, 2012, under | No comments


(၂၀၁၂) ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ KIA တပ်ဖွဲ့ ၀င်များနဲ့ စစ်တပ်ကြား၊ တိုက်ပွဲများ ပိုမိုဖြစ် ပွားလာပြီး၊ စစ်တပ်မှ လက်နက်ကြီး များနဲ့ ပြင်းပြင်း ထန်ထန် တိုက်ခိုက်ခဲ့ခြင်းကြောင့် KIA တပ်ဖွဲ့ဝင်များ အကျ အဆုံး များခဲ့ လို့ KIA စစ်ဦးစီးချုပ် ဂမ်ရှောင်က နိုင်ငံတော် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆက်လက်ပြု လုပ်တော့ မည် မဟုတ်ကြောင်း အစိုးရသို့ အကြောင်းပြန်မည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရပါတယ်။ 


အဆိုပါတိုက်ပွဲတွေမှာ KIA ဘက်က တပ်ရင်းမှူးအဆင့်အပါအ၀င် အရာရှိ (၂) ဦးနဲ့တပ်ဖွဲ့ဝင် အများအပြား သေဆုံး/ဒဏ်ရာရရှိခဲ့လို့ KIO ဗဟိုကော်မတီဝင်အချို့က စစ်တပ်ရဲ့တိုက်ခိုက်မှုကို နိုင်ငံတကာ သိအောင် ၀ါဒဖြန့်လိုပေမဲ့လည်း တပ်ဖွဲ့ဝင်တွေ သေကြေဒဏ်ရာရမှုတွေကို လက်အောက်ငယ်သားတွေ သိရှိပါက ပိုမို စိတ် ဓာတ်ကျဆင်းပြီး ထွက်ပြေးတာတွေများလာနိုင်လို့ ဗဟိုကော်မတီဝင်တစ်ချို့က ကန့် ကွက်နေကြောင်း လိုင်ဇာ မှ KIA အရာရှိ တစ်ဦးက ပြောပြပါတယ်။

KIO ခေါင်းဆောင်အများစုကတော့ လက်ရှိနှစ်ဖက်ပစ်ခတ်မှုတွေပိုများလာချိန်မှာ ၎င်းတို့ရဲ့ ရည်မှန်းချက် မအောင်မြင်နိုင်သေးတဲ့အပြင် သေကြေဆုံးရှုံးမှုတွေသာ ပိုများလာလို့ အပစ်အခတ်ရပ်စဲပြီး ကိုယ်လိုချင်တာကို ငြိမ်းချမ်းရေးစားပွဲပေါ်မှာ တောင်းဆိုလျှင်လည်း ရနိုင်ပေမယ့်လည်း စစ်ဦးစီးချုပ်၏ စစ်ရေးအရသာဖြေရှင်းရန် တစ်ဖက်သက်အမြင်အပေါ် ကျေနပ်မှုမရှိကြောင်း ၊ စစ်ရေးအရ ဖြေရှင်းနေခြင်းသည် KIA အဖွဲ့အစည်း ထက်စာလျှင် ပြည်သူလူထုသာ ပိုမိုဒုက္ခရောက်စေသဖြင့် ကာလကြာ ရှည်လာသည်နှင့်အမျှ ပြည်သူလူထုငြိုငြင် မှုခံရပြီး အဖွဲ့အစည်းတွေပါ ထိခိုက်နစ်နာမှု များဖြစ် လာနိုင်တာမို့ အပစ်အခတ်ရပ်စဲရေးကို တိတိကျကျဆွေးနွေး ရပ်ဆိုင်းသွားရေး KIO ခေါင်းဆောင် အများစု က လိုလားလျှက် ရှိကြောင်း သိရှိရပါတယ်။

စစ်ဦးစီးချုပ် ဂမ်ရှောင်ဟာ KIC ဒုဥက္ကဌ (၂) နေရာယူပြီးနောက်ပိုင်း စစ်ရေးအရတုံ့ပြန်ရေးကိုသာ ပိုမို တွန်းအား ပေးလာပြီး ကချင်လွတ်မြောက်ရေးကောင်စီအတွင်း လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးပမ်းလာမှုကြောင့် ခေါင်းဆောင် ပိုင်းအတွင်း သဘောထားကွဲလွဲမှုများ ပိုမိုဖြစ်ပေါ်နေကြောင်း လိုင်ဇာမှ လာသော သတင်းများ အရ သိရှိရပါ တယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်