Tuesday, December 11, 2012

စိန်အလုံး၂၂၀ကို မျိုချပြီး ပြည်ပသို့ထွက်ပြေးရန် ကြိုးစားသည့် သူ

Posted by drmyochit Tuesday, December 11, 2012, under | No comments


ဒေါ်လာ၂ဒသမ၃သန်း တန်ဖိုးရှိ စိန်အလုံး၂၂၀ကို ၀မ်းဗိုက်အတွင်း မျိုချကာ ပြည်ပသို့တရားဝမင် မှောင်ခို တင်သွင်းရန် ကြိုးစားသူကို တောင်အာဖရိကနိုင်ငံမြို့တော် ပေါလ်ရာမာလိုကိုမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် အာဏာပိုင် များက ဖမ်းမိ ခဲ့ကြောင်း နိုဝင်ဘာလ၁၅ ရက် သတင်းများတွင် ဖော်ပြခဲ့သည်။

 စိန်အလုံး ၂၂၀ ကို မျိုချပြီး ပြည်ပသို့ ထွက်ပြေးရန် ကြိုးစားသူ အသက် ၂၅နှစ်အရွယ်ရှိ တောင်အာဖရိက နိုင်ငံသား တစ်ဦးသည် နိုဝင်ဘာလ ၁၃ရက်နေ့က စိန်လုံး၂၂၀ ကျော်မျိုချကာ ပေါလ်ရာမာ လိုကိုမြို့ အိုအာ တန်ပို နိုင်ငံတကာ လေဆိပ်မှ ပြည်ပသို့ ထွက်ခွာစဉ် စစ်ဆေးဂိတ် ရေဒါ ဖန်သား ပြင်တွင် တွေ့ရှိ ရသဖြင့် လေဆိပ် ရဲများက ဖမ်းဆီးခဲ့သည်။ စိန်လုံး များကို မျိုချ ထားသူသည် ဒူဘိုင်းသို့ ထွက်ခွာမည့် လေယာဉ်နှင့် လိုက်ပါမည် ဖြစ်သည်။ တောင် အာဖရိက နိုင်ငံသည် ကမ္ဘာပေါ်တွင် စိန် အများဆုံး ထွက်ရှိသည့် နိုင်ငံဖြစ်ပြီး အလားတူ စိန်မှောင်ခို တင်ပို့မှုများ မကြာခဏ ဖြစ်ပွား လေ့ရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်