
ဂါဇာ ဒေသမှာ အစ္စရေး စစ်သား တစ်ဦး ဖမ်းဆီးခံခဲ့ရတဲ့ အတွက် ၃ ရက်ကြာ အပစ်ရပ်ထားမှု ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။
ဂါဇာ တောင်ပိုင်းက ဥမင် လိုဏ်ခေါင်းတွေကို အစ္စရေး စစ်သားတွေက ရှင်းလင်းနေစဉ် ပါလက်စတိုင်း စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ပြီး အစ္စရေး စစ်သားတစ်ဦး ခုလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အပစ်ရပ်စဲရေးကို ဟားမတ်စ် ဘက်က စတင် ချိုးဖောက်လို့ အစ္စရေးက လက်တုံပြန် တိုက်ခိုက်ဖွယ် ရှိတာကြောင့် ဂါဇာ ဒေသခံတွေကို အိမ်အပြင် မထွက်ကြဖို့ အစ္စရေးက...