Friday, August 01, 2014

ပညာရေးဝန်ထမ်းများ လုပ်သက် (၂) နှစ်ပြည့်လျှင် ပြောင်းရွှေ့ခွင့်တင်နိုင်

Posted by drmyochit Friday, August 01, 2014, under | No comments

အခြေခံပညာကျောင်းမှ ဆရာမနှစ်ဦး ကျောင်းဆင်းချိန် အိမ်ပြန်နေစဉ် (ဓာတ်ပုံ −ကျော်ဇင်သန်း)

ပညာရေးဝန်ထမ်းများ အနေဖြင့် လုပ်သက် ၂ နှစ်ပြည့် ပါက ပြောင်းရွှေ့ခွင့်တင်နိုင်မည် ဖြစ်ပြီး ပြောင်းရွှေ့လိုသည့် ဒေသ များကို စိစစ်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ဇော်မင်း အောင်ကပြောသည်။

ဇူလိုင် ၃၁ ရက်တွင် ကျင်းပ ခဲ့သော ပြည်သူ့လွှတ်တော်အ စည်းအဝေး၌ ရှားတော မဲဆန္ဒ နယ်မှ ဒေါ်နန်းနွံက အခြေခံဆရာ၊ ဆရာမများ သင်ကြားမှု စွမ်း ဆောင်ရည်မြင့်မားရေးသင်တန်း များကို စဉ်ဆက်မပြတ်လေ့ကျင့် သင်ကြားပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့မှု ကို ဒေါက်တာဇော်မင်းအောင်က ဖြေကြားခဲ့သည်။

ပညာရေးဝန်ထမ်းများကို မြို့ပေါ်မှ ကျေးလက်သို့ ပြောင်း လဲတာဝန်ထမ်းဆောင်စေမည် ဆိုပါက လစာမလုံလောက်မှု၊ ပြောင်းရွှေ့စရိတ်ကြီးမားမှု၊ နေ ထိုင်စရာအခက်အခဲများဖြစ်ပေါ် လာနိုင်ပြီး နေရာသစ်တွင် အသားကျရန်အတွက် အချိန်ယူရမည် ဖြစ်ခြင်းကြောင့် သက်ဆိုင်ရာ ဒေသများမှ ပညာတတ်ဘွဲ့ရများ အား ခန့်အပ်တာဝန်ပေးခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။

ပညာရေးဝန်ကြီးဌာနအနေ ဖြင့် အခြေခံပညာ ကဏ္ဍတွင် ဆရာ၊ဆရာမများ၏ သင်ကြားမှု အရည်အသွေး မြင့်မားရေးအ တွက် ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အ တွင်း မူလတန်းအဆင့် ဆရာ၊ ဆရာမများကို ကလေးဗဟိုပြု ချဉ်းကပ်မှုဆိုင်ရာသင်ကြားနည်း စနစ်(Child Center Approach- CCA) သင်တန်းများကို ဖွင့်လှစ် လေ့ကျင့်ပေးလျက်ရှိပြီး ယင်းသင် တန်းများကို ဗဟိုအဆင့်၊ တိုင်း ဒေသကြီး၊ ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့်ဟူ၍ သတ်မှတ်ပြီး ဖွင့်လှစ်ပေးလျက်ရှိကြောင်း ဒေါက်တာ ဇော်မင်းအောင်က ထပ်မံပြောသည်။

၂၀၁၂ ခုနှစ်တွင် ၉၃ မြို့နယ်၊၂၀၁၃ တွင် ၈၅ မြို့နယ်၊ ၂၀၁၄ တွင် ၇၂ မြို့နယ်တို့၌ ဖွင့်လှစ် သင်ကြားပို့ချခဲ့ပြီး ၂၀၁၅ ခုနှစ် တွင် မြို့နယ် ၈၀ နှင့် အဆိုပါ နည်းစနစ်သင်ကြားမှုအားနည်း သောမြို့နယ် ၃၀၊ စုစုပေါင်းမြို့ နယ် ၁၁၀ တွင် ဘာသာရပ်မွမ်းမံ သင်တန်းများဖွင့်လှစ်ရန် လျာ ထားဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။


7Day Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်