Friday, August 01, 2014

အမေရိကန်တွင် ကားပါကင်ထဲ လေယာဉ်ငယ် ပျက်ကျပြီး (၁)ဦးသေဆုံး

Posted by drmyochit Friday, August 01, 2014, under | No comments


အမေရိကန်နိုင်ငံ၊ ဆန်ဒီယေဂိုတွင် လူစည်ကားသော နေရာရှိ ကားပါကင်ထဲသို့ လေယာဉ်ငယ်တစ်စီး ပျက်ကျရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်(၃၀)ရက် ညနေပိုင်းက Mooney M-20L အမျိုးအစား အင်ဂျင်တစ်လုံးတပ် လေယာဉ်ငယ်သည် စတိုးဆိုင် နှစ်ခုအနီး ကားပါကင်ထဲ ပျက်ကျလာခဲ့သည်။ ဆန်ဒီယေဂို မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရ အရာရှိ လီဆွမ်ဆန်က သေဆုံးသွားသော အမျိုးသမီးသည် လေယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည်ဖြစ်ကြောင်း ဆိုသည်။ လေယာဉ်မောင်းသူမှာလည်း အမျိုးသမီး တစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ သူမ၏ ဒဏ်ရာ အခြေအနေကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။

ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ အရာရှိ စတိဗ်ဘားရန့်ဒ်က လေယာဉ်သည် စတိုးဆိုင် တစ်ခု၏ အမိုးနှင့် မီးတိုင်တစ်ချောင်းတို့ကို ဖြတ်တိုက်သွားပြီးမှ ကားပါကင်ထဲ ပျက်ကျခဲ့ခြင်းဟု ဆိုသည်။ လေယာဉ်သည် ပျက်ကျချိန်တွင် မီးလောင်ကျွမ်းခဲ့ပြီး သေဆုံးသူ အမျိုးသမီးသည် ဆိုးဆိုးရွားရွား မီးလောင်ထားခဲ့ကြောင်း သိရှိရသည်။

လေယာဉ်ပျက်ကျစဉ် အကူအညီပေးရန် သွားရောက်ခဲ့သူ နှစ်ဦးမှာလည်း မီးလောင်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး တစ်ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ ဖြစ်စဉ်ကို ပြည်နယ်အစိုးရ လေကြောင်းပျံသန်းမှု စီမံကွပ်ကဲရေး ဌာနနှင့် အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံမှု ဘုတ်အဖွဲ့တို့က တာဝန်ယူ စစ်ဆေးလျက်ရှိသည်။

_Ref: USA Today
7day daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်