Thursday, September 20, 2012

KIA အသုံးချတာခံနေရတဲ့ ABSDF မြောက်ပိုင်းအဖွဲ့

Posted by drmyochit Thursday, September 20, 2012, under | No comments


KIA ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာနဲ့ ၅ မိုင်အကွာမှာ KIA ဌာနချုပ်ကိုကာထားတဲ့ စစ်ရေးအခေါ် နဲ့ပြောမယ်ဆိုရင် KIA ရဲ့ရှေ့ဆုံးခံစစ်စည်း(ပထမခံစစ်စည်း)မှာ စက်တင်ဘာလ ၁၇ ရက်နေ့က အစိုးရ စစ်တပ်နဲ့ တိုက်ပွဲ တွေပြင်း ပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်။ လဂျားယန်နားမှာ ABSDF (မြောက်ပိုင်း)ကျောင်းသား အဖွဲ့ကို KIA ကရှေ့ဆုံးကနေ ကာကွယ်ဖို့နေရာချထားခဲ့တာဖြစ်တယ်။ အစိုးရတပ်က ပစ်တဲ့အမြောက် ကြောင့် ABSDF တပ်ဖွဲ့က မောင်ရှင်း ကျဆုံး ခဲ့ရတယ်။ ဒါကိုကြည့်ရင်မဖြစ်သင့်တဲ့ကိစ္စပါ။ ကချင်ပြည်နယ်မှာ တစ်ဖွဲ့တည်းသာကျန်ရှိနေတဲ့ ABSDF ကို KIA ကအ သုံးချလိုက်တာပဲ။ အစိုးရနဲ့အရင်ဆုံး ထိပ်တိုက် တွေ့ရမဲ့နေရာတွေမှာ KIA တပ်တွေပဲရှိသင့်တယ်။ KIA ရဲ့ပြောရေး ဆိုခွင့်ရှိတဲ့ ဦးလနန်ကသာ တောင်ပြော မြောက်ပြော ပြောနေတာ။ တိုက်ပွဲဖြစ်တိုင်း အစိုးရတပ်က ဘယ်လောက် ကျသွားတယ်။ KIA ကတော့ အထိအခိုက်မရှိဘူး။ ထာဝရငြိမ်းချမ်းရေးအတွက်ဆိုပြီး အ သံကောင်းဟစ်နေတာ။ အစိုးရ စစ်တပ်က အထိအ ခိုက်ရှိသလို KIA ဘက်က ပိုပြီးတော့များလိမ့်မယ်။ KIA ရဲ့လက်ခုပ်ထဲက မြေစာဖြစ်သွားရတဲ့ က ချင် တိုင်း ရင်းသားအရေအတွက်ဟာ မနည်းလှတော့ဘူးထင်တယ်။ မုဆိုးမအဖြစ်ကျန်ရစ်တဲ့ ကချင်တိုင်းရင်းသူ တွေ ကိုစစ် တမ်းကောက်ကြည့်ရင် သိနိုင်ပါတယ်။ ဘယ်ဘက်က ဘယ်လောက်ထိခိုက်ကျဆုံးပြီး ဘယ်သူတွေ အတိဒု က္ခရောက်နေရတယ်ဆိုတာ ကျွန် တော်တို့ ဒေသ ခံတွေလောက် ဘယ်သူမှမသိနိုင်ပါဘူး။ သေချာစွာ စာရင်းလုပ် ကြည့်လိုက်တော့ ဘယ်သူမှမမြတ်ဘဲ ဆုံးရှုံးနေတာကိုတွေ့ရမှာပါ။ အစိုးရတပ်က KIA ဌာနချုပ်နဲ့ ငါးမိုင်လောက် အကွာအဝေးထိရောက်နေတာ ဌာနချုပ်ကိုဝင်သိမ်းမယ်ဆိုရင် သိမ်းပိုက်နိုင်တဲ့အနေအထား ကိုရောက်နေတာ ဘာ ကြောင့် မသိမ်း ပိုက် သေး တာလဲဆိုတာစဉ်းစားစရာပါ။ နိုင်ငံရေးအရဖြစ်လိမ့်မယ်။ ဦးလ နန်ရဲ့လေလုံးတွေကြောင့် ဖြစ် မယ် ထင်တယ်။
          စက်တင်ဘာလ ၃ ရက်နေ့က ဖားကန့်ကိုကျောက်သွားတူးတဲ့ ကချင်၊ ရှမ်း လူအယောက် ၃၀ ကို KIA က အတင်းအဓမ္မဖမ်းပြီး လူသစ်စုသွားတယ်။ ပြန်ပေးဆွဲသွားတယ်လို့ပြောရင် ပိုမှန်လိမ့်မယ်။ မိဘ တွေက သွားရွေးတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့မိန်းကလေးငယ်တွေ ၁၂ယောက်ကို တစ် ယောက် ၂၅၀၀၀ စီတောင်းပြီး ပြန်လွှတ်ပေးလိုက်တယ်။ ဒါတွေဟာအခုမှမဟုတ်ဘူး။ KIA ရဲ့ဓါးပြလို၊ အကြမ်းဖက် သမားလို လုပ်ဆောင် နေတာကြာခဲ့ပါပြီ။ NLD အဖွဲ့ဝင်တွေပါ လာလို့သာ အင်တာ နက်သတင်းပေါ်ရောက်လာ ရတာပါ။ ကချင်လူမျိုး ကောင်းစားရေးလို့ ကြွေးကြော်နေပေမယ့် အတင်းအဓမ္မဖမ်းခေါ်တဲ့ကိစ္စတွေ၊ ဓါးပြ တိုက်၊ လူသတ်တဲ့ကိစ္စတွေ၊ ဆက် ကြေး တောင်းတဲ့ကိစ္စတွေ၊ ရှမ်းမိန်းကလေးတွေကို KIA စစ်သားတွေ အ တင်း အဓမ္မမယားလုပ်ခိုင်းတာတွေ၊ စည်းမဲ့ ကမ်းမဲ့ရွာ ဘေးမှာမိုင်းထောင်တာတွေ၊ လမ်းတံ တားတွေ မိုင်းခွဲဖျက်ဆီး လို့ သေကြေပျက်စီးဆုံးရှုံးရတာတွေ၊ အဖျက် လုပ်ငန်းမျိုးစုံကို ရက်စက်မှုကမ်းကုန်အောင် ကျူးလွန်နေကြတာ တွေဟာ ကချင်ပြည်နယ်က တိုင်းရင်းသား တွေကြိတ် မှိတ်ခံစားနေရတဲ့ ဒုက္ခတွေပါ။
          KIO/KIA ဆိုတာ ၁၉၆၀ ခုနှစ်က လားရှိုးငွေတိုက်ကို ဓါးပြတိုက်ပြီးရတဲ့ ပိုက်ဆံနဲ့ အဖွဲ့အစည်း ကိုစ ဖွဲ့ခဲ့တာပါ။ အဲဒီနောက်ပိုင်းကစပြီး ဒီနေ့အထိလည်း ပြည်သူတွေဆီက လူသတ်၊ ခြိမ်းခြောက်ပြီးမှ ရလာတဲ့ မသထာ ရေစာတွေနဲ့ ရပ်တည်လာခဲ့တာပါ။ စက်တင်ဘာလ ၁ ရက်နေ့ကလည်း မိုးကောင်း၊ နမ္မတီး ရွာက မဂျာဒွဲနူးဆိုတဲ့ ကိုယ်ဝန်သည်အမျိုးသမီးကို လူသစ်အဖြစ်နဲ့ စုသွားတယ်။ ဗိုက်ထဲကကလေးလေးက လူ့လော ကထဲတောင် မရောက်သေးဘူး။ ကိုယ်ဝန်သုံးလနဲ့တပ်သားသစ်အစုခံရတာ တော်တော်အကြံ ပက် စက်တဲ့ KIA တွေပါပဲ။ KIO/KIA ဟာ ကချင်ပြည်နယ်၊ ကချင်လူမျိုးကောင်းစားရေးအတွက်လို့ ပြောနေ တာဟာ လက်တွေ့နဲ့တခြားစီဖြစ်နေပါပြီ။ ကချင်လူမျိုးရဲ့ဘ၀နဲ့ဆန္ဒတွေကို ကိုယ်စားမပြုဘဲ ထင်ရာစိုင်း ဒုက္ခပေးနေကြသူတွေဖြစ်ပါတယ်။ တစ်အူထုံ့ ဆင်းညီ အစ်ကိုအရင်းတွေမို့ နွေးနွေးထွေးထွေးနဲ့ ညိနှိုင်း ဆွေးနွေးအဖြေရှာတာကို လက်မခံနားမ၀င်တာမို့ ကျွဲပါးစောင်း တီးသလို အချိန်တွေကုန်လွန်းလှပါတယ်။ ဒီအချိန်တွေ၊ အနိဋ္ဌာရုံတွေကို လက်တွေ့ခံစားနေရတဲ့ ကျွန်တော် တို့မှာတော့ အရှင်လတ်လတ်ငရဲကျနေ တာပါပဲ။ ၈၈ မျိုးဆက်အဖွဲ့တွေ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေနဲ့ UNFC အဖွဲ့တွေက ဒီအတိုင်းပဲ လက်ပိုက် ကြည့်နေကြတော့မှာလား။ အဆိပ်ပင်ကို ရေလောင်း မြေသြဇာကျွေး သလိုဖြစ်နေပါပြီ။ အရေးကြုံ လာရင်တော့ ပြည်ထောင်စုတပ်မတော်ကြီးကိုပဲ အားကိုးရတော့မယ်။ KIA က ဘီလူး ဆိုင်း တီးနေမှတော့ ဘီလူးက ကလို့ လိုင်ဇာဌာနချုပ်ကိုသာမြန်မြန်သိမ်းပြီး ပြတ်ပြတ်သားသားသာ ကျူပင်ခုတ် ကျူငုတ် မကျန် အောင်တွယ် ပေးပါ တော့လား။ ကျွန်တော်တို့ ပြည်သူတွေ ဘေးကင်းရာကိုရွှေ့ပေးပါ့မယ်။
မနောမောင်

ကာတွန်းများ

Posted by drmyochit Thursday, September 20, 2012, under | No comments





ဟာသ

Posted by drmyochit Thursday, September 20, 2012, under | No comments





ကာကွန်း

Posted by drmyochit Thursday, September 20, 2012, under | No comments





နည်းလမ်းအသစ်ဖြင့် တပ်သားသစ်စုဆောင်းနေသောKIA

Posted by drmyochit Thursday, September 20, 2012, under | No comments



ကချင်လက်နက်ကိုင် တပ်မတော်KIA အဖွဲ့မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် လက်ရှိ တိုက်ပွဲဝင်စစ်သည်တွေနဲ့မလုံလောက်တာကြောင့် တပ်သားသစ်တွေကို နည်းလမ်းအသစ်ထွင်လို့ စုဆောင်းလာခဲ့ပြန်ပါတယ်။ KIA အဖွဲ့ကို နိုင်ငံတကာက စောင့်ကြည့်လာနေပြီဖြစ်တဲ့အတွက် လူသစ် စု ဆောင်းခြင်းကို အရင်ကလိုကျေးရွာတွေကနေ ခွဲတမ်းကျစနစ်နဲ့ ဆင့်ခေါ်လို့မရတော့ပါဘူး။

ကချင်မှန် သမျှ KIA စစ်တပ်မှာ စစ်မှုမထမ်းမနေရဥပဒေ ပြဌာန်းထားခြင်းလဲ မရှိတဲ့အတွက် ကချင်မှာ စစ်မှုထမ်းချင်သူ မရှိသလောက် ရှားပါးနေပါတယ်။ ကချင် တပ်မဟာ(၅)ရဲ့လက်အောက်ခံ တပ်စခန်း တွေဖြစ်တဲ့ ဂျော်မော်စခန်း၊ ညောင်ပင်စခန်း၊ အုန်းတပင်စခန်း နောင်းအိမ်တောင်ကြော စခန်းတွေ အနေနဲ့ တပ်သားသစ်စုဆောင်းပေးနိုင်ခြင်းမရှိတဲ့အတွက် KIA ဌာန ချုပ်အနေနဲ့ အရေးယူ အပြစ်ပေးဖို့ ပြင်ဆင်နေပါတယ်။

တပ်မဟာ(၅)တပ်မဟာမှူးအနေနဲ့ ဌာနချုပ်ရဲ့ ငြိုပြင်မှုကို မလိုလားတာကြောင့် စက်တင်ဘာ၁၉ ရက် နေ့မှာ ၀ိုင်းမော်မြို့နယ်ထဲမှာရှိတဲ့ ဆိုင်းလောင်ရွာ မန်ဝိန်းရွာတွေမှာ လယ်လုပ်နေကြတဲ့ ကချင်လူမျိုး (၁၀) ဦးကို ငွေအများကြီးရတဲ့ ဘိန်းစိုက်ပျိုးခိုင်းမယ်ပြောပြီး ခေါ်ဆောင်လာခဲ့ပါတယ်။ သူတို့အားလုံးကို တကယ်ဘိန်းစိုက်ခိုင်းတာ မဟုတ်ဘဲ အားလုံးကို ဘွမ်ဝါစခန်းထဲမှာ ချုပ်နှောင်ထားလိုက်ပြီး နည်းလမ်း (၂)လမ်းရွေးချယ်ခိုင်းခဲ့ပါတယ်။

KIA မှာ အမှုထမ်းမလား၊ ဒါမှမဟုတ် မိသားစုထံကို အလောင်းပြန်ပို့ ပေးရမလားဆိုပြီး တပ်မဟာမှူးက ရွေးချယ်ခိုင်းခဲ့ပါတယ်။KIA ဗိုလ်ကြီးလနန်က အနီးကပ်စောင့်ကြပ်ပြီး ရွေးချယ်ခိုင်းတာဖြစ် တယ်လို့ထွက်ပြေးလွတ်မြောက်လာတဲ့ရွာသားတစ်ဦးကပြောပြပါတယ်။ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့
အခြေ အနေတွေက အလွန်ပဲဆိုးရွားလွန်းလှပါတယ်။

KIA တပ်တွေ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေသမျှ ကာလပတ်လုံး ဒီလိုမျိုးလူသစ်စုဆောင်းတာတွေ၊ တိုက်ပွဲတွေမှာ သေနတ်ပေးပြီး ၀င်တိုက်ခိုင်းတာတွေ ရှိနေဦးမှာပါ။ သူတို့ခိုင်းတဲ့အတိုင်းမလုပ်ရင်လဲ သတ်ပစ်မှာ ဆိုတော့ ကချင်ပြည်နယ်မှာရှိကြတဲ့ အထူးသဖြင့် KIA တပ်တွေနဲ့ နီးနီးကပ်ကပ်နေထိုင် ကြရတဲ့လူတွေ ရဲ့ဘ၀ကတော့ သေမထူး နေမထူးဖြစ်နေပါတယ်။

အစိုးရတပ်တွေက KIA စခန်းတွေကို လာတိုက်မယ် ဆိုရင် အရပ်သားတွေကို ရှေ့မှာထားပြီး အကာ အကွယ်လုပ်ထားပါတယ်။ ဗမာစစ်တပ်တွေကလာမတိုက်ရင်လဲ KIA တပ်တွေက စစ်တပ်စခန်းတွေကို သွားတိုက်ပါတယ်။ စစ်ပွဲသံသရာကတော့ ဘယ်လိုမှပြီးနိုင် မှာမဟုတ်ပါဘူး လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးဖြစ်တဲ့ ဦးလဗျနော်က ပြောပါတယ်။

ကျွန်တော်တို့အားလုံး လိုချင်နေတာ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးမရှိသရွေ့တော့ ကျွန်တော်တို့ သား သမီး တွေ လူသစ်စုဆောင်းတာခံနေရဦးမှာပဲလို့လဲ အဆိုပါငြိမ်းအကျိုးဆောင်က KDN သတင်းဌာန ကို ပြောဆိုလာခဲ့ပါတယ် ။

KIO ဗဟိုတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေပြီး အုပ်စုဖွဲ့မှုများရှိနေ

Posted by drmyochit Thursday, September 20, 2012, under | No comments




စစ်ဘေးဒဏ်ရဲ့ဖိဆီးမှုကြောင့် ပြည်သူတွေ စားဝတ်နေရေးခက်ခဲပြီး ဒုက္ခမျိုးစုံကြုံတွေ့နေရသလို KIA တပ်ဖွဲ့အတွင်း အောက်ခြေရဲဘော်များအနေနှင့်လည်း တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရသေကြေ ပျက်ဆီးခြင်း၊ ကိုယ့်မိုင်းနှင့်ကိုယ်ထိခိုက်သေဆုံးခြင်း၊ ကျန်းမာရေးအရထိခိုက်သေဆုံးခြင်းတွေ မြင့် တက် လျက် ရှိနေပါတယ်။

 KIA ရဲ့ အကြမ်းဖက်လုပ်ရပ်များ၊ မိုင်းထောင်ဖောက်ခွဲမှုများ၊ စီးပွားရေးလုပ်ငန်းရှင်များသာမက လက်လုပ် လက်စားဈေးသည်များထံမှပါ ဆက်ကြေးတောင်းခံမှုများကြောင့် ပြည်သူလူထုရဲ့ ယုံကြည်မှု ကျဆင်းပြီး KIA အဖွဲ့အတွင်းမှာလည်း အထက်အောက်ဆက်ဆံရေးမပြေလည်မှုများကြောင့် မကြာမှီမှာခွဲထွက် ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းမယ့်အဖွဲ့ဝင်တွေ စတင်လှုပ်ရှားနေပြီဖြစ်ကြောင်း သတင်းရရှိ ပါတယ်။

 KIO အဖွဲ့က လူကြီးများအနေနဲ့ ကာလကြာရှည်စွာ လက်နက်ကိုင်တိုက်ခိုက်မှုတွေလုပ်ခဲ့သည့် အတွေ့အကြုံ အရ ပြည်သူအများစု၏ နစ်နာဆုံးရှုံးမှုကို နောက်ထပ်သက်တမ်းတစ်ခု ထပ်မံကြုံတွေ့ ရနိုင်သည့် စစ်ရေး လမ်းစဉ်အစား ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်လိုသော်လည်း စစ်ဦးစီးချုပ် ဂမ်ရှောင်နှင့် KIO ဥက္ကဋ္ဌ အင်ဘန်လတို့မှ လက်မခံသဖြင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း KIA အရာရှိ တစ်ဦးမှ အတည်ပြု ပြောကြားခဲ့ပါတယ်။

KIA အဖွဲ့တွင်းဖြစ်ပေါ်နေသော သတင်းများအရ ဖားကန့်၊ စပေါ့မှော်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ များကို သွေးအေးအေးဖြင့် ရက်စက်စွာသတ်ဖြတ်မှုကစပြီး တစ်လျှောက်လုံးအာဏာရှင်ဆန်ဆန် အကြမ်းဖက် သတ်ဖြတ်မှုများကျူးလွန်ခဲ့သည့် ဂမ်ရှောင်အနေဖြင့် ငြိမ်းချမ်းရေးရရှိပါက ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း၊ လက်ရှိအာဏာအခွင့်အရေးများ ပျောက်ဆုံးသွားမည်ကို စိုးရိမ်နေကြောင်း၊  အင်ဘန်လမှ တစ်လျှောက်လုံးအကြမ်းဖက်လုယက်မှုကြောင့် ငွေကြေးကြွယ်ဝချမ်းသာပြီး စင်္ကာပူ၊ ဗန်ကောက်၊ တရုတ်တို့တွင် ပိုင်ဆိုင်မှုများရှိသော်လည်း ပညာမတတ်သည့်အတွက် ငြိမ်းချမ်းရေး ရလာပါ က လူရာမ၀င်ဘဲ ဘေးရောက်သွားမည်ကို ပူပန်မှုကြောင့် ၄င်းအစိုးရနှင့် ငြိမ်းချမ်းရေးကို အပြင်းအထန် ဆန့်ကျင်လျက်ရှိကြောင်း ဗဟိုဌာနချုပ် နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သုံးသပ်ပြောကြားချက်အရ သိရ ပါတယ်။

KIA အဖွဲ့တွင်း အခွင့်အရေးညီမျှမှုမရှိခြင်း၊ လက်အောက်မှ သေကြေပျက်ဆီးမှုများပြီး အကျိုးခံစား ခွင့်နှင့် ထောက်ပံ့မှုများမရှိခြင်း၊ သေဆုံးသူ KIA တပ်ဖွဲ့ဝင်များ၏ မိသားစုများအနေဖြင့် တစ်စုံတစ် ရာ ထောက်ပံ့မှု မရှိခြင်းတို့ကြောင့် လက်အောက်မှ ခွဲထွက်လိုသော အလယ်အလတ်အဆင့် ခေါင်းဆောင် များမှ KIO ယခင် လူကြီးများနှင့် လျှို့ဝှက်တွေ့ဆုံဆွေးနွေးမှုများရှိနေကြောင်း သိရှိရပြီး KIO ဗဟိုတွင် အုပ်စုဖွဲကာ လှုပ်ရှားမှုများ ရှိနေသည်ဟု KIA အသိုင်းအ၀ိုင်းအတွင်း ဝေဖန်ပြောဆိုနေကြပါတယ် ။

ဖားကန့်မြို့နယ်အတွင်းရှိ နမာယန်ချောင်းဘေးတွင် မိုင်းပေါက်ကွဲရာမှ ဒေသခံတစ်ဦးသေဆုံး

Posted by drmyochit Thursday, September 20, 2012, under | No comments


 
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်းမှာရှိတဲ့ မှော်ဝန်းရပ်ကွက်အနောက်ဘက် နမယန်ချောင်း ဘေးမှာ စက်တင်ဘာလ(၁၈)ရက်နေ့က KIA အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိကာ ပေါက် ကွဲခဲ့တဲ့အတွက် တောင်ယာလုပ်ကိုင်ရန်သွားရောက်တဲ့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံး ခဲ့တယ်လို့သိရပါတယ်။  သေဆုံးသူမှာ မှောဝန်းရပ်ကွက်မှာနေထိုင်တဲ့ အသက်(၅၁)နှစ်အရွယ်ရှိ ကချင် လူမျိုး ဒေါ်လတ်ဆိုင်း ဆိုသူ ဖြစ်ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်ရန် စိုက်ခင်းသို့ သွားရောက်စဉ် နမာယန်ချောင်းဘေး အရောက် မိုင်းနင်းမိကာ ပေါက်ကွဲခဲ့တာဘဲဖြစ်ပါတယ်။ ဒေသခံများမှ ဖားကန့်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့သော် လည်း ဆေးရုံ့မရောက်မီ လမ်းခုလပ်တွင်ပင် သေဆုံး သွားခဲ့တယ်လို့သိရပါတယ်။ဒေါ်လတ်ဆိုင်းမှာ ယောကျာ်းဖြစ် သူသေ ဆုံးသွားခဲ့ပြီး သားသမီး(၄)ယောက် နဲ့အတူဆင်းရဲနွမ်းပါးစွာ တောင် ယာ လုပ်ငန်းလုပ်ကိုင်ရင်း အသက် မွေးဝမ်းကျောင်း ပြုနေရသူဖြစ်ပါတယ်။

 အိမ်ထောင်ဦးစီးတစ်ယောက် အနေနဲ့ သားသမီး(၄)ယောက်ကို ကျွေးမွေးပြုစု ပျိုးထောင်ပေးနေရတဲ့ မုဆိုးမ တစ်ဦးလည်း ဖြစ်ပါတယ်။သားအကြီး နှစ်ယောက်မှာ မိခင်နှင့်အတူ တောင်ယာလုပ်ငန်းအား ၀ိုင်းဝန်းလုပ်ဆောင်ကာ ညီမ ငယ် နှစ်ယောက်အတွက်  ကျောင်းစရိတ် ရှာဖွေနေကြရပါတယ်။အငယ်ဆုံးသမီး မဂျာလုံမှာ မှော် ၀န်း ကျောင်းတွင် တတိယတန်း ပညာသင်ကြားနေဆဲ ကျောင်းသူတစ်ယောက် ဖြစ်ပြီး ယခုလို မိသားစု အရေး စီးပွားရေးအခက်အခဲများကို မားမားမတ်မတ်ရင်ဆိုင်ဖြေရှင်းပေးနေတဲ့ မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့ အတွက် အနာဂတ်ပျောက်လုဆဲဆဲ ဖြစ်ပေါ်နေရပါပြီ။    ``သူတို့မှာ မောင်နှမ လေးယောက်ရှိတယ်၊ သူ့အဖေကတော့ ဆုံးသွားတာ(၅)နှစ်လောက် ရှိပြီ ယောကျာ်းလေးနှစ်ယောက်ကတော့ သူ့အမေနဲ့အတူ ကျောင်းဆက်မတက်တော့ဘဲ တောင်ယာ ၀ိုင်းလုပ် ပေးတယ်။ အငယ်ဆုံးမိန်းခလေးကတော့ ကျောင်းတက်နေတယ်။ သူတို့မိသားစုမှာ မိဘဆိုလို့သူတို့အမေ ကိုဘဲ အားကိုးနေရတာ။ အခုတော့ ရေ တောင်ကြီး ပြိုကျနေသလိုဒုက္ခပင်လယ် ဝေနေရတဲ့ အပြင် မိဘမဲ့စာရင်းထဲတောင် အဲဒီကလေးတွေ ပါနေ ရပြီ´လို့ဒေသခံများမှမချိတင်ကဲပြောဆိုနေကြပါတယ်။

(ကချင်နေ့ စဉ်သတင်း)

မန္တလေးဈေးချိုတော်ကို မီးရှို့ရန်ကြံစည်ပြီး ကြွပ်ကြွပ် အိတ်နှင့် ထည့်ထားသော ဓါတ်ဆီများ တွေ့ရှိ

Posted by drmyochit Thursday, September 20, 2012, under | No comments


ဤသို့ ကြွပ်ကြွပ်အိတ်နှင့် ထည့်ထားသော ဓါတ်ဆီ များကို ရှာဖွေ တွေ့ရှိခဲ့သည်

မန္တလေး ဈေးချိုတော် ၇ (ခုနှစ်)နံပတ်ရုံ (မုန့်စုံရုံ ဟုလည်းခေါ်ကြ) နဲ့ဈေးအိမ်သာ (သန့်စင်ခန်း)အကြား မှာ   ဆိုင်တွေအောက်ခြေနားကကြွတ်ကြွတ်အိတ်နဲ့ထည့်ထားတဲ့ ဓာတ်ဆီအိတ် ၄ အိတ်ကို ဈေးမဖွင့်ခင် မနက် ၆ နာရီဝန်းကျင်ကတွေ့ရှိကြောင်း သိရပါသည်။ထိုအိတ်များကို  ဈေးခင်းဖို့ရောက်လာတဲ့ရှမ်းခေါက် ဆွဲဆိုင်ရှင် မိန်းမကြီးက မီးတောက်နေတာကို စတင်တွေ့ရှိလို့ ဈေးသန့်စင်ခန်း အစောင့်ကို အော်ဟစ် အကူအညီတောင်းတာကြောင့်အခြားသောဈေး သူဈေးသားများနဲ့အတူ ရေစိုပုဆိုး၊ ရေစို အ၀တ်တွေနဲ့
ငြိမ်းသတ်ရာမှာ မီးတောက် တစ်တောင် သာသာပဲ ရှိခဲ့လို့ ခဏတွင်းမီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ 


မနက်ပိုင်းမှာ ဓာတ်ဆီအိတ် ၄အိတ်တွေ့ရှိခဲ့တာဖြစ်ပြီး ခေါင်မိုးနေရာတွေမှာ ဆက်လက်ရှာဖွေရာဓာတ်ဆီ အိတ်တွေဆက်တွေ့တယ်လို့ဆိုပါတယ်။ မွန်းလွဲ ၁ နာရီ လောက်မှာတော့ ဓာတ်ဆီအနံ့ထပ်ရတာကြောင့် ဆက်လက်ရှာဖွေရာ နောက်ထပ် ကြွတ်ကြွတ်အိတ်အနက်ရောင်နဲ့ ထည့်ထားတဲ့ ဓာတ်ဆီအိတ်တွေကို ထပ်မံတွေ့ရှိပါသည်။


ဒီတစ်ကြိမ်က ပထမဆုံးမဟုတ်ပဲ ဒီလိုဖြစ်တာ ၄ ကြိမ်ရှိပြီဖြစ်တာကြောင့် ဈေးသူဈေးသားများက တရားခံကို အမြန်ဆုံးဖမ်းမိစေချင်နေကြပြီး မီးဘေးအတွက်လည်း စိုးရိမ်နေကြရကြောင်းသိရသည်။
 
ဤသို့ ကြွပ်ကြွပ်အိတ်နှင့် ထည့်ထားသော ဓါတ်ဆီ များကို ရှာဖွေ တွေ့ရှိခဲ့သည်

ငြိမ်ခံနေရင် ကချင်ပြည်နယ်မှာ ကချင်လူမျိုးတွေ ပျောက်သွားလိမ့်မယ်

Posted by drmyochit Thursday, September 20, 2012, under | No comments


ကချင်ပြည်နယ်ကြီး သီးခြားဝမ်ပေါင် သမ္မတနိုင်ငံထူထောင် ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကချင်လွတ်မြောက် ရေး တပ်မတော်ကိုဖွဲ့စည်းခဲ့ပါ တယ်။ ကချင် အများစုအနေ နဲ့ခရစ်ယာန် ကိုးကွယ်သူတွေ များတဲ့အတွက် ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ်ပြဌာန်းလိုက်တဲ့အချိန်မှာ ကချင် လူမျိုးတော်တော်များများက မခံမရပ်နိုင်ဖြစ် ပြီးKIA တပ်မတော်ကို အားကိုးတကြီး ၀င်ရောက်လာခဲ့ကြပါတယ်။


 အဲဒီကနေစတင်ပြီး ကချင်လက်နက်ကိုင်ခေါင်းဆောင်ပိုင်းတွေအနေနဲ့ သွေးနားထင်ရောက်ပြီး ၀မ်ပေါင် သမ္မတနိုင်ငံတည် ထောင်မယ်ဆိုတဲ့စိတ်ကူးတွေယဉ်ခဲ့ကြတာဖြစ်ပါတယ်။၁၉၈၉နောက်ပိုင်းမှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းပြီး စီးပွားရေးလုပ်ငန်းတွေတရားဝင် ဆောင်ရွက်ခွင့်ရခဲ့တဲ့အတွက် KIA ခေါင်းဆောင် ပိုင်းကလူကြီးတွေ ကျိကျိတက်ချမ်းသာခဲ့ကြပါတယ်။ 

ဒါကြောင့် ကချင်လက်နက်ကိုင်ခေါင်းဆောင်ပိုင်းနဲ့ အပေါင်းအပါတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို လုံးဝ စွန့်လွှတ်ဖို့ စိတ်မကူးတော့ဘဲ တန်းတူရည်တူရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး၊ ဒုတိယပင်လုံညီ လာခံ ခေါ်ယူရေးစတဲ့အကြောင်းအရာအချက်အလက်တွေကို တစ်ချက်ပြီးတစ်ချက် မရိုးနိုင်အောင်အော်လာ ပါ တော့တယ်။ 

လက်ရှိအစိုးရဟာ ဒီမိုကရေစီအစိုးရဖြစ်တာနဲ့အညီတတိုင်းပြည်လုံးဒီမိုကရေစီထွန်းကားဖို့ လုပ်ဆောင်နေပါ တယ်။ အထူးသဖြင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေတဲ့ နယ်စပ်ဒေသတွေမှာ ဒီမိုကရေစီ ထွန်းကားစေရ မယ်ဆိုတဲ့စိတ်ထားနဲ့ လက်နက်ကိုင်အဖွဲ့မှန်သမျှအပေါ်လိုက်လျောမှု အပြည့်အ၀ပေးပြီး ငြိမ်းချမ်းရေး လုပ်ဆောင်နေပါတယ်။

ကချင်ပြည်နယ်မှာရှိတဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIAကတော့ ဒီမိုကရေစီသကြားမင်းကြီး ဆင်းလာ ပြီး  ဆွေးနွေးရင်တောင် လက်ခံမှာမဟုတ်ပါဘူး။ သမ္မတကိုယ်တိုင်က နေပြည်တော်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်  နေပေမယ့် KIAကတော့ ငြင်းပယ်မြဲငြင်းပယ်နေပါတယ်။ ဒီလိုမျိုးငြင်းပယ်နေတဲ့အပြင် ကချင်ပြည် နယ် အတွင်းမှာ အကြောက်တရားနဲ့ စိုးမိုးနေဖို့အတွက် မိုင်းထောင်လို့ရတဲ့ နေရာဒေသတွေမှာ မိုင်းတွေထောင်ထားပါတယ်။

ကချင်ပြည်နယ်မှာနေထိုင်ကြသူတွေအနေနဲ့ ငါဘယ်နေ့ ဘယ်နားကမိုင်းနဲ့သေမလဲ ဆိုတဲ့ အတွေးတွေနဲ့ သွားလာလှုပ်ရှားနေကြရပါတယ်။ ကချင်ပြည်နယ်အတွင်း မိုင်းကြောင့်သေသွားတဲ့သူတွေ ၊ ခြေပြတ် လက်ပြတ်ဖြစ် တဲ့သူတွေ၊ မျက်စေ့မမြင်တော့တဲ့သူတွေ၊နားထိုင်းသွားတဲ့သူတွေရဲ့ အရေအတွက်ဟာ မရေ တွက်နိုင်လောက်အောင်များပြားနေပါတယ်။


ကချင်ပြည်နယ်မှာရှိကြတဲ့ လူတွေအားလုံးကတော့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)ကို အစိုးရနဲ့ငြိမ်း ချမ်း ရေးဖြစ်ဖြစ်မြောက်မြောက်လုပ်စေချင်ကြပါတယ်။ ကချင်ပြည်နယ်ကြီးတစ်ခုလုံးငြိမ်းငြိမ်းချမ်းချမ်းရှိနေမှ လူသစ်စုဆောင်းခံရခြင်း၊ ငွေကြေးပေးနေရခြင်း၊ အသတ်ခံရခြင်းဆိုတဲ့ဒုက္ခတွေက လွတ်မြောက်နိုင်မှာ ဖြစ် ပါတယ်။

 လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီအရေးတို့ဆိုတာ လက်ရှိမှာကချင်ပြည်နယ်မရှိသေးပါဘူး။ ကချင်ပြည်နယ်မှာ ရှိနေတာက ဒုက္ခရောက်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေပဲဖြစ်ပါတယ်။ ဒုက္ခသည် တွေ တစ်နေ့တစ်ခြား များပြားလာနေတဲ့အတွက်ကြာရင် ကချင်လူမျိုး၊ကချင်ပြည်နယ်ဆိုလိုက်တာနဲ့ ဒုက္ခသည်တွေနေတဲ့ပြည်နယ် လို့ အများကထင်သွားနိုင်ပါတယ်။



ကြာလာရင်ကချင်ပြည်နယ်မှာ ကချင် လူမျိုးတွေ ဒုက္ခရောက်သထက်ရောက်ပြီး ဆင်းရဲလွန်းလာရင် လူမျိုးပါပျောက်သွားနိုင်ပါတယ်။ ဒီအချက်ကိုတော့ KIA ခေါင်းဆောင်ပိုင်းက အထူးအလေးထား စဉ်းစားသင့်ပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ည ၈နာရီအချိန်ခန့်မှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီး ကျေးရွာ အုပ်စု ကံလှကျေးရွာအနီးမှာရှိတဲ့ ရေအေးချောင်း တံတားတစ်စင်း ဖောက်ခွဲဖျက်ဆီး ခံရပါတယ်။ အဲဒီ တံတားဟာသံဘောင်နဲ့သစ်သားတံတားအမျိုးအစားဖြစ်ပြီးပေ၄၀ကျော်ရှည်ပါတယ်။မြစ်ကြီးနားနဲ့တနိုင်းသွားတဲ့လမ်းပေါ်မှာရှိပြီး ပို့ဆောင်ဆက်သွယ်ရေးအတွက် အဓိက အသုံးပြု နေရတဲ့တံတား တစ်ခုဖြစ်ပါ တယ်။ 

တံတားတစ်စင်းဖျက်ဆီးခံရတိုင်း ဒီတံတားနောက်ဆုံးဖြစ်ပါစေ၊ နောက်ထပ်ဒီလိုမျိုး ဖောက်ခွဲခံ ရတာ တွေ မရှိပါစေနဲ့လို့ ဆုတောင်းပေမယ့် ဘယ်လိုမှ ဆုတောင်းမပြည့်ခဲ့ပါဘူး။ တံတားဖျက်ပြီးရင်၊လမ်းဖျက်မယ်၊
လမ်းဖျက်ပြီးရင် လူသတ်မယ်ဆိုပြီး KIAရဲ့ လုပ်ရပ်တွေဟာ ကချင်ပြည်နယ်အတွက်တော့ အရမ်းကို ရက်စက်လွန်းလှပါတယ်။

စက်တင်ဘာ(၁၈)ရက်နေ့မှာပဲ ကချင်အမျိုးသမီးကြီးတစ်ယောက် မိုင်းထိပြီး သေသွားခဲ့ပြန်ပါတယ်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ဝန်းရပ်ကွက်အနောက်ဘက်နမယန်ချောင်းဘေးနားမှာ အသက် (၅၁)နှစ်အရွယ်ရှိတဲ့ကချင်လူမျိုးဒေါ်လတ်ဆိုင်းဟာ တောင်ယာလုပ်ငန်းလုပ်ကိုင်ဖို့စိုက်ခင်းကိုအသွားနမာယန်ချောင်း ဘေးအရောက်မိုင်းနင်းမိကာ ပေါက်ကွဲခဲ့တာဘဲဖြစ်ပါတယ်။ ဒေသခံတွေကဖားကန့်မြို့ ပြည်သူ့ ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် လမ်းခုလတ်မှာ သေဆုံးသွားခဲ့ပါတယ်။ 

ဒေါ်လတ်ဆိုင်းဟာ ယောက်ျားဖြစ်သူသေဆုံးသွားခဲ့ပြီး သားသမီး(၄)ယောက်နဲ့အတူ ဆင်းရဲနွမ်းပါး စွာ တောင်ယာလုပ်ငန်းလုပ်ကိုင်ရင်းအသက်မွေးဝမ်းကျောင်းပြုနေရသူဖြစ်ပါတယ်။သားသမီး(၄) ယောက်ကို ကျွေးမွေးပြုစုပျိုးထောင်ပေးနေရတဲ့မုဆိုးမတစ်ဦးလည်းဖြစ်ပါတယ်။ သားအကြီးနှစ်ယောက် မှာ မိခင်နှင့်အတူ တောင်ယာလုပ်ငန်း ၀ိုင်းဝန်းလုပ်ဆောင်ပြီး ညီမငယ်နှစ်ယောက် အတွက်  ကျောင်းစ ရိတ် ရှာဖွေနေကြရပါတယ်။ အငယ်ဆုံးသမီး မဂျာလုံမှာ မှော်ဝန်းကျောင်းမှာ တတိယ တန်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။

``သူတို့မှာ မောင်နှမလေးယောက်ရှိတယ်၊ သူ့အဖေကတော့ ဆုံးသွားတာ(၅)နှစ်လောက် ရှိပြီ သူတို့လင်မယားကကံဆိုးရှာပါတယ်။ သူ့ယောက်ျားတုန်းကလဲ ဒီလိုပဲKIAအဖွဲ့တွေ ထောင်ထားတဲ့နင်း မိုင်းတက်နင်းမိပြီးသေသွားခဲ့တာပါ။သားယောကျာ်းလေးနှစ်ယောက်ရှိပေမယ့် တစ်ယောက်က မသန် စွမ်းပါဘူး။ KIA တပ်မှာ စစ်မှုထမ်းရင်း တိုက်ပွဲမှာ ဒဏ်ရာရထားပါတယ်။ ဦးနှောက်လဲ သိပ်မကောင်း ရှာပါဘူး။ 

သူ့အမေနဲ့အတူ တောင်ယာဝိုင်းလုပ်ပေးပါတယ်။အငယ်ဆုံးမိန်းခလေးကတော့ ကျောင်းတက် နေတယ်။ သူတို့မိသားစုမှာ မိဘဆိုလို့ သူတို့အမေကိုဘဲ အားကိုး နေရတာ။ အခုတော့ ရွှေတောင်ကြီး ပြိုကျနေသလို ဒုက္ခပင်လယ် ဝေနေရတဲ့ အပြင် မိဘမဲ့စာရင်းထဲတောင် အဲဒီကလေးတွေ ပါနေရပြီ´´ လို့ ဒေသခံရွာလူကြီးတစ်ဦးက ပြောဆိုပါတယ်။ 

ဒီလိုမျိုးဒုက္ခတွေ ပင်လယ်ဝေနေတဲ့ မိသားစုတွေကချင်ပြည်နယ်အတွင်းမှာ အများကြီးရှိနေပါတယ်။ ဒုက္ခရောက်သူထဲမှာ အခြားတိုင်းရင်းသားတွေအချို့တစ်ဝက်ပါတယ်ဆိုပေမယ့် ကချင်လူမျိုးတွေအများဆုံး ခံနေကြရပါတယ်။ ကချင်တပ်မတော်KIAအနေနဲ့ ခုလိုမျိုးသာ ဆက်လက်ပြီး လုပ်ဆောင်နေမယ် ဆိုရင် ဒေသခံပြည်သူလူထုတွေကလဲ ဒီအတိုင်းခေါင်းငုံ့ခံနေကြမယ်ဆိုရင် ကချင်လူမျိုးတွေရဲ့ အနာဂတ် အရေးဟာ စိတ်မအေးဖွယ်ဖြစ်နေပါတယ်။ 

ဒါကြောင့် စက်တင်ဘာလ(၂၁)ရက်နေ့မှာ ကချင်အားလုံး ကချင်ပြည်နယ်ကြီး ငြိမ်းငြိမ်းချမ်းချမ်း ရှိစေဖို့ ဆုတောင်း ဆန္ဒပြမှုတွေပြုလုပ်ကြပါတော့မယ်။ ကချင်လူမျိုး တွေအားလုံးလိုက်ပါလှုပ်ရှားကြဖို့လည်း အသိပေးနှိုးဆော်ထားပါတယ်။ ငြိမ်းချမ်းရေးအတွက် စစ်ပွဲတွေရပ်တန့်ဖို့ အစိုးရကာကွယ်ရေးဌာနကို လဲ တောင်းဆိုမယ်လို့သိရှိရပါတယ်။

ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းနေတာဖြစ်၊ လုံးဝပယ်ဖျက်တာ မဟုတ်ဟုပြော

Posted by drmyochit Thursday, September 20, 2012, under | No comments




“မြန်မာအစိုးရက ပြောပါတယ်။ ဆည်ကိစ္စရပ်ဆိုင်း နေတာပါ။ ပယ်ဖျက်တာ မဟုတ်ပါဘူး”မြစ်ဆုံဆည် စီမံကိန်း ရင်းနှီးမြှုပ်နှံသည့် တရုတ်နိုင်ငံတော်ပိုင် ကု မ္ပဏီတစ်ခုဖြစ်သော CPI ကုမ္ပဏီ၏ ဒုတိ ယဥ က္က ဋ္ဌမစ္စတာ Xia Zhong နှင့် CPI လက် အောက်ခံ ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ Li Guanghua တို့နှင့် 7Day News က ဘေဂျင်းမြို့ CPI ရုံးချုပ်တွင် စက်တင်ဘာ ပထမပတ်အတွင်းက တွေ့ဆုံခဲ့သည်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခံရပြီး ငွေကြေးအကျပ်အတည်းများနှင့် ကြုံတွေ့နေရကာ စီမံကိန်းပြန် လည်စ တင်နိုင်ရေး ကြိုးပမ်းနေသည်ဆိုသော CPI နှင့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားပြီး တစ်နှစ်နီးပါးအကြာ လတ် တလော အခြေအနေများကို 7 Day News က မေးမြန်းထားသည်။

မြစ်ဆုံအပါအ၀င် ဧရာဝတီမြစ်ညာမြစ်ဝှမ်းဒေသမှာ ကျန်စီမံကိန်းတွေ တဖြည်းဖြည်းချင်း ဆက် လုပ်သွားမယ်လို့ပြောတော့ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်သွားဖို့ CPI က စိတ်ဆုံးဖြတ်ထားတယ်ပေါ့။

ဒီစီမံကိန်းက ပြည်သူလူထုအတွက် နိုင်ငံတော်အတွက် အကျိုးရှိနိုင်ပါတယ်။ လက်ရှိတော့ ပြည် သူလူထုက ကောင်းကျိုးတွေ မမြင်နိုင်သေးပေမယ့် နောင်ကောင်းကျိုးတွေ မြင်လာရင် သူတို့ နား လည်မှာပါ။

ဒါပေမဲ့ ပြည်တွင်းမှာ ဒါကိုတော်တော်လေး ပြောဆိုရေးသား ဆွေးနွေးတာတွေရှိနေတော့ အဲဒီ မျှော်လင့်ချက်က ရှိပါဦးမလား။ မျှော်လင့်ချက်ဖြစ်မလာရင် CPI အနေနဲ့ ဘာလုပ်မယ်စိတ်ကူးလဲ။

စာအုပ်ထုတ်ထားတယ်။ အဲဒီစာအုပ်ထဲမှာ ပြောထားပါတယ်။ လူအားလုံးကို ဒီစီမံကိန်းက ကောင်း တယ်လို့ နားလည်စေချင်ပါတယ်။ နောက်ပြီး တစ်ခုမျှော်လင့်တာက နိုင်ငံတကာမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေ၊ မြန်မာပြည်မှာရှိတဲ့ အင်န်ဂျီအိုအဖွဲ့အစည်းနဲ့ မြန်မာပ ညာရှင်တွေနဲ့အတူတူညှိနှိုင်းလုပ်ဆောင်ချင်ပါတယ်။

ဟိုတလောက တရုတ်ရေအားလျှပ်စစ် အင်ဂျင်နီယာအဖွဲ့က ထုတ်ပြန်တဲ့ မြစ်ဆုံနဲ့ပတ်သက်တဲ့ သဘော ထားကြေညာချက်က CPI နဲ့ ပတ်သက်မှုရှိလား။

အဲဒါရေးတာက တရုတ်ရေအားလျှပ်စစ်ကော်မတီက မစ္စတာဇန်ဝေါ်တင် ဖြစ်ပါတယ်။ သူ့ကိုလည်း သိပါ တယ်။ ဒါပေမဲ့လည်း အလုပ်ကဏ္ဍ ဆက်စပ်မှုမရှိပါဘူး။

မြစ်ဆုံကတော့ သမ္မတသက်တမ်းမှာ နားသွားပြီ။ ကျန်တဲ့ ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း ခြောက်ခုကျန်သေးတော့ မြစ်ဆုံရပ်သွားပြီးနောက်ပိုင်း ကျန်အလုပ်တွေ ဆက်လုပ်ဖို့ ယုံကြည်ချက်ရော ရှိသေးလား။ မြန်မာအစိုးရက ဒီစီမံကိန်းတွေကို မြစ်ဆုံလိုမျိုး ရပ်ပစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုးပေါ့။

ယုံကြည်စိတ်ရှိမလားမေးတော့ အဓိက ရင်းနှီးမြှုပ်နှံဖူးတဲ့ကုမ္ပဏီနဲ့ တရုတ်အစိုးရ ဒီကိစ္စအတွက်  ယုံ ကြည် မှုရှိမှရမယ်။ အခု ဒီကိစ္စမှာ ကျွန်တော်တို့ ယုံကြည်လား၊ မယုံကြည်လားထက် မြန်မာ အစိုးရ အခြေအနေ မြန်မာလူမျိုးတွေရဲ့ အခြေအနေကို ကြည့်နေတာ။

အခုနောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေ ဆင်ဆာမရှိတော့ဘူးဆိုတော့ အရင်ကလို တရုတ် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး အကာအကွယ်မရှိတော့ဘူး။ ပွင့်လင်းလာတယ်။ အဲဒီအပေါ်မှာရော စိုးရိမ်မိလား။

အခု မြန်မာပြည် မီဒီယာနဲ့ပတ်သက်ပြီး မကောင်းတာတစ်ချက် တွေ့ရှိထားတယ်။ အားလုံးက မကောင်း တာဘဲ ပြောနေတယ်။ ကောင်းတာပြောတာ နည်းနေတယ်။ အဓိက မီဒီယာက ဘက်မလိုက်ဘဲ အဲဒီကိစ္စအပေါ် ရေးသင့်ပါတယ်။ အရေးကြီးကိစ္စ ဖြစ်ပေါ်ရင် ဆွေးနွေးဖလှယ်ပြီး ရေးရမှာပေါ့။ နောက် ပြီး တရုတ်ပြည်မှာ အကြီးစားရေအားလျှပ်စစ် စက်ရုံကြီးတွေ တည်ဆောက်နေတယ်။ မီဒီယာ တွေက လည်း မကောင်းတာတွေလည်း ထောက်ပြရေးသလို ကောင်းတာရေးတာလည်း ရှိတယ်။

ဒီစီမံကိန်းက အရင်စစ်အစိုးရလက်ထက်မှာ လက်မှတ်ထိုးခဲ့တယ်။ အခု အစိုးရသစ်လက်ထက် ရောက် နေပြီ။ အရင်တုန်းက ဒီကိစ္စမှာ လက်မှတ်ထိုးခဲ့တုန်းကသူတွေ သီဟသူရဦးတင်အောင်မြင့်ဦးတို့၊ ၀န်ကြီး ဦးဇော်မင်းတို့က အစိုးရဌာနမှာ မရှိတော့တာမို့ CPI ရှေ့လုပ်ငန်းစဉ်တွေမှာ အခက်အခဲဖြစ်စေမလား။

ဦးတင်အောင်မြင့်ဦးတို့ အဲဒီတုန်းက လက်မှတ်ထိုးခဲ့တာက နိုင်ငံကိုကိုယ်စားပြု ထိုးခဲ့တာပါ။ အဲဒါကြောင့် ဒီစီမံကိန်းဆက်သွားဖို့ ခက်မယ်မထင်ပါဘူး။ အဲဒါကြောင့် အရင်စစ်အစိုးရ လက်ထက်ကနေ အခုအထိ တရားဝင်နေပါတယ်။

CPI က ဒီမြစ်ဆုံစီမံကိန်းရဖို့ အဲဒီအချိန်က အဖွဲ့အစည်းကြီးတစ်ခုက (အခုတော့ အဖွဲ့အစည်းအဖြစ် မရှိတော့ဘူး) ကြားကနေ ဆောင်ရွက်ပေးခဲ့တယ်လို့ ကြားရပါတယ်။ အဲဒါဟုတ်ပါသလား။

အဲလိုမျိုး မရှိပါဘူး။ သတင်းမမှန်ပါဘူး။ နောက်ပြီး အဲဒီတုန်းက လျှပ်စစ်ဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လာပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းပါတယ်။ မျှော်လည်း မျှော်လင့် ခဲ့ပါတယ်။ အဲဒီတုန်းက လာရင်းနှီးမြှုပ်နှံတာ CPI တင်မကပါဘူး။ ချင်းတွင်းမြစ်မှာလည်း ထိုင်းနဲ့ အခြားနိုင် ငံကလာတဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်။ နောက်ပြီး MOU,MOA ထိုးတဲ့အခါမှာလည်း အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ၀န်ကြီးတစ်ယောက်အနေနဲ့ ဆုံးဖြတ်လို့မရဘူး။ MOU, MOA လက်မှတ်ထိုးဖို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)ရဲ့ ခွင့်ပြုချက်လည်း လိုတယ်။ အစိုးရအဖွဲ့အစည်း ခွင့်ပြုရမယ်။ အဲဒါမှ လက်မှတ်ထိုးလို့ ရတယ်။ လက်မှတ်ထိုးခဲ့တာတော့ ဦးမောင်အေး၊ ဦးတင် အောင်မြင့်ဦးတို့နဲ့ပေါ့။ နှစ်ဖက်နိုင်ငံရဲ့ အကြီးအကဲတွေရှေ့မှာ လက်မှတ်ထိုးထားတဲ့ဟာပါ။ ပုဂ္ဂိုလ် တစ်ဦးအနေနဲ့ ဆုံးဖြတ်လို့မရပါဘူး။ နောက်ပြီး CPI က လူကြီးတွေကို လာဘ်ထိုးလို့၊ ပစ္စည်းဥစ္စာပေးလို့ ခွင့်ပြုချက်ရတာလို့ ပြောနေတာတွေ ကြားပါတယ်။ အဲဒီလိုမျိုး လုံးဝမရှိပါဘူး။

အခု CPI အနေနဲ့လည်း ဆုံးရှုံးမှုတွေ အများကြီးရှိတယ် ပြောတယ်။ ဒီဘက်ကနေ ဆုံးရှုံးမှုတွေအတွက် တောင်းဆိုမှုတစ်ခုခု လုပ်ဖို့ရှိလား။

အခု တခြားညှိနှိုင်းမှုလုပ်ဖို့ မရှိသေးပါဘူး။ မြန်မာအစိုးရကလည်း ပြောတယ်။ ဒီစီမံကိန်းက ရပ်ဆိုင်း နေတာပါ။ နောက်ပြီး ပယ်ဖျက်တာ မဟုတ်ပါဘူးလို့။ အဲဒါကြောင့် အသေးစိတ်ညှိနှိုင်းစရာ မရှိသေးဘူး။

ဒါဆို ဦးသိန်းစိန် သမ္မတသက်တမ်းပြီးမှ ဒီကိစ္စတွေက ဆက်ပြောရမှာလား။ ၂၀၁၅ ကျမှ ဆွေးနွေးမှုတွေ ဆက်လုပ်မှာလား။ အဲဒီကျမှ ဆုံးရှုံးမှုတွေအတွက် ဆွေးနွေးမှုလုပ်မှာလား။

အခုကတော့ အသေးစိတ် မသိသေးဘူး။ လက်ရှိကတော့ ရပ်ဆိုင်းနေပြီးသား။ ရပ်ဆိုင်းတဲ့ကာလလည်း အစိုးရကပြောထားတယ်။ အဲဒီစီမံကိန်းက ပြည်သူလူထုကို စိတ်ချအောင် ဆည်တမံ ဘယ် လောက် စိတ်ချမှု ရှိသလဲဆိုတဲ့အဖြေကို ဖြေပြီးမှ ဆက်ပြီး ဘယ်လိုလုပ်မလဲဆိုတာ အဲဒီအချိန်ကျမှ သိနိုင် ပါတယ်။

CPI အနေနဲ့ မြစ်ဆုံကိစ္စမှာ ဆုံးရှုံးရတဲ့ငွေပမာဏ အခုထိ ဘယ်လောက်ရှိမယ်ဆိုတာ ပြောပြနိုင်မလား။
အမေရိကန်ဒေါ်လာ တစ်ဘီလီယံလောက် ရှိပါပြီ။

ကျွန်မတို့ ကြားထားတာက အစိုးရနဲ့ ညှိနှိုင်းနေဆဲဖြစ်လို့ CPI ရဲ့ စက်ပစ္စည်းတွေ မြစ်ဆုံက သယ်လို့မရ ဖြစ်နေတယ်လို့။ မြစ်ဆုံစီမံကိန်းကနေ စက်ပစ္စည်းတွေ တရုတ်ပြည်ကို ပြန်သယ်ဖို့ ဘယ်လိုအခြေအနေ ရှိပါသလဲ။

လက်ရှိကတော့ အစိုးရဘက်က ပစ္စည်းတွေ ပြန်သယ်ဖို့ ခွင့်ပြုပြီးပြီ။ ဒါပေမဲ့ တံတားကျိုးနေတော့ အဆင် မပြေဘူး။ ကေအိုင်အေက တံတားကို ပြန်ဆောက်ဖို့ ခွင့်မပြုသေးဘူး။ တံတားနာမည်က ခုနစ်ရောင်ခြယ်တံတားပေါ့။ ၀ါရှောင်နဲ့နီးတယ်။

မြစ်ဆုံအပြင် အခြားစီမံကိန်းတွေလည်း နယ်မြေမတည်ငြိမ်လို့ ရပ်ထားရတဲ့အတွက် ဘယ်လောက် နစ်နာမှုရှိသလဲ။

ခုနက ပြောထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံက အားလုံးကို ပြောတာပါ။ တစ်နှစ်အတွင်းပစ္စည်းဖိုး၊ ဘဏ်ကနေယူထားတဲ့ ချေးငွေရဲ့ အတိုးပေးရမယ်။ နောက်ပြီး ဒီဇိုင်းကုမ္ပဏီတွေ၊ ၀န်ထမ်းတွေရဲ့ လုပ်အားခတွေ စက်ယန္တရားဖိုးတွေလည်း ပေးရမယ်။ တွက်လိုက်ရင် တစ်နှစ်ဆိုရင် ၀ ဒသမ ၁ ဘီလီယံ ရှိနေတယ်။ ဆုံးရှုံးမှုများပြားလာရင် ရင်းနှီးမြှုပ်နှံမှုလည်း များပြားလာပါမယ်။ လျှပ်စစ်ဓာတ်အားရဲ့ ဈေးနှုန်း လည်း မြင့်တက်လာပါတယ်။

အထက်ပိုင်းက စီမံကိန်းခြောက်ခုက ကေအိုင်အိုနယ်မြေထဲမှာ ဖြစ်နေတယ်။ အစိုးရဆီက အဲဒီအ ချိန်တုန်းက ကေအိုင်အိုနယ်မြေမှာ လုပ်တဲ့အတွက် သူတို့ ဘယ်လိုတာဝန်ယူပေးမယ်ဆိုတဲ့ အာမခံ ချက်မျိုး ပေးခဲ့လို့ ပြည်တွင်းစစ်ရှိတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တာလဲ။

အဲဒီအချိန်က အစိုးရက စေလွှတ်ထားတဲ့တပ်ဖွဲ့ ရှိပါတယ်။ ချီဖွေငယ်လည်း ရှိတယ်။ ချီဖွေမှာလည်း ရှိတယ်။ လုံခြုံမှုအတွက် စေလွှတ်ပေးနေတာပါ။ အဲဒီတုန်းကတော့ မြန်မာအစိုးရက အာမခံပေးခဲ့ပါတယ်။ တည်ဆောက်ရေးကာလမှာ လုံခြုံဖို့။

မြစ်ညာမြစ်ဝှမ်းခြောက်ခု စီမံကိန်းထဲက တစ်ခုဖြစ်တဲ့ ချီဖွေငယ်စီမံကိန်းက လည်ပတ် လို့ရနေပြီ လို့ပြောတော့ ထွက်လာတဲ့ ဓာတ်အားတွေကို ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ။

လက်ရှိကတော့ အဲဒီ ဓာတ်အားကို ဘယ်လိုလုပ်မလဲလို့ လျှပ်စစ်(၁)၊ (၂) ၀န်ကြီးဌာနနှစ်ခုနဲ့ ညှိနှိုင်း နေတုန်းပဲ။ မြစ်ကြီးနားဆီကို ပို့ဖို့စီစဉ်ထားပါတယ်။ ဓာတ်အားလိုင်းလည်း မြစ်ကြီးနားကို ဆွဲထား ပါတယ်။ လျှပ်စစ်(၂)အနေနဲ့လည်း ၀ိုင်းမော်မှာ ထပ်ဆင့်စက်ရုံ တည်ဆောက်ပြီး ဓာတ်အားလိုင်း သွယ် ထားတယ်။

"တော်ဝင်မင်းသမီး ဓာတ်ပုံကို ဖော်ပြခဲ့တဲ့ Closer မဂ္ဂဇင်း ဒဏ်ရိုက်ခံရပြီ"

Posted by drmyochit Thursday, September 20, 2012, under | No comments





ဗြိတိန် တော်ဝင်မင်းသမီး ကိတ်မစ်ဒယ်လ်တန်(ကိတ်)ရဲ့ဓာတ်ပုံကိစ္စနဲ့ ပတ်သက်ပြီး ဒီဓာတ်ပုံတွေကို ဖော်ပြ ခဲ့တဲ့ ပြင်သစ် မဂ္ဂဇင်းဖြစ်တဲ့  Closser မဂ္ဂဇင်းကို တရားစွဲဆိုထားရာမှာ ပြင်သစ် တရားရုံး တခုက မနေ့က စီရင်ချက် ချမှတ်လိုက်ပါတယ်။


တရားရုံးက ဒီလို အမိန့်ချလိုက်တဲ့အချိန်မှာ သူတို့ဟာ တောင်ပစ္စိဖိတ်မှာရှိတဲ့ ဝေးလံတဲ့နေရာ တခုကို ရောက်နေကြ တာပါ။ အဲဒီဒေသထုံးစံလို ၀တ်ဆင်နေကြပြီး ပန်းသရဖူတွေဆောင်းနေပြီး ကခုန်နေ ချိန်မှာပဲ အခုလို တရားရုံး အမိန့် ချမှတ်မှုနဲ့ တိုက်ဆိုင်နေတာလည်းဖြစ်ပါတယ်။



ကိတ်ရဲ့ အပေါ်ယံ အ၀တ်မပါတဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့တဲ့ Closser မဂ္ဂဇင်းအနေနဲ့ ယူရိုငွေ ၂၀၀၀ ပေးဆောင်ဖို့ ဒဏ်ငွေ ရိုက်ခဲ့ပါတယ်။ ဒီနောက် ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း ၂၄ နာရီအတွင်း တော် ၀င် မိသားစုကို လွှဲပြောင်း ပေးရမယ် ဆိုတာပါဘဲ။

ဓာတ်ပုံ- The Sun
အကယ်လို ကိတ်ရဲ့ ဓာတ်ပုံတွေကို လွှဲပြောင်းပေးတဲ့ နေရာမှာ လွှဲပြောင်းပေးအပ်ရန် ကြံကြာခဲ့ပါက တစ်ရက်နောက် ကျတိုင်း ယူရိုငွေ ၈ ထောင်ကိုလည်း ထပ်မံ တိုးပြီးပေး ဆောင်ရမှာလည်း ဖြစ်ပါတယ်။

(ဧရာဝတီ) 

စိုင်းနော်ခမ်း နှင့်အဖွဲ့ ၆ ယောက်အား ရုံးတင်စစ်ဆေးမည်

Posted by drmyochit Thursday, September 20, 2012, under | No comments



naw_kham
တရုတ်နိုင်ငံရောက် စိုင်းနော်ခမ်း (photo: Xinhua)
တြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့် လုပ်ဖေါ်ကိုင်ဖက် ၆ ယောက်အား တရုတ် အာဏာပိုင်းများက စက်တင်ဘာ ၂၀ ရက်နေ့ ၌ ရုံးတင်စစ်ဆေးမည်ဟု တရုတ်အစိုးရပိုင် စီစီတီဗီ က ထုတ်လွှင့်ထားပါသည်။
“မြန်မာအစိုးရကနေ နိုင်ငံတော် သက်သေအဖြစ် မကြာခင်တုန်းက တရုတ်အစိုးရဆီကို ယာယီလွှဲပေးလိုက်တဲ့ စိုင်းအောင်မြတ်နဲ့ ဆို ကျနော်သိတဲ့သူတွေ ၄ ယောက်ဘဲရှိတယ်။ နောက်နှစ်ယောက်က ဘယ်သူမှန်းမသိဘူး” - ဟု တာချီလိတ် မြို့နေထိုင်သူ စိုင်းနော်ခမ်း၏ မိတ်ဆွေတဦးက ပြောပါသည်။

ယခင်နှစ် အောက်တိုဘာ ၅ ရက်က တရုတ်လူမျိုး ၁၃ ဦး မဲခေါင်မြစ်အတွင်းသတ်ခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရ သည့် စိုင်းနော်ခမ်း၊ စိုင်းဆန်ခမ်း၊ စိုင်းယီလိုင် နှင့် စိုင်းအောင်မြတ်တို့အား ရုံးတင်စစ်ဆေးမည်မှာ သေချာကြောင်း၊ ကျန်နှစ်ဦးမှာ စိုင်းယီလိုင်၏သား တဦး နှင့် စိုင်းထွန်းကုလား (စိုင်းအောင်မြတ်နှင့်အတူ တရုတ်ထံယာယီလွှဲအပ် စာရင်းတွင်ပါဝင်ဖွယ်ရှိ) တို့ဖြစ်နိုင်ကြောင်း - စိုင်းအောင်မြတ်နှင့်နီးစပ်သူတဦးက ပြောပါသည်။

“စက်တင်္ဘာ ၁၈ ရက်နေ့က တရုတ် ထုတ်လွှင့်သွားတဲ့ တီဗီ သတင်းမှာ စိုင်းနော်ခမ်း သျှမ်းလိုပြောသွားတာက တရုတ် ၁၃ ဦးသတ်ဖြတ်မှုမှာ ကျနော့်ရဲ့လက်ချက်လို့စွပ်စွဲပြီး ဖမ်းတာ လို့ပြောသွားတယ်။ ဒါပေမယ့် သူတို့က အင်္ဂလိပ်လို - စိုင်းနော်ခမ်းက ဝန်ခံလိုက်ပြီ - လို့ ဘာသာပြန်ထားတာ။ ” - ဟု တရုတ် စီစီတီဗီသတင်း ကြည့်ရသူ နယ်စပ်နေ သျှမ်းအမျိုးသားတဦးက မကျေမချမ်းဖြင့် ပြောပါသည်။
စိုင်းနော်ခမ်းအား ထိုင်းနိုင်ငံ အမှု ၁၇ မှု ၊ မြန်မာက ၁၅ မှု၊ လောဝ် (လာအို) က ၇ မှု ၊ တရုတ်က ၂၉ မှု ဖြင့် အလိုရှိနေ သော သူဖြစ် သည်။ ၎င်းနှင့်အတူ ရုံးတင်စစ်ဆေးမည့် လူငါး ၅ ဦးကလည်း ထိုအမှုများနှင့် ပတ်သက်ဆက်နွယ် နေသည်ဟု စွပ်စွဲခံထားရသူများသည်။

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်သား စိုင်းနော်ခမ်းသည် ဦးခွန်ဆာဦးဆောင်သည့် မုန်းတိုင်းအာမီ ၁၉၉၆ လက်နက်ချ စဉ်ပါဝင်ခဲ့၏။ ထို့နောက်ပိုင်း အစိုးရကျောထောက်နောက်ခံပြုသည့် တာချီလိတ်မြို့နယ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ အဖြစ် ရပ်တည်ခဲ့၏။ ထိုချိန်မှစ၍ ထိုင်းနိုင်ငံအတွင်းဝင်ရောက်သည့်မူးယစ်ဆေးဝါးများသည် စိုင်းနော်ခမ်း၏ လက်ချက် ဟု စွပ်စွဲသောကြောင့် မြန်မာအစိုးရက ၂၀၀၆ တွင် ၎င်းနေထိုင်ရာ အိမ် နှင့် ပတ်သက်ဆက်နွယ်သည့် အသိုင်းအဝိုင်း အား ရှာဖွေမွှေနှောက်ခဲ့၏။ ၎င်းနောက် မဲခေါင်မြစ် ရွှေတြိဂံဒေသအတွင်း အဖွဲ့ဝင်အချို့နှင့်အတူ ပုန်းရှောင်နေထိုင်၏။ တရုတ် ၁၃ ဦးသတ်ခံရသည့်နောက်ပိုင်း လေးနိုင်ငံပူးပေါင်းကင်းလှည့်အဖွဲ့က စိုင်းနော်ခမ်းအား လောဝ်နိုင်ငံဘက်ခြမ်း ၌ ဧပြီ ၂၅ ရက် က ဖမ်းဆီးခြင်းခံခဲ့ရ၏။ မေ ၁၀ ရက် ၌ လောဝ် အစိုးရက စိုင်းနော်ခမ်းအား တရုတ်ထံလွှဲအပ်ခဲ့ခြင်း ဖြစ်ပါသည်။

ဖားကန့်မြို့နယ်အတွင်းရှိ နမာယန်ချောင်းဘေးတွင် မိုင်းပေါက်ကွဲရာမှ ဒေသခံတစ်ဦးသေဆုံး

Posted by drmyochit Thursday, September 20, 2012, under | No comments



ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်းမှာ ရှိတဲ့ မှော်ဝန်းရပ်ကွက်အနောက်ဘက် နမယန် ချောင်းဘေးမှာ စက်တင်ဘာလ(၁၈)ရက်နေ့က  KIA အဖွဲ့မှ ထောင်ထားသော  မိုင်းနင်းမိကာ ပေါက်ကွဲခဲ့တဲ့အတွက် တောင်ယာ လုပ်ကိုင်ရန် သွားရောက်တဲ့ ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။ 

သေဆုံးသူမှာ မှောဝန်းရပ်ကွက်မှာနေထိုင်တဲ့ အသက်(၅၁)နှစ်အရွယ်ရှိ ကချင်လူမျိုး ဒေါ်လတ်ဆိုင်း ဆိုသူ ဖြစ်ပြီး တောင်ယာ လုပ်ငန်း လုပ်ကိုင်ရန် စိုက်ခင်းသို့ သွားရောက်စဉ် နမာယန်ချောင်းဘေး အရောက် မိုင်းနင်းမိကာ ပေါက်ကွဲ ခဲ့တာဘဲဖြစ်ပါတယ်။

 ဒေသခံများမှ ဖားကန့်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့သော် လည်း ဆေးရုံ့ မရောက်မီ လမ်းခုလပ်တွင်ပင် သေဆုံးသွား ခဲ့တယ်လို့သိရပါတယ်။


ဒေါ်လတ်ဆိုင်းမှာ ယောကျာ်းဖြစ်သူသေဆုံးသွားခဲ့ပြီး သားသမီး(၄)ယောက်နဲ့အတူ ဆင်းရဲနွမ်းပါးစွာ တောင် ယာ လုပ်ငန်း လုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်းပြုနေ ရသူဖြစ်ပါတယ်။

အိမ်ထောင်ဦးစီးတစ်ယောက် အနေနဲ့ သားသမီး(၄)ယောက်ကို ကျွေးမွေးပြုစု ပျိုးထောင်ပေးနေရတဲ့ မုဆိုးမတစ်ဦးလည်း ဖြစ်ပါတယ်။

သားအကြီး နှစ်ယောက်မှာ မိခင်နှင့်အတူ တောင်ယာလုပ်ငန်းအား ၀ိုင်းဝန်းလုပ်ဆောင်ကာ ညီမ ငယ် နှစ်ယောက်အတွက်  ကျောင်းစရိတ် ရှာဖွေနေကြရပါတယ်။ အငယ်ဆုံးသမီး မဂျာလုံမှာ မှော် ၀န်း ကျောင်းတွင် တတိယတန်း ပညာသင်ကြားနေဆဲ ကျောင်းသူတစ်ယောက် ဖြစ်ပြီး ယခုလို မိသားစု အရေး စီးပွားရေး အခက်အခဲများကို မားမားမတ်မတ်ရင်ဆိုင်ဖြေရှင်းပေးနေတဲ့ မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့  အတွက် အနာဂတ်ပျောက်လုဆဲဆဲ ဖြစ်ပေါ်နေရပါပြီ။ 
 




   ``သူတို့မှာ မောင်နှမလေးယောက်ရှိတယ်၊ သူ့အဖေကတော့ ဆုံးသွားတာ (၅)နှစ်လောက် ရှိပြီ ယောကျာ်းလေး နှစ်ယောက်ကတော့ သူ့အမေနဲ့အတူ ကျောင်းဆက်မတက်တော့ဘဲ တောင်ယာ ၀ိုင်း
လုပ် ပေးတယ်။

 အငယ်ဆုံးမိန်းခလေးကတော့ ကျောင်းတက်နေတယ်။ သူတို့မိသားစုမှာ မိဘဆိုလို့ သူတို့အမေ ကိုဘဲ အားကိုးနေရတာ။ အခုတော့ ရွှေတောင်ကြီး ပြိုကျနေသလို ဒုက္ခပင်လယ် ဝေနေရတဲ့ အပြင် မိဘမဲ့စာရင်းထဲတောင် အဲဒီကလေးတွေ ပါနေရပြီ´´ လို့ ဒေသခံများမှ မချိတင်ကဲ ပြောဆို နေကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတအိုဘားမားနဲ့တွေ့ဆုံ

Posted by drmyochit Thursday, September 20, 2012, under | No comments


 
အမေရိကန် ပြည်ထောင်စုမှာ သီတင်း ၃ပတ် နီးပါးကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့မှာတော့ သမ္မတ ဘရက်ခ် အိုဘားမားနဲ့ တွေ့ဆုံခဲ့ပါတယ်။
 တွေ့ဆုံမှု အသေးစိတ်နဲ့ ပတ်သက်လို့တော့ တစုံတရာ ထုတ်ပြန်ခဲ့တာမျိုးမရှိပါဘူး။အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney ကတော့ မြန်မာနိုင်ငံမှာ တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိတဲ့ ဒီမိုကရေစီ အစိုးရတရပ် ပေါ်ထွန်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာလူထုရဲ့ လှုပ်ရှားမှုတွေ အပေါ် အမေရိကန် ပြည်ထောင်စုက နှစ်ပေါင်းများစွာ အားပေး ထောက်ခံမှုတွေကို ထပ်မံ အတည်ပြု ပေးနိုင်မယ့် အခွင့် အလမ်း တရပ်အဖြစ်ရည်ညွန်းပြောဆိုသွားပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့  မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်း မှုတွေ အတွက် ချီးမြှင့်တဲ့ အမေရိကန် ကွန်ဂရက် လွှတ်တော်ရဲ့ ဂုဏ်ပြုဆုကို ၀ါရှင်တန်ဒီစီ ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်လက်ခံရယူပါတယ်။

စစ်အစိုးရ လက်ထက် နေအိမ် အကျယ်ချုပ် နဲ့ ဖမ်းဆီးခံထားရချိန် ၂၀၀၈ ခုနှစ်မှာတုန်းကချီးမြှင့်ထားတဲ့ ကွန်ဂရက် လွှတ်တော်ရဲ့ အရပ်သားတွေ ကို ပေးအပ်တဲ့ အမြင့်ဆုံး ရွှေတံဆိပ်ဆုကို လက်ခံရယူခဲ့တာပါ။

ဆုလက်ခံ ရယူချိန်မှာတော့ မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို နှစ်ပေါင်းများစွာ အားပေး ခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် က ကျေးဇူးတင်စကား ပြောဆိုသွားခဲ့သလို မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးအတွက် ပန်းတိုင်ကို မရောက်သေးတဲ့ အကြောင်းကိုလည်း ပြော ဆိုသွားပါတယ်။

VOA (မြန်မာပိုင်း)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကယားပြည်နယ် အစိုးရအဖွဲ့က တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ချီးမြှင့်

Posted by drmyochit Thursday, September 20, 2012, under | No comments


(နေပြည်တော် စက်တင်ဘာ ၁၈)
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် စက်တင်ဘာ ၁၇ ရက် ညပိုင်းက လွိုင်ကော် မြို့ မြို့တော်ခန်းမ၌ ကယားပြည်နယ် အစိုးရအဖွဲ့က တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲအခမ်းအနား သို့ တက်ရောက် ချီးမြှင့်သည်။ အဆိုပါ အခမ်းအနားသို့ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်းနှင့် ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ် သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် တပ်မတော် အရာရှိကြီး  များ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူးနှင့် ဇနီး၊ လွိုင်ကော် တပ်နယ်မှ တပ်မတော် အရာရှိကြီး များတက် ရောက်ကြပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင် ဦး၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျော်ဆွေ၊ ပြည် နယ်အစိုးရ အဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များ၊ ငြိမ်းချမ်း ရေး အဖွဲ့အစည်း များနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။ ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီး၊  ပြည်နယ် ဝန်ကြီးချုပ်နှင့် ညစာစားပွဲ တက်ရောက်လာ ကြသူ များအား ကယား တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အကအဖွဲ့မှ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အကပဒေသာ များဖြင့် ကပြဖျော် ဖြေဧည့်ခံ ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ကပြဖျော်ဖြေ ကြသော ကယား တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့မှ ဒေါဆန်း ဘွန်းကျေးရွာ ကယန်း (ပဒေါင်) ယဉ်ကျေးမှု အဖွဲ့နှင့် အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ ပြည်နယ် ဝန်ကြီး ချုပ်နှင့် ညစာစားပွဲ တက်ရောက် လာကြ သူများသည် ညစာကို အတူတကွသုံး ဆောင်ကြ သည်။ ညစာသုံးဆောင် အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ အား ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြု လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မြန်မာ တိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင် မည့် ကယားပြည်နယ် အဆို၊ အက၊ အရေး၊ အတီး အဖွဲ့အား ဂုဏ်ပြုချီးမြှင့် ငွေများကို လည်းကောင်း၊ ကပြဖျော်ဖြေ သော ကယား တိုင်းရင်းသား ရိုးရာ ယဉ် ကျေးမှုအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့်  ဂုဏ်ပြု ပန်းခြင်း တို့အား လည်းကောင်း ပေးအပ်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ညစာ စားပွဲ တက်ရောက် လာကြသည့် ငြိမ်းချမ်း ရေးအဖွဲ့ အစည်း အသီးသီးမှ တာဝန် ရှိပုဂ္ဂိုလ်များ၊ ဧည့်သည်တော် များနှင့် ကပြဖျော် ဖြေကြသော ကယား တိုင်းရင်း သား ရိုးရာ ယဉ်ကျေးမှု အဖွဲ့များအား ရင်းရင်း နှီးနှီး နှုတ်ဆက် သည်။ ကယား ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းမှု ရရှိနေ ပြီဖြစ်ရာ လူထု ကျန်းမာရေး စောင့်ရှောက်မှု ကူညီ ဆောင်ရွက် ပေးနိုင်ရန် တပ်မတော် အထူးကုဆရာ ဝန်ကြီးများ ပါဝင်သည့် နယ်လှည့်ကျန်း မာရေး စောင့်ရှောက်မှု အဖွဲ့များအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန် မှုဖြင့် စေလွှတ် ဆောင် ရွက် ပေးသွား မည်ဖြစ်ကြောင်း သတင်း ရရှိ သည်။    

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ HRW တိုက်တွန်း

Posted by drmyochit Thursday, September 20, 2012, under | No comments



နိုင်ငံရေးအကျဉ်းသားတွေရဲ့ အိမ်အပြန်ကို စောင့်နေကြတဲ့ မိသားစုဝင်များ။ 
မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ ကတိပေးထားပေမဲ့လည်း အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးတာကို ထောက်ပြပြီး အခုနောက်ဆုံး လွှတ်ပေးလိုက်တဲ့ကိစ္စအပေါ် လှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက သတိထား တုန့်ပြန်နေကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ အကျဉ်းသား ၅၁၄ ဦးကို သမ္မတဦးသိန်းစိန်က ပြစ်ဒဏ်ကနေ လွတ်ငြိမ်း ခွင့်ပေး ခဲ့ပြီး အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသားက ၁၀၀ နီးပါးပဲပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အဲဒါဟာ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပုံစံအမျိုးမျိုးနဲ့ အကျဉ်းသားတွေကိုလွှတ်ပေးခဲ့တဲ့ထဲက ခြောက်ကြိမ်မြောက်ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အဲဒီလွတ်ငြိမ်းခွင့်ဟာ သမ္မတဦးသိန်းစိန် ကတိပေးထားသလို နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးပါမယ် ဆိုတာနဲ့ မပြည့်မီဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်ထဲမှာ ထောက်ပြထားပါတယ်။ အကျဉ်းထောင်တွေထဲ မှာ နိုင်ငံရေးအကျဉ်းသားအရေအတွက် ဘယ်လောက်ကျန်နေသေးတယ်ဆိုတာကို သိနိုင်ဖို့ သီးခြား လွတ်လပ်တဲ့အဖွဲ့တွေကို အကျဉ်းထောင်တွေထဲ ၀င်ရောက် လေ့လာခွင့်ပြုဖို့ HRW က တောင်းဆို ထားပါတယ်။

နိုင်ငံရေးအကျဉ်းသား ၂၀၀ ပတ်ဝန်းကျင် အကျဉ်းထောင်တွေထဲမှာ ရှိနေတုန်းပဲလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ခန့်မှန်းထားကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့ မှာပြောခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်သးသရွေ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့လည်း အမေရိကန်ပြည်ထောင်စုမှာ ရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတာ၊ ဂိုဏ်းဂဏကွဲတိုက်ခိုက်မှုတွေနဲ့ လက်နက်ကိုင် စစ်ပွဲတွေ ဖြစ်နေသေးတာကို ထောက်ပြ ပြီး မြန်မာအစိုးရအနေနဲ့ လုပ်စရာတွေ အများကြီး ရှိသေးတယ်ဆိုတာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က လည်း အင်္ဂါနေ့မှာ အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတက်ဖို့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ဆီ ထွက်မလာခင်မှာပဲ အကျဉ်းသားတွေကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုခဲ့တာပါ။ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ အကျဉ်းထောင်တွေထဲကို နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ အဟန့်အတားမရှိ ၀င်ခွင့်ပြု ရေး သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်အတွင်း ဖိအားပေးတောင်းဆိုဖို့ HRW အဖွဲ့က အလှူရှင်အစိုးရတွေကို တိုက်တွန်း ထားပါတယ်။
  

Posted by drmyochit Thursday, September 20, 2012, under | No comments



RCSS_UWSA_-1ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှဖမ်းဆီးထားသော သျှမ်းပြည်တပ်မတော်၏ တပ်သား ၂၀ ကို ယခုအပတ် တနင်္လာနေ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်သတင်းရပ်ကွက်ကဆိုပါသည်။

“ ၁၆ ရက်နေ့က ကျနော်တို့ဘက်က ဗိုလ်မှူးကြီးတင်းခေး၊ ဗိုလ်မှူးကြီးဝမ်းလီ၊ ဗိုလ်ကြီး စန္ဒာ၊ ဗိုလ်ကြီး ဓမ္မနဲ့ တပ်ကြပ်ကြီး စိုင်းပီး ၃ ယောက် ဟွေ့အော့ ဝ တပ်ဆီ သွားပြီးဆွေးနွေးတယ်။ ၁၇ ရက်နေ့မနက်ပိုင်းကျနော်တို့ရဲ့ တပ်သား ၂၀ ယောက် ကို ဖမ်းတဲ့နေရာမှာဘဲ ပြန်လာလွှတ်ပေး တယ်။ ကျန်တဲ့ ၂ ယောက်ကတော့ တယောက်က တန့်ယန်းမှာ နောက်တယောက် က ပန်ဆန်းမှာ။ သူတို့ လဲ လွတ်လာပြီ ပြောတယ်။ပြန်တော့မရောက်သေးဘူး” ဟု သျှမ်းပြည်တပ်မတော်မှ အရာရှိတဦး ကပြောသည်။

အဆိုပါတွေ့ဆုံပွဲ၌ ဝ တပ်ဖွဲ့ဘက်မှ တပ်မဟာ ၇၇၅ တပ်မဟာမှူး ယန်ကော်ကျုံးဦးဆောင်သည့် တပ်မှူးများဖြစ်ကြသော တာ့နုန်း၊ တာ့ဆာမ်ဆွဲ၊ တာ့လွီး တို့ပါဝင်သည်ဟုဆိုပါသည်။

အဖမ်းခံရသည့် သျှမ်းပြည်တပ်မတော်သားများ ပြန်လွှတ်ပေးရန်အတွက် နှစ်ဦးနှစ်ဖက်ကြား အပေးအယူ သဘောတူညီမှု အချက်အလက်ဖြင့် လက်မှတ်ရေးထိုးမှုများမရှိခဲ့သော်လည်း ရှေ့ဆက် ထိုကဲ့သို့ဖြစ်ရပ်များထပ်မဖြစ်ရန် လက်တွဲပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း - သျှမ်းပြည်တပ်မတော်၏ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

“ ဒီတခေါက်ဖြစ်တဲ့ကိစ္စက နားလည်မှုလွဲမှားလို့ ဖြစ်သွားရတာပါ။ ဒီလိုပြဿနာမျိုးထပ်မဖြစ်အောင် ကျနော်တို့ နှစ်ဦး နှစ်ဖက် အကြောင်းကြားမယ် သတင်းပေးပို့မယ် ပြီးမှ လုပ်သွားမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ လှုပ်ရှားသွားလာတဲ့နယ်မြေ တွေက ထပ်နေတာ တွေရှိနေတယ်လေ။ ဒါကြောင့် ပြောဆိုညှိနှိုင်း ရမှာဖြစ်တယ်။ တမြေတည်းနေ တရေတည်းသောက်လာ တဲ့ ညီကိုမောင်နှမတွေဘက်ကို ကျနော်တို့ဘက်ကနေ စပြီးတော့ ပြဿနာရှာတာ စပြီးတော့ သေနတ်ပြောင်းဝ လှည့်တာ တော့ လုံးဝ မဖြစ်စေရပါဘူး။ ဒါကိုတော့ယုံကြည်စေချင်ပါတယ်။ ဘယ်ပြဿနာကိုမဆို ကျနော်တို့က ငြိမ်းချမ်းစွာနဲ့ ဆွေးနွေးဖြေရှင်းတာကိုဘဲ လိုချင်ပါတယ် ” ဟု ဗိုလ်မှူးလောဝ်ဆိုင်က သျှမ်းသံတော်ဆင့်အား ပြောသည်။

ချင်းမိုင်ခရိုင် ဖှန်မြို့နယ်နှင့်မျက်နှာချင်းဆိုင် လွယ်ဆမ်ဆစ်ပ်တွင်အခြေစိုက်သော သျှမ်းပြည်တပ်မတော် တပ်မဟာ ၇၂၇ က ၎င်းတို့ထံခိုလှုံနေသည့် ပြည်တွင်းစစ်ပြေးဒုက္ခသည်များအတွက် မိုင်းတုံမြို့နယ် ပုံတောင်းဘက်၌ စိုက်ပျိုးရေးလုပ်ရာမှ ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်က ၎င်းတို့ ထိန်းချုပ်နယ်မြေအား ကျူးကျော်လာသည်ဟုဆိုကာ သျှမ်းပြည်တပ် မတော်၏ တပ်သား ၂၀ ယောက်အား ဂျူလိုင် ၃၀ ရက်က ဖမ်းဆီးထားခဲ့သည်။

အဖမ်းခံရသည့် သျှမ်းပြည်တပ်မတော်သားများ ပြန်လွှတ်ပေးရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကိုယ်တိုင် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်ခေါင်းဆောင် ဦးပေါက်ယူချမ်း ထံလည်း စာရေးသားပို့ခဲ့သည်ဟုလည်း သတင်းထွက်ရှိပါသည်။

ကျဆုံးအာဇာနည်ကျောင်းသူ၊ ကျောင်းသားများအတွက် ဆွမ်းကပ်လှူဒါန်း

Posted by drmyochit Thursday, September 20, 2012, under | No comments


၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ မ၀င်းမော်ဦးနဲ့တကွ ကျဆုံးသွားခဲ့တဲ့ မောင်တင်ထွန်း၊ မောင်သန်းဌေး စတဲ့ အာဇာနည်ကျောင်းသူ၊ ကျောင်းသားတွေအတွက် (၂၄) နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြု အောက်မေ့ ဖွယ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ဒီကနေ့နံနက် ၇ နာရီက ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း မှာရှိတဲ့ ဘုရားငါးဆူ တန်ဆောင်းမှာ ကျင်းပခဲ့ပါတယ်။

RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်က ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းရှိ ဘုရားငါးဆူ တန်ဆောင်းတွင် ၈၈ ဒီမိုကရေစီ အရေးတော်ပုံတွင် ကျဆုံးသွားခဲ့သည့် အာဇာနည် ကျောင်းသူ၊ ကျောင်းသား မ၀င်းမော်ဦး၊ မောင်တင်ထွန်း၊ မောင်သန်းဌေးတို့အတွက် ဆွမ်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပနေစဉ်။
မ၀င်းမော်ဦးက မြန်မာပြည် ဒီမိုကရေစီ မရမချင်း သူ့အတွက် အမျှအတန်း aပးဝေခြင်းမပြုဖို့ သူမရဲ့ဖခင်ကို မှာထားခဲ့ ချက်အရ စစ်မှန်တဲ့ဒီမိုကရေစီ အခုအချိန်အထိ မရသေးတာကြောင့် အမျှမဝေသေးဘူးလို့ မ၀င်းမော်ဦးရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ဌေးဝင်းက RFA ကို ပြောပါတယ်။
"အခုချိန်မှာကတော့ သိပ်ပြီးတော့ လွတ်လွတ်လပ်လပ် မရှိသေးတဲ့အတွက် တောင်းထားတဲ့ ဒီမိုကရေစီ ပန်းတိုင်က လည်း မရောက်သေးတဲ့ အတွက် အန်တီ ကတော့ လုံးဝ သူ့အတွက်ကို အမျှ မဝေပေး သေးဘူး။ အန်တီ သမီးက တိုင်းပြည်အတွက် အလုပ်လုပ်သွားတဲ့အတွက် အန်တီ့ရင်ထဲမှာ အမြဲတမ်း ဂုဏ်ယူပါတယ်"
ဒီအခမ်းအနားကို ကချင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်က လူကိုယ်တိုင် မတက်ရောက်နိုင်ခဲ့ပေမယ့် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ အသက်ပေး ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကိုယ်စား မ၀င်းမော်ဦးအတွက် ဂုဏ်ပြု ရေးသား ပေးပို့လိုက်တဲ့ ကဗျာတစ်ပုဒ်ကို ၈၈ မျိုးဆက်ကျောင်းသား ကိုဇော်မင်းက ရွတ်ဆိုဂုဏ်ပြုခဲ့ပါတယ်။

ဒီအခမ်း အနားကို ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ကိုထွန်းမြင့်အောင်၊ ကိုဇော်မင်းတို့ တက်ရောက်ခဲ့ပြီး ဗကသ ကျောင်းသားတွေ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။ လာမယ့် စက်တင်ဘာ ၂၅ ရက် နေ့မှာလည်း မ၀င်းမော်ဦးအတွက် ဆွမ်းကျွေး တရားနာပွဲတစ်ခုကို မိဘတွေရဲ့ နေအိမ်မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံများဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာချန်းချန်နှင့် 7Day News အင်တာဗျူး

Posted by drmyochit Thursday, September 20, 2012, under | No comments




From : 7day

နိုင်ငံအတွင်း အရပ်သားအစိုးရ တက်လာပြီး လက်ရှိ မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ် နိုင်ငံခြားရေးမူဝါဒများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံအပါအ၀င် အာဆီ ယံနိုင်ငံများဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာချန်းချန်နှင့် 7Day News ဂျာနယ်တို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ သြဂုတ် ၂၈ ရက်က တွေ့ဆုံခွင့်ရခဲ့သည်။

မစ္စတာချန်းက ဗမာစကားကို တက္ကသိုလ်တွင် မေဂျာယူ တက်ရောက်သင်ကြားခဲ့ပြီး ဗမာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သူဖြစ်ကာ 7Day News ၏ မေးမြန်းသမျှကို မြန်မာဘာသာစကားဖြင့် ပြန် လည်ဖြေကြားခဲ့သည်။ ၎င်း၏မြန်မာအမည်မှာ ဦးခင်စိန်ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတွင် ပထမအတွင်းဝန် ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်သည်။ ၎င်းနှင့်တွေ့ဆုံခိုက် 7Day News ဂျာနယ်မှ မေးမြန်းမှုအချို့ကို ဖော်ပြလိုက်ရပါသည်။

ရှည်လျားတဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ကာလတစ်လျှောက်ကို ဘယ်လိုသုံး သပ်မိပါသလဲ။နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ပြီးတဲ့နောက် တစ်လျှောက်လုံး ကောင်းပါတယ်။ ကမ္ဘာပေါ်မှာလည်း ထင်ရှားတဲ့ ဆက်ဆံရေးတစ်ခုပါ။ ဆွေမျိုးပေါက်ဖော် ကြားဖူးလား။ ပေါက်ဖော် ဆက်ဆံရေးက ဒီနှစ်နိုင်ငံကြားမှာပဲ ရှိတယ်။ တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံတွေ ဘယ်လောက် ဆက် ဆံရေးကောင်းကောင်း ပြည်သူလူထု ဆက်ဆံရေးမှာ မတူဘူး။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံက အပြန်အ လှန်လေးစားမှု ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို မြန်မာနိုင်ငံက လေးစားသလို မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကိုလည်း တရုတ်က လေးစားပါတယ်။ တခြားနိုင်ငံနဲ့ ဆက်ဆံတာထက် မြန်မာနိုင်ငံနဲ့ ဆက်ဆံတာ ပိုချောမွေ့တယ်။ နောင်မှာလည်း အစိုးရချင်းသာမက ပြည်သူလူထုချင်းပါ သားစဉ် မြေး ဆက် ဆက်သွယ်ဖို့ မျှော်လင့်ပါတယ်။ ဒါတရုတ်နိုင်ငံရဲ့ စိတ်ဆန္ဒပါ။

မြန်မာနိုင်ငံရဲ့ လက်ရှိအပြောင်းအလဲကာလမှာ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်နဲ့ နီးနီး ကပ်ကပ် ဆက်ဆံလာတယ်။ အဲဒီအချိန်မှာပဲ တရုတ်နဲ့ ဆက်ဆံရေးက ခပ်တန်းတန်း ဖြစ်လာပြီလို့ သုံးသပ် မှုတွေလည်း ရှိပါတယ်။ လက်ရှိအရပ်သားအစိုးရနဲ့ တရုတ်အစိုးရ ဆက်ဆံရေးဟာ တကယ်ပဲ ခပ်တန်းတန်းဖြစ်နေပြီလား။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက ပြောင်းလဲခဲ့ပါတယ်။ ဒီလိုပြောင်းလဲမှုက အရေးကြီးတဲ့ ပြောင်း လဲမှုလား၊ မကောင်းတဲ့ ပြောင်းလဲမှုလားဆိုတာ ဘယ်လိုဆုံးဖြတ်မလဲ။ အရေးကြီးတာက မြန်မာ ပြည် သူပြည်သားတွေအတွက် အကျိုးကျေးဇူးရှိမလား။ ဒါက အရေးကြီးဆုံးဖြစ်ပါတယ်။ ခင်ဗျားတို့ ကောင်း ကောင်း သိပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းကနေ ဒီနေ့အထိ အနောက်နိုင်ငံကြီးတွေရဲ့ စီးပွား ရေးပိတ်ဆို့မှု၊ နိုင်ငံရေးဖိအားပေးမှုတွေ ခံနေခဲ့ရတယ်။ ဒီလို ဖိအားပေးတာက အထူးသဖြင့် မြန်မာ နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအတွက်လည်း အကျိုးမရှိဘူး။ ဒါပေမဲ့ စီးပွားရေးတိုးတက်မှု နောက်ကျတဲ့အခါ ထိခိုက်တဲ့သူတွေဟာ ရိုးရိုးပြည်သူပြည်သားတွေပါပဲ။ ခင်ဗျားတို့နိုင်ငံမှာ ကျွန်တော်အကြာကြီး နေဖူးပါတယ်။ ပြည်သူလူထုက ရိုးသားပါတယ်။ စိတ်ရင်းကောင်းတယ်။ သဘောထားကောင်းတယ်။ ခုနမေးသလို အမေရိကန်နဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ကျွန် တော့်အနေနဲ့လည်း ဒီကိစ္စကို ဘယ်လိုထင်သလဲဆိုတော့ အနောက်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်း လာတဲ့အခါ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုမှာ အကျိုးရှိပါတယ်။ အခုစီးပွားရေးပိတ်ဆို့မှုကလည်း နည်းနည်းလျော့သွားပြီ။ ဒါကတစ်ချက်။ နောက်တစ်ချက်က အနောက်နိုင်ငံနဲ့ ဆက်ဆံတဲ့အခါမှာ များသောအားဖြင့် အမေရိကန်က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒီမိုကရေစီအရေး အကူအညီပေးမယ်လို့ တွန်းအားပေးမယ်။ အဲဒီလိုပေးတဲ့အခါမှာ သတ်မှတ်ချက်ရှိပါတယ်။ ဒီလို အခြေအနေမှာ မြန်မာနိုင်ငံ ဆောင်ရွက်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ တည်တည်ငြိမ်ငြိမ်နဲ့ တစ်ဆင့်ပြီးတစ်ဆင့် သွားဖို့အတွက် မြန်မာအစိုးရခေါင်းဆောင်တွေ ပထမဆုံး စဉ်းစားသင့်တဲ့ အရေးကြီးတဲ့ကိစ္စပါလက်ရှိ အရပ်သားအစိုးရနဲ့ အရင်စစ်အစိုးရ ဘယ်လိုကွာခြားမှုရှိတယ်လို့ မြင်သလဲ။

အစိုးရအသစ်က ပြည်သူလူထုရွေးချယ်ပြီး တက်လာတဲ့ အစိုးရပါ။ ပြည်သူလူထုသဘောကျတဲ့ အစိုး ရသစ်ကို ကျွန်တော်တို့က ကောင်းကောင်းမွန်မွန် ဆက်ဆံတာပေါ့။ အစိုးရကွာခြားမှု ကျွန်တော် မပြောလိုဘူး။ ကျွန်တော် သိပ်လေ့လာမထားဘူး။ ဒါပေမဲ့ အရင်မြန်မာအစိုးရမှာ လွှတ်တော်မရှိဘူး။ အခု ရှိပြီလေ။ အစိုးရကို ကြီးကြပ်နိုင်မယ့်၊ အစိုးရကို ဝေဖန်နိုင်မယ့် အရေးကြီးတဲ့လွှတ်တော် ရှိလာပြီလေ။ ဒါကကွာခြားမှုပဲ။

မစ္စတာချန်းတို့ ကြားတဲ့အတိုင်းပဲ မြန်မာနိုင်ငံမှာ အခုစာပေစိစစ်မှု မရှိတော့ပါဘူး။ အဲဒီတော့ တရုတ် နိုင်ငံနဲ့ ပတ်သက်ပြီး ရေးသားမှုတွေကို အရင်ကလို အစိုးရရဲ့ ထိန်းချုပ်မှု မရှိတော့ဘူးပေါ့။ ဆိုတော့ လက်ရှိ ပြည်တွင်းမီဒီယာတွေမှာ တရုတ်နဲ့ပတ်သက်လို့ တော်တော်လေးဝေဖန်ပြီး ရေးလာ တာတွေ့ရတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးကို အဲဒီမီဒီယာ စိစစ်ဖြတ်တောက်မှု ရုပ်သိမ်းခြင်းက ထိခိုက်နိုင်မယ်ထင်လား။

တရုတ်အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်လို့ ပြောင်းလဲမှုမရှိဘူး။ ပြောင်းလဲမှာလည်း မဟုတ်ဘူး။ အနောက်နိုင်ငံက ပြောတာရှိတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ အကျိုးစီးပွားရှိတယ်လို့။ ရှိတာပေါ့။ ဒါပေမဲ့ အရေးကြီးဆုံး အကျိုးစီးပွားက မြန်မာနိုင်ငံ တည်ငြိမ်မှုရှိရမယ်။ တစ်နေ့တခြား ဖွံ့ဖြိုးတိုးတက်မှုရှိရမယ်။ အနောက်နိုင်ငံက ဘယ်လိုပြောပြော ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံအပေါ်မှာရှိတဲ့ ပေါ်လစီ။ ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ တရုတ်နဲ့ မြန်မာက အိမ်နီးချင်းနှစ်နိုင်ငံကြားမှာ ကီလိုမီတာ ၂၀၀၀ ကျော် နယ်နိမိတ်ရှိတယ်။ မြန်မာနိုင်ငံက တစ်နေ့တခြား ဆင်းရဲသွားပြီး ဆူပူမှုရှိလာတယ်၊ နိုင်ငံရေးတည်ငြိမ်မှုမရှိဘူး၊ လူမျိုးစုအချင်းချင်း စစ်ပွဲရှိတယ်ဆိုရင် အိမ်နီးချင်းအတွက် အကျိုးမရှိဘူး။ ကျွန်တော်တို့ အကျိုးစီးပွား တကယ်ထိခိုက်တယ်။ ကျွန်တော်တို့ပေါ်လစီ ရည်ရွယ်ချက်က နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးပါတယ်။ စစ်အစိုးရ၊ အရပ်သားအစိုးရရယ်လို့ မဆိုင်ဘူး။ ဘယ်အစိုးရမဆို မြန် မာပြည်သူလူထုအတွက် အကျိုးရှိရင် ကျွန်တော်တို့ကူညီမယ်။

ခုန အနောက်က ပိတ်ဆို့မှုတွေအကြောင်း ပြောသွားတယ်။ မြန်မာပြည်သူတွေကို ထိခိုက်တယ်ပေါ့။ ပြည်သူတွေရဲ့ အမြင်မှာလည်း တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို ဝေဖန်မှုတွေရှိတယ်။ ကုလသမဂ္ဂမှာ တရုတ်နိုင်ငံက စစ်အစိုးရဘက်က ရပ်တည်ပေးခဲ့တဲ့အတွက် တရုတ်အစိုးရကြောင့် မြန်မာစစ်အစိုးရ သက်ဆိုးရှည်ခဲ့တယ်လို့ မြင်ကြတယ်။ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါသလဲ။

အခု အီဂျစ်နိုင်ငံ၊ လစ်ဗျားနိုင်ငံ၊ ဆီးရီးယားနိုင်ငံတို့မှာ စစ်ပွဲတွေ ဖြစ်နေကြတယ်။ အဲဒီနိုင်ငံတွေ ဘာ လို့စစ်ပွဲတွေ ဖြစ်ရလဲ။ ဘယ်နိုင်ငံမှာမဆို အစိုးရကို မကြိုက်တဲ့ အင်အားစုရှိပါတယ်။ နိုင်ငံ ရေးတိုက်ခိုက်မှုရှိပါတယ်။ ဒါကိုဒီပြင်နိုင်ငံက ကိုယ့်နိုင်ငံအကျိုးစီးပွား ရှေးရှုပြီး ခင်ဗျားနိုင်ငံရဲ့ နိုင်ငံရေး အငြင်းပွားမှုကို ၀င်ရောက်စွက်ဖက်တဲ့အခါ၊ အထူးသဖြင့် အမေရိကန် စတဲ့ အင်အားကြီးနိုင်ငံတွေ ၀င်ရောက်စွက်ဖက်တဲ့အခါ တစ်ခုခုဖြစ်ရင် ဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့ တရုတ်နိုင်ငံက ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံမှာ ဒီလို အခြေအနေတွေ မမြင်ချင်ပါဘူး။ ၂၀၀၇ ခုနှစ်တုန်းက လုံခြုံရေးကောင်စီကိစ္စ တရုတ်၊ တောင်အာဖရိကနဲ့ ရုရှားတို့ ဗီတိုအာဏာသုံး ပယ်ချခဲ့တယ်။ တကယ်လို့သာ လုံခြုံရေး ကောင်စီမှာ အဲဒီအချိန်က အဆိုပြုချက် အောင်မြင်ခဲ့ရင် မြန်မာနိုင်ငံ ဒီလိုအခြေအနေကောင်းတဲ့ဟာမျိုး ရှိမှာမဟုတ်ဘူး။ (၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်သွင်း မည့်ကိစ္စကို တရုတ်နိုင်ငံက ဗီတိုအာဏာသုံးကာ ပယ်ချခဲ့ခြင်းကို ရည်ညွှန်းလိုခြင်းဖြစ်သည်)

တရုတ်ရဲ့ရပ်တည်မှုကြောင့် မြန်မာနိုင်ငံအခြေအနေ ဆိုးဆိုးဝါးဝါး ဖြစ်မသွားစေဘူးလို့ ပြော လိုက်တာပါလား။ခုနက ကျွန်တော်ပြောတယ်။ အခြားနိုင်ငံတွေမှာ အနောက်နိုင်ငံတွေက ၀င်တယ်။ တပ်မတော်လည်းဝင်တယ်။ ခင်ဗျားတို့နိုင်ငံမှာလည်း လူမျိုးစုပြဿနာတွေက
ရှိတယ်။ မြောက်ပိုင်းမှာ ပြဿနာတွေရှိတယ်။ အခြားနိုင်ငံက ၀င်ရောက်စွက်ဖက်တဲ့အခါက အခြေ အနေရှုပ်လာမယ်။ ပိုဆိုးမယ်။ ဒီလို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဒီမိုက ရေစီလမ်း ကြောင်းကို သွားတဲ့ အခြေအနေမျိုး ရှိမှာမဟုတ်ဘူး။

အခု လတ်တလောကိစ္စလေး မေးချင်ပါတယ်။ တရုတ်နိုင်ငံက ကချင်ပြည်နယ်ကနေ တိမ်းရှောင်လာတဲ့ စစ်ဘေး ဒုက္ခသည်တွေကို လက်မခံဘဲ အတင်းအကျပ် ပြန်ပို့နေတယ်ဆိုတဲ့ သတင်းတွေ၊ သတင်း ဓာတ်ပုံတွေ ပြည်တွင်းမီဒီယာမှာ ထွက်ပေါ်လာပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အစိုးရအနေနဲ့ ဘယ်လိုရှင်းပြနိုင်ပါလဲ။

ကျွန်တော်တို့ အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားပေးနေပါတယ်။ ပိုက်ဆံလည်း အများကြီး ကုန်ပါတယ်။ သူတို့စားဝတ်နေရေးအတွက် ကျွန်တော်တို့ကတော့ နိုင်ငံတကာရှေ့မှာဆို အမြဲပြောတယ်။ သူတို့က ဒုက္ခသည်မဟုတ်ပါဘူး ဆိုတာကို။ဒုက္ခသည်မဟုတ်ဘူးဆိုတော့။

သူတို့ဒုက္ခသည်ဆိုရင် ပထမ မြန်မာလူမျိုးတွေ ဂုဏ်သိက္ခာကျဆင်းမယ်။ မဟုတ်ဘူးလား။ ကျွန်တော် တို့က သူတို့ကို ဒုက္ခသည်မဟုတ်ဘူးလို့ သတ်မှတ်ပါတယ်။ဒါဆိုရင် အဲဒီသူတွေကို တရုတ်အစိုးရက ဘယ်လိုအမည်တပ်မလဲ။

သူတို့က မြန်မာပြည်ဘက်ကလာတဲ့ နယ်စပ်ပြည်သူပြည်သားတွေပါ။ ဟိုဘက်မှာ စစ်ပွဲ၊ အကြီးအကျယ် စစ်ပွဲတော့ မဟုတ်ဘူး။ ပြည်သူလူထုကကြောက်လို့ တရုတ်ဘက်ကို တိမ်းရှောင်လာတယ်။ ကချင် လူမျိုးက ကျွန်တော်တို့ဘက်မှာလည်း ဂျင်းဖော (လူမျိုး) ရှိတယ်။ သူတို့ အတူတူပါပဲ။ ဥပမာ ဟိုဘက် ကနေ မူဆယ်က၀င်လာရင် နှစ်ယောက်၊ သုံးယောက် ပျောက်သွားတယ်။ သူတို့ဆွေမျိုးတွေဆီ ရောက်သွားတာ။ ဟိုဘက်(မြန်မာ)မှာ အခြေအနေကောင်းတာနဲ့ ပြန်တယ်။ အခု နည်းနည်း ကျန်သေးတယ်။ ယူနန်အစိုးရကလည်း အစားအစာပေးတယ်။ နေစရာပေးတယ်။ ယာယီအနေနဲ့ ကျန်း မာရေးပြုစုပေးတယ်။

ဒုက္ခသည်မရှိဘူးဆိုတဲ့ သဘောထားကို စွဲကိုင်ထားတဲ့ တရုတ်နိုင်ငံအနေနဲ့ အခု ကချင် စစ်ပြေး ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ မူဝါဒ ဘယ်လိုရှိပါသလဲ။

ဒီကိစ္စကို ကျွန်တော်တို့ ဗဟိုအစိုးရက တော်တော်အလေးထားပါတယ်။ ရက်စက်တဲ့စိတ်နဲ့ ကချင် လူမျိုး တွေကို စစ်ပွဲဖြစ်နေတဲ့ဘက်ကို ပြည်နယ်(ယူနန်)အစိုးရက ပြန်ပို့ရင် ကျွန်တော်တို့လည်း ခွင့်ပြုမှာ မဟုတ်ဘူး။

တရုတ်နိုင်ငံနဲ့ ပတ်သက်ရင် ပြည်တွင်းမှာ ပြောတာတစ်ခုရှိတယ်။ တရုတ်နိုင်ငံက မြန်မာပြည်က မိန်းမတွေတောင် Import လုပ်တယ်လို့။ နှစ်နိုင်ငံကြားက လူကုန်ကူးမှုပြဿနာကို တရုတ်အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်နေပါသလဲ။

နှစ်နိုင်ငံဆက်ဆံရေးမှာ ကောင်းတာလည်းရှိသလို မကောင်းတာလည်း ရှိပါတယ်။ ခင်ဗျားပြောတဲ့ကိစ္စ ကျွန်တော်လည်း ကြားဖူးပါတယ်။ ဒါဟာ ဗီယက်နမ်နဲ့လာအိုနိုင်ငံတို့ ကြားမှာလည်း ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်၊ ဥရောပနိုင်ငံတွေက ပိုဆိုးပါတယ်။ ကျွန်တော်တို့ဆီမှာ လယ်သမားတွေက ဆင်းရဲတော့ မိန်းမယူဖို့ အခက်အခဲရှိပါတယ်။ နယ်စပ်ဒေသမှာ ဗီယက်နမ်၊ မြန်မာ ကောင်မလေးတွေကို ပိုက်ဆံနဲ့ဝယ်တယ်။ ဒါဥပဒေချိုးဖောက်တာပေါ့။ ကျွန်တော်တို့ တွေ့ရင် သိရင် ထောင်ကျမယ်။ ဒီကိစ္စကို မြန်မာအစိုးရရော၊ တရုတ်အစိုးရပါ အလေးထား ဆောင်ရွက်နေတယ်။ ဖြည်းဖြည်းချင်း ကျဆင်း နေတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ ဒါဟာအရေးကြီးတဲ့ကိစ္စ မဟုတ်ဘူး။ ကျေးဇူး တင်ပါတယ်။ ။

ထိုင်းမှာလည်း ဘင်္ဂါလီအမျိုးတွေ ဆန္ဒပြပြီ

Posted by drmyochit Thursday, September 20, 2012, under | No comments




From : သာနောင်

မွတ်ဆလင်မ်လူမျိုး ၃၀၀ ခန့်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးသို့ ယနေ့ ချီတက် ဆန္ဒပြကြောင်း သိရသည်။ ဆန္ဒပြသမားများက ဘန်ကောက်စံတော်ချန် မွန်းလွဲ ၂ နာရီခန့်တွင် စတင် ချီတက် ဆန္ဒပြခဲ့ကြပြီး မွန်းလွဲ ၃ နာရီခွဲခန့်တွင် လူစုကွဲသွားကြောင်းနှင့် အကြမ်းဖက်မှု တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ခြင်းမရှိကြောင်း Bangkok Post သတင်းက ပြောကြားသည်။

အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်ထားသော ရုပ်ရှင် ဇာတ် လမ်းတို တစ်ခုကို အမေရိကန်ဒါရိုက်တာတစ်ဦးက ရိုက်ကူးခဲ့ပြီး အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတိုမှာ အွန် လိုင်း မှတစ်ဆင့် ကမ္ဘာတစ်ဝန်း ပြန့်နှံ့ခဲ့ရာ မွတ်ဆလင်မ်တို့၏ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ လစ်ဗျားတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုမှတစ်ဆင့် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း အမေရိကန်သံအမတ် သေဆုံးခဲ့ရသည်။

အစ္စလာမစ်နိုင်ငံအများအပြားတွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး အချို့နိုင်ငံများမှ ဆန္ဒပြမှုများမှာ အကြမ်း ဖက် တိုက်ခိုက်မှုအသွင်ဆောင်ခဲ့ပြီး အမေရိကန်သံရုံးများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ လက်ဘ နွန်နိုင်ငံ ဘေရွတ်မြို့တွင် ပြုလုပ်ခဲ့သော ဟစ်ဇ်ဘိုလာအုပ်စုက ဦးဆောင်သည့် အမေရိ ကန်ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ လူပေါင်းတစ်သိန်းခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်