ဗြိတိန် တော်ဝင်မင်းသမီး ကိတ်မစ်ဒယ်လ်တန်(ကိတ်)ရဲ့ဓာတ်ပုံကိစ္စနဲ့ ပတ်သက်ပြီး ဒီဓာတ်ပုံတွေကို ဖော်ပြ ခဲ့တဲ့ ပြင်သစ် မဂ္ဂဇင်းဖြစ်တဲ့ Closser မဂ္ဂဇင်းကို တရားစွဲဆိုထားရာမှာ ပြင်သစ် တရားရုံး တခုက မနေ့က စီရင်ချက် ချမှတ်လိုက်ပါတယ်။

တရားရုံးက ဒီလို အမိန့်ချလိုက်တဲ့အချိန်မှာ သူတို့ဟာ တောင်ပစ္စိဖိတ်မှာရှိတဲ့ ဝေးလံတဲ့နေရာ တခုကို ရောက်နေကြ တာပါ။ အဲဒီဒေသထုံးစံလို ၀တ်ဆင်နေကြပြီး ပန်းသရဖူတွေဆောင်းနေပြီး ကခုန်နေ ချိန်မှာပဲ အခုလို တရားရုံး အမိန့် ချမှတ်မှုနဲ့ တိုက်ဆိုင်နေတာလည်းဖြစ်ပါတယ်။

ကိတ်ရဲ့ အပေါ်ယံ အ၀တ်မပါတဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့တဲ့ Closser မဂ္ဂဇင်းအနေနဲ့ ယူရိုငွေ ၂၀၀၀ ပေးဆောင်ဖို့ ဒဏ်ငွေ ရိုက်ခဲ့ပါတယ်။ ဒီနောက် ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း ၂၄ နာရီအတွင်း တော် ၀င် မိသားစုကို လွှဲပြောင်း ပေးရမယ် ဆိုတာပါဘဲ။
ဓာတ်ပုံ- The Sun
အကယ်လို ကိတ်ရဲ့ ဓာတ်ပုံတွေကို လွှဲပြောင်းပေးတဲ့ နေရာမှာ လွှဲပြောင်းပေးအပ်ရန် ကြံကြာခဲ့ပါက တစ်ရက်နောက် ကျတိုင်း ယူရိုငွေ ၈ ထောင်ကိုလည်း ထပ်မံ တိုးပြီးပေး ဆောင်ရမှာလည်း ဖြစ်ပါတယ်။(ဧရာဝတီ)
Time in Rangoon



0 comments:
Post a Comment