Thursday, September 20, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် န၀မအကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

Posted by drmyochit Thursday, September 20, 2012, under | No comments



From : မြ၀တီ


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပမည့် န၀အကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၇ နာရီတွင် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာသွားသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အတူ အဖွဲ့ဝင်များအဖြစ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၊ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာကံဇော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါသွားကြသည်။ အဖွဲ့ဝင်ဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် နန်နင်းမြို့သို့ ကြိုတင်ထွက်ခွာသွားပြီးဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်