Thursday, September 20, 2012

မန္တလေးဈေးချိုတော်ကို မီးရှို့ရန်ကြံစည်ပြီး ကြွပ်ကြွပ် အိတ်နှင့် ထည့်ထားသော ဓါတ်ဆီများ တွေ့ရှိ

Posted by drmyochit Thursday, September 20, 2012, under | No comments


ဤသို့ ကြွပ်ကြွပ်အိတ်နှင့် ထည့်ထားသော ဓါတ်ဆီ များကို ရှာဖွေ တွေ့ရှိခဲ့သည်

မန္တလေး ဈေးချိုတော် ၇ (ခုနှစ်)နံပတ်ရုံ (မုန့်စုံရုံ ဟုလည်းခေါ်ကြ) နဲ့ဈေးအိမ်သာ (သန့်စင်ခန်း)အကြား မှာ   ဆိုင်တွေအောက်ခြေနားကကြွတ်ကြွတ်အိတ်နဲ့ထည့်ထားတဲ့ ဓာတ်ဆီအိတ် ၄ အိတ်ကို ဈေးမဖွင့်ခင် မနက် ၆ နာရီဝန်းကျင်ကတွေ့ရှိကြောင်း သိရပါသည်။ထိုအိတ်များကို  ဈေးခင်းဖို့ရောက်လာတဲ့ရှမ်းခေါက် ဆွဲဆိုင်ရှင် မိန်းမကြီးက မီးတောက်နေတာကို စတင်တွေ့ရှိလို့ ဈေးသန့်စင်ခန်း အစောင့်ကို အော်ဟစ် အကူအညီတောင်းတာကြောင့်အခြားသောဈေး သူဈေးသားများနဲ့အတူ ရေစိုပုဆိုး၊ ရေစို အ၀တ်တွေနဲ့
ငြိမ်းသတ်ရာမှာ မီးတောက် တစ်တောင် သာသာပဲ ရှိခဲ့လို့ ခဏတွင်းမီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ 


မနက်ပိုင်းမှာ ဓာတ်ဆီအိတ် ၄အိတ်တွေ့ရှိခဲ့တာဖြစ်ပြီး ခေါင်မိုးနေရာတွေမှာ ဆက်လက်ရှာဖွေရာဓာတ်ဆီ အိတ်တွေဆက်တွေ့တယ်လို့ဆိုပါတယ်။ မွန်းလွဲ ၁ နာရီ လောက်မှာတော့ ဓာတ်ဆီအနံ့ထပ်ရတာကြောင့် ဆက်လက်ရှာဖွေရာ နောက်ထပ် ကြွတ်ကြွတ်အိတ်အနက်ရောင်နဲ့ ထည့်ထားတဲ့ ဓာတ်ဆီအိတ်တွေကို ထပ်မံတွေ့ရှိပါသည်။


ဒီတစ်ကြိမ်က ပထမဆုံးမဟုတ်ပဲ ဒီလိုဖြစ်တာ ၄ ကြိမ်ရှိပြီဖြစ်တာကြောင့် ဈေးသူဈေးသားများက တရားခံကို အမြန်ဆုံးဖမ်းမိစေချင်နေကြပြီး မီးဘေးအတွက်လည်း စိုးရိမ်နေကြရကြောင်းသိရသည်။
 
ဤသို့ ကြွပ်ကြွပ်အိတ်နှင့် ထည့်ထားသော ဓါတ်ဆီ များကို ရှာဖွေ တွေ့ရှိခဲ့သည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်