Thursday, September 20, 2012

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကယားပြည်နယ် အစိုးရအဖွဲ့က တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ချီးမြှင့်

Posted by drmyochit Thursday, September 20, 2012, under | No comments


(နေပြည်တော် စက်တင်ဘာ ၁၈)
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် စက်တင်ဘာ ၁၇ ရက် ညပိုင်းက လွိုင်ကော် မြို့ မြို့တော်ခန်းမ၌ ကယားပြည်နယ် အစိုးရအဖွဲ့က တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲအခမ်းအနား သို့ တက်ရောက် ချီးမြှင့်သည်။ အဆိုပါ အခမ်းအနားသို့ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်းနှင့် ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ် သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် တပ်မတော် အရာရှိကြီး  များ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူးနှင့် ဇနီး၊ လွိုင်ကော် တပ်နယ်မှ တပ်မတော် အရာရှိကြီး များတက် ရောက်ကြပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင် ဦး၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျော်ဆွေ၊ ပြည် နယ်အစိုးရ အဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များ၊ ငြိမ်းချမ်း ရေး အဖွဲ့အစည်း များနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။ ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီး၊  ပြည်နယ် ဝန်ကြီးချုပ်နှင့် ညစာစားပွဲ တက်ရောက်လာ ကြသူ များအား ကယား တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အကအဖွဲ့မှ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အကပဒေသာ များဖြင့် ကပြဖျော် ဖြေဧည့်ခံ ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ကပြဖျော်ဖြေ ကြသော ကယား တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့မှ ဒေါဆန်း ဘွန်းကျေးရွာ ကယန်း (ပဒေါင်) ယဉ်ကျေးမှု အဖွဲ့နှင့် အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ ပြည်နယ် ဝန်ကြီး ချုပ်နှင့် ညစာစားပွဲ တက်ရောက် လာကြ သူများသည် ညစာကို အတူတကွသုံး ဆောင်ကြ သည်။ ညစာသုံးဆောင် အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ အား ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြု လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မြန်မာ တိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင် မည့် ကယားပြည်နယ် အဆို၊ အက၊ အရေး၊ အတီး အဖွဲ့အား ဂုဏ်ပြုချီးမြှင့် ငွေများကို လည်းကောင်း၊ ကပြဖျော်ဖြေ သော ကယား တိုင်းရင်းသား ရိုးရာ ယဉ် ကျေးမှုအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့်  ဂုဏ်ပြု ပန်းခြင်း တို့အား လည်းကောင်း ပေးအပ်သည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ညစာ စားပွဲ တက်ရောက် လာကြသည့် ငြိမ်းချမ်း ရေးအဖွဲ့ အစည်း အသီးသီးမှ တာဝန် ရှိပုဂ္ဂိုလ်များ၊ ဧည့်သည်တော် များနှင့် ကပြဖျော် ဖြေကြသော ကယား တိုင်းရင်း သား ရိုးရာ ယဉ်ကျေးမှု အဖွဲ့များအား ရင်းရင်း နှီးနှီး နှုတ်ဆက် သည်။ ကယား ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းမှု ရရှိနေ ပြီဖြစ်ရာ လူထု ကျန်းမာရေး စောင့်ရှောက်မှု ကူညီ ဆောင်ရွက် ပေးနိုင်ရန် တပ်မတော် အထူးကုဆရာ ဝန်ကြီးများ ပါဝင်သည့် နယ်လှည့်ကျန်း မာရေး စောင့်ရှောက်မှု အဖွဲ့များအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန် မှုဖြင့် စေလွှတ် ဆောင် ရွက် ပေးသွား မည်ဖြစ်ကြောင်း သတင်း ရရှိ သည်။    

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်