Tuesday, September 25, 2012

Posted by drmyochit Tuesday, September 25, 2012, under | No comments

ပထမဆုံးအမေရိကန်GE   ကုမ္မဏီထုတ် ခေတ်မှီဂျက်လေယာဉ်(၂)စီး မြန်မာနိုင်ငံသို့ရောက်မည်။ အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့အရေးယူဒါဏ်ခတ်မှုလျော့ပေါ့ပေးလိုက်ပြီးနောက် အမေရိကန်ကုမ္မဏီကြီး တခုဖြစ် သည့် GE ကုမ္မဏီမှမြန်မာနိုင်ငံသို့ စတင်ရင် နှီးမြုတ်နှံရန်ဆောင်ရွက်ခဲ့သည်။ GE ကုမ္မဏီ၏ ယူနစ်တခုဖြစ်သော မြို့ပြဆိုင်လေကြောင်းထုတ်လုပ်မှုလီမိတက် (GECAS) မှ မြန်မာလေကြောင်းလိုင်းအတွက် ခေတ်မှီဂျက်လေယာဉ် Embraer E190 (၂)စီးကို ရောင်းချခဲ့သည်။...

ဂေါက်ချန်ပီယံ

Posted by drmyochit Tuesday, September 25, 2012, under | No comments

...

ရှေ့တန်းရောက်တပ်မတော်သားတစ်ဦးရဲ့ ပေးစာ

Posted by drmyochit Tuesday, September 25, 2012, under | No comments

From : သာနောင်    ပြည်သူတွေရဲ့ လုံခြုံမှုအတွက်..လွပ်လပ်မှုအတွက်... တိုက်ခိုက်ပေးနေခဲ့ရတာပါ... နေ့စဉ်နေ့တိုင်း ဒီနေ့ကငါအတွက်နောက်ဆုံးနေ့လားဆိုတဲ့ အတွေးတွေနဲ့ နေခဲ့ရတာပါ...လူတွေကပြောတယ် ဒီလောက်ကြောက်ရွံ့နေလဲ စစ်သားမလုပ်နဲ့တဲ့ဟုတ်ပါတယ် ကျနော်တို့စစ်သားလဲ လူပါပဲ.. ကြောက်ရွံ့တတ်ပါတယ် ဒါပေမဲ့ တိုင်းပြည်အတွက် တိုက်ခိုက်ချင်လို့ စစ်သားဘဝကိုရွေးချယ်ခဲ့တာပါ.. ကျနော်တို့စစ်သားလဲ လူပါပဲ. ချစ်တတ်ပါတယ် အထီးကျန်တတ်ပါတယ်... ကိုယ်ချစ်တဲ့သူတွေနားမှာပဲ...

ရခိုင်သမိုင်းကို နှစ်ပေါင်း ၂၀ ကျော်ကြာ အသေးစိတ် သုတေသနပြု လေ့လာသူ ပြင်သစ်နိုင်ငံသား သမိုင်းပညာရှင် Dr Jacques Leider က ရိုဟင်ဂျာမှာ တိုင်းရင်းသား မဟုတ်ဟု ပြောဆို...

Posted by drmyochit Tuesday, September 25, 2012, under | No comments

From : ချစ်ကိုကို  ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုးဖြစ်ပါတယ် ဆိုတဲ့ concept မရှိပါဘူး။ သူတို့အနေနဲ့ မတ်တပ်ရပ်ပြီးတော့ သူတို့ဟာ မြန်မာတိုင်းရင်းသားပါ လို့ ကြွေးကြော်လို့တော့ ရတာပေါ့လေ။ ဒါပေမဲ့ ဒီလို အော်နေတာက အကောင်းဆုံး နည်းလမ်းမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူတို့အနေနဲ့ ရခိုင်ပြည်မှာ မျိုးဆက်တစ်ခုမက နေထိုင်လာကြတဲ့ မူစလင်တွေပါ လို့ ပြောရင်တော့ ငြင်းဖို့ခက်ပါမယ်။ ရိုဟင်ဂျာဆိုတာ ဝေါဟာရ တစ်ခုပါ။ ရှေးဟောင်းစကားလုံး တစ်ခုဖြစ်ပြီးတော့...

ရခိုင်ပြည်နယ် ၀န်ကြီးဌာနများ ၀န်ထမ်းလစာပေးရန် ဘတ်ဂျက် မရှိဖြစ်နေ

Posted by drmyochit Tuesday, September 25, 2012, under | No comments

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တွင် ၀န်ကြီး ဌာနများရှိ ၀န်ထမ်းများကို လစာပေးရန် ဘတ်ဂျက်ငွေ မရှိ ဖြစ်နေကြောင်း သတင်း ရရှိသည်။“ ရခိုင်အစိုးရက ခုလို ၀န်ထမ်းတွေ လစာအတွက် ဘတ်ဂျက် မရှိ ဖြစ်နေတာကို မနေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ တင်ပြပါတယ်” ဟု စစ်တွေ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။ ရခိုင်ပြည်နယ် လွှတ်တော်ကို မနေ့က ပြန်လည် စတင်ခဲ့ရာ ရခိုင်ပြည်နယ် ဘတ်ဂျက် အစီအစဉ်တွင် ရခိုင် အစိုးရက ထိုသို့ တင်ပြသွားခြင်း ဖြစ်သည်။...

အယူသီးမှု နှင့် မေတ္တာတရား (အရှင်လတ်လတ်မြှုပ်နှံသင်္ဂြိုလ်ခြင်း)

Posted by drmyochit Tuesday, September 25, 2012, under | No comments

From : သာနောင် ကျနော်တို့ ခေတ်သစ် ကမ္ဘာမှာ လူမှုကွန် ယက်နှင့် တကမ္ဘာ လုံး အတိုင်းအတာ လူသားအချင်းချင်း ချိတ်ဆက် စကားပြောနေချိန်မှာ အိန္ဒိယ နိုင်ငံတနေရာမှာတော့ ကလေးလေးတွေကို အရှင်လတ်လတ်မြှုပ်နှံသင်္ဂြိုလ်တဲ့ ဓလေ့ရှိနေပါသေးကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရချိန် စိတ်ထဲမှာ မသက်မသာ ခံစားလိုက်ရပါတယ်။ အသက် ခြောက်လမှ ဆယ်နှစ် အရွယ် ခလေးလေးတွေကို နေကြတ်ခြင်းကို ကုစားဖို့ ဆိုပြီး အရှင်လတ်လတ်မြှုပ်နှံသင်္ဂြိုလ်လိုက်ပါတယ်။ ခလေးမိဘတွေရဲ့ လက်ထဲက မျက်ရည်စက်လက်နဲ့...

နိုင်ငံရေး အရှုပ်တော်ပုံကြောင့် တရုတ် ရဲချုပ်ဟောင်း ထောင် ၁၅နှစ်ကျ

Posted by drmyochit Tuesday, September 25, 2012, under | No comments

 တရုတ်နိုင်ငံက ရဲချုပ်ဟောင်းတဦးကို တရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ နိုင်ငံရေး အရှုပ်တော်ပုံ တခု ပေါ်ပေါက်ခဲ့ပြီး ထိပ်တန်းနိုင်ငံရေး သများ Bo Xilai ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီးတဲ့နောက် အဲဒီဖြစ်ရပ်တွေနဲ့  ဆက်စပ် နေတဲ့ ထိပ်တန်းရဲအရာရှိဟောင်းကို အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ ရဲချုပ်ဟောင်း Wang Lijun အပေါ် တခြားနိုင်ငံတခုမှာ ခိုလှုံမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ လာဘ်စားမှု၊ ကိုယ်ကျိုးအတွက် ဥပဒေကို အသုံးချမှု တွေအတွက်...

နှစ်ပေါင်း ၂၀ ကျော် အိမ်ထဲမှာ သံကြိုးခတ်ခြင်း ခံထားရသူ

Posted by drmyochit Tuesday, September 25, 2012, under | No comments

 မိခင်တဦးအနေနဲ့ ကိုယ့်ရင်က လွယ်မွေးထားတဲ့ သားဖြစ်သူကို အိမ်ထဲမှာဘဲ နှစ်ပေါင်း ၂၁ နှစ်ကျော် သံကြိုးနဲ့ ခတ်ထားတယ်ဆိုရင် သာမန်အားဖြင့် မယုံနိုင်စရာပါ။ ဒါပေမယ့် တရုတ်ပြည်အရှေ့ပိုင်း ကျန်စုပြည်နယ်၊ နန်ကျင်းမှာ တကယ်ဖြစ်နေပါတယ်။ အသက် ၇၁ နှစ်ရှိ ချန်ကြုဖန် ဆို တဲ့ မိခင်က အသက် ၃၇ နှစ်ရှိ သားဖြစ်သူ ဟောင် ချန်လင်းကို သူ ၁၆ နှစ်သား ကတည်းက သံကြိုးခတ်ပြီး အိမ်ထဲမှာ ထားခဲ့ပါတယ်လို့ မေးလ် အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ အခုလို လုပ်ထားရတာလည်း...

Posted by drmyochit Tuesday, September 25, 2012, under | No comments

စက်တင်ဘာလ ၂၅ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ ဖိလစ်ပိုင်ပင် လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် စူပါတိုင်ဖွန်းမုန်တိုင်း JELAWAT(18W-ဖိလစ်ပိုင် အမည်ဖြင့် LAWIN) သည် အဆင့်-၅ စူပါတိုင်မုန်တိုင်းကြီး ဖြစ်လာပြီးး၊ မနီလာမြို့တော် အရှေ့ဘက် မိုင် ၄၆၀ ခန့်၊ အိုကီနာဝါကျွန်း၏ တောင်ဘက်စူးစူး မိုင် ၇၂၀ ခန့် ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဗဟိုပြုလျှက်ရှိပါသည်။ အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်းကြီး JELAWAT သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိနေပြီး၊...

မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၃ဦးနှုန်း အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရဟုဆို

Posted by drmyochit Tuesday, September 25, 2012, under | No comments

    မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၃ဦးခန့် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေ ရကြောင်း ကျန်းမာရေးဦးစီးဌာန၊ UNAIDS ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းတွက် ချက်ထားသည့် ''HIV Estimates and Projections Asian Epidemiological Model Myanmar 2010-2015 ''တွင် ဖော်ပြထားချက်များအရ သိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ ခန့်မှန်းဦးရေ နှစ်သိန်းဝန်းကျင်ခန့် ရှိနေပြီး ပိုးရှိသူများအနက်မှ လူဦးရေတစ်သိန်းနှစ်သောင်းကျော်မှာ...

၁၂နှစ်အရွယ် အမျိုးသမီးငယ်တဦးကို အလိုမတူ အားဓမ္မပြုကျင့်

Posted by drmyochit Tuesday, September 25, 2012, under | No comments

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ရင်ဂမြို့နယ် ဒတ်မာ ရာဒေသ၌ ၁၂နှစ်အရွယ် မိန်းကလေးတဦး ကိုအလိုမတူဘဲ မုဒိမ်းပြုကျင့် ဖြစ်ရပ်တခုပေါ် ပေါက်ခဲ့သည်ဟု ၄င်းတို့၏နိုင်ငံပိုင် သတင်းတွင်ဖေါ်ပြထားသည်။ “အိမ်နားက ဟင်ခင်းကို ဟင်းခူးဖို့သွားတယ်။ အဲဒါကို အခွင့်ကောင်း ယူပြီး ဒါခီးယာရွာက Sahid Ullah ဆိုတဲ့လူဟာ အဲဒီမိန့် ကလေးကို အနီးအနား တောထဲကိုအားဓမ္မခေါ်ယူပြီး မုဒိမ်းပြုကျင့်တာ ဖြစ်ပါတယ်” ဟုမိသားစု အပြောကိုကိုးကားပြီး ရဲအရာရှိက ဒေသ သတင်း ထောက်အားပြောသည်။ ပြုကျင့်ခံရသူ မိသားစုဘက်မှ...

Posted by drmyochit Tuesday, September 25, 2012, under | No comments

 ရန်ကုန်လေဆိပ်မှာ လူကြုံထည့်ပေးလိုက် ပါရစေဆိုပြီး လာအကူအညီတောင်းတဲ့ လူတွေနဲ့ တွေ့ရင် အားနာမနေဘဲ ငြင်းလိုက်တာ ကိုယ့်အတွက် အန္တရာယ်အကင်းဆုံး  ဖြစ်ပါလိမ့်မယ်။ ကျွန်တော့် အသိတစ်ယောက် အားနာပြီး လမ်းကြုံ သယ်သွားပေးမိတာ ထည့်ပေးလိုက်တဲ့သူက လက်ဖက်တွေ၊ ငပိကြော်တွေလို့ ပြောပြီး ထည့်ပေး လိုက်ပေမယ့် စင်္ကာပူလေဆိပ်ရောက်လို့ စစ်တော့မှ ဆေးရွက်ကြီးတွေ ၀ှက်ပြီး ထည့်ပေးလိုက်တာ သွားမိပါတယ်။ မြန်မာဘက်က ဆေးရွက်ကြီးသယ်သွားတာ ဘာပြဿနာမှ မရှိပေမယ့်...

တောင်ကိုရီးယားနိုင်ငံ၌ ဆောက်လုပ်ဆဲ တံတားတစ်စင်းပြိုကျ နှစ်ဦးသေဆုံး ၁၂ ဦးဒဏ်ရာရ

Posted by drmyochit Tuesday, September 25, 2012, under | No comments

ဆိုးလ် စက်တင်ဘာ ၂၃   တောင်ကိုရီးယား နိုင်ငံ ပါဂျူမြို့ မြောက်ပိုင်း၌ စက်တင်ဘာ ၂၂  ရက်က ဆောက်လုပ်ဆဲ တံတားတစ်စင်း ပြိုကျခဲ့ရာ အလုပ်သမား နှစ်ဦး သေဆုံး၍ အခြား ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ မီဒီယာ များ၏ ထုတ်ပြန် ကြေညာချက် အရ သိရသည်။ ဖြစ်ပွားပုံမှာ အရှည် ၅၃၉ မီတာ ရှည်လျားသည့် အမ်ဂျင်မြစ်ကူး တံတား၏ အရှည်၅၅ မီတာရှိ တံတား အစိတ်အပိုင်း တစ်ခုကို အလုပ်သမား များက ဆောက်လုပ်နေစဉ်  ပြိုကျခဲ့ခြင်း ဖြစ်ပြီး အလုပ်သမား များသည် အောက်ဘက်ရှိ...

ဖားကန့်တွင် KIA ၏ လက်နက်ကြီးဒဏ်ကြောင့် ရွာသား(၃)ဦး ဒဏ်ရာရ

Posted by drmyochit Tuesday, September 25, 2012, under | No comments

 စက်တင်ဘာလ(၂၄)ရက်နေ့ နေ့လည်ပိုင်းတွင် ဖားကန့်မြို့နယ် ဆိုင်းအောင်ရွာထဲသို့ဝင်လာသော အစိုးရစစ်ကြောင်းကို KIA မှ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုလက်နက်ကြီးများသည် ဆိုင်းအောင်ရွာတွင်းသို့ ကျရောက် ပေါက်ကွဲကာ ရွာသား(၃)ဦး အပြင်အထန်ဒဏ်ရာရရှိခဲ့ပြီး ဖားကန့်ဆေးရုံသို့ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ဆိုင်းအောင်ရွာမှ ကချင်အဖွားအိုတစ်ဦးမှ KDN သို့ ပြောပြချက်မှာ `` မနေ့ နေ့လည်က KIA တွေက ဗမာစစ်တပ်ကိုလက်ကြီးတွေနဲ့ ပစ်ခဲ့တယ်။ ...

အကျဉ်းသားကို ထောင်မှူး ကိုယ်ထိလက်ရောက်ထိုးကြိတ်

Posted by drmyochit Tuesday, September 25, 2012, under | No comments

ပဲခူးမြို့ အကျဉ်းထောင်မှာ ထောင်ကျနေသူ အကျဉ်းသား ဦးလှမိုးကို ထောင်မှူး ဦးကျော်စွာသင်းက ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့တဲ့အတွက် အကျဉ်းသားရဲ့ဇနီးဖြစ်သူ မခင်ကြည်ကြည်ချိုက ပဲခူးထောင် ညွှန်မှူး ဦးနိုင်ဝင်း၊ ဦးစီးအရာရှိ ဦးသိန်းစိုး၊ ထောင်ပိုင် ဦးဝင်းတင်တို့ကို မနေ့မနက်က တွေဆုံ တိုင်ကြားခဲ့ပါတယ်။ အဲဒီနောက် ပြည်တွင်းဂျာနယ်တချို့က သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပွဲပြုလုပ်ခဲ့တယ်လို့ အကျဉ်းသားရဲ့ ဇနီးဖြစ်သူ မခင်ကြည်ကြည်ချိုက RFA ကို ပြောပါတယ်။ "ကျွန်မ မနေ့က...

မချမ်းဘော ဆန်ပြတ်လတ်လို့  အာဟာရချိုတဲ့ သေဆုံး

Posted by drmyochit Tuesday, September 25, 2012, under | No comments

ကချင်ပြည် ပူတာအိုမှာ ဒီနှစ်အတွင်း ဆန်ရှားပါးပြီး ပြတ်လတ်တဲ့ အထိ ဖြစ်နေလို့ ဒေသခံ ပြည်သူတွေအနေနဲ့ ငှက်ပျောအူ၊ ငှက်ပျော ဖူးတွေနဲ့ အစားထိုး မှီခိုနေရတဲ့အတွက် အာဟာ ရချိုတဲ့ပြီး လူသေဆုံးတဲ့ အထိ ဖြစ်နေပါတယ်။ ပူတာအိုမြို့နယ်၊ မချမ်းဘောမြို့နယ်တွေမှာ ဒီနှစ် အစောပိုင်းလောက်ကစပြီး ဆန်ပြတ် လတ်မှုတွေ မကြာခဏ ဖြစ်ပွားပြီး ဇူလိုင် လကုန်ပိုင်းက စပြီးတော့ အခုချိန်ထိ ဒေသခံတွေဟာ သစ်သီး သစ်ဥတွေကိုပဲ ရှာဖွေ စားသောက်ရတဲ့အထိ ဆန်ပြတ်လတ် သွားတယ်လို့ ဒေသခံတွေက...

KIA မှအတင်းအဓမ္မ ဖမ်းပြီးသားမယားအဖြစ်ပေါင်းမှုအား ပင်လုံရွာမှသူများမကျေနပ်

Posted by drmyochit Tuesday, September 25, 2012, under | No comments

 KIA အဖွဲ့က မေလ ၆ရက်နေ့က ပင်လုံရွာမှအတင်းအဓမ္မဖမ်းဆီး လူသစ် စုဆောင်း သွားသော မိန်းကလေး ၇ ဦးနဲ့ ယောကျာင်္းလေး ၁၅ ဦးအနက် KIA မှ အမျိုးသမီး ၂ဦးအား အတင်း အဓမ္မမတရားပြုကျင့်ပြီးအိမ်ထောင်ပြုခဲ့တဲ့အတွက် မိုးညှင်း မြို့နယ် ပင်လုံရွာမှလူတွေက မကျေနပ် ဖြစ်နေကြပါတယ်။ ကျန်တဲ့ လူတွေကိုတော့ တပ်သားသစ်အဖြစ် နမ္မတီးရွာနားမှာရှိတဲ့ နန့်ခပ်ခချောင်းဖျားမှာ ရှိတဲ့ KIA ရင်း ၁၁မှာ သင်တန်းပေးနေပြီးသင်တန်းမှူးကတော့ ဗိုလ် စီးနော်လော် လို့သိရပါတယ်။ ဖမ်းသွားတဲ့ အထဲမှ...

တိမ်းရှောင်ထွက်ပြေး

Posted by drmyochit Tuesday, September 25, 2012, under | No comments

  ဖားကန့်မြို့တောင်ဘက် ၂၁မိုင်ခန့်အကွာ တွင်တည်ရှိသည့် တာမခန်ရွာသို့သွားရာ ဖားကန့်-တာမခန်လမ်းပေါ်တွင် စက်တင်ဘာ ၂၁ရက် နေ့လယ် ၁၁နာရီခန့်မှ စ၍ KIA နှင့် မြန်မာတပ်မတော်ကြား ပစ်ခက်တိုက်ခိုက်မှုအချို့ရှိခဲ့ရာ အဆိုပါလမ်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများမှာ ဖားကန့်မြို့နှင့် ဆက်လျက်ရှိသည့် ဆိုင်းတောင်ရွာနှင့် တာမခန် ရွာများသို့ ပြောင်းရွှေ့တိမ်းရှောင် နေကြကြောင်း ဖားကန့်မြို့နှင့် ဆိုင်းတောင်ရွာ ဒေသခံများထံမှ သတင်းရရှိသည်။ စက်တင်ဘာ ၂၂ရက် နံနက်...

အကြမ်းဖက်သမား ဖယ်ရှားဖို့ စီစဉ်

Posted by drmyochit Tuesday, September 25, 2012, under | No comments

ရေစီစနစ် တိုးတက်လာရေးကို နည်းအမျိုးမျိုးနဲ့ တားဆီးနှောင့်ယှက်နေတဲ့  မြောက်ကို ရီးယားနဲ့ အရှေ့ အလယ်ပိုင်းလို ဒေသတွေက အစွန်းရောက်သမားတွေကို တကမ္ဘာလုံးက ညီညီညွတ်ညွတ်လက်တွဲပြီး ဆန့်ကျင် ကြဖို့ လိုအပ်တယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောဆိုလိုက်ပါတယ်၊ အမေရိကန်နိုင်ငံ New York မြို့ မှာ ရှိတဲ့ နိုင်ငံခြားရေး Clinton ရဲ့ ခင်ပွန်း သမ္မတဟောင်း Bill Clinton ရဲ့  ကမ္ဘာလုံးဆိုင်ရာ ရှေ့ဆောင် ဦးရွက်ရေး Clinton Global Initiative ...

မီးသုံးစွဲလိုသူနည်းသဖြင့် ကော့သောင်း ကျောက်မီးသွေးစက်ရုံ မလည်နိုင်သေး

Posted by drmyochit Tuesday, September 25, 2012, under | No comments

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် တည်ဆောက်ခဲ့သည့် ကော့သောင်းကျောက်မီးသွေးစက်ရုံအား ဒေသခံများ၏ မီးသုံးစွဲ အားနည်းသေးသည့်အတွက် စက်ရုံလည်ပတ်ရန် မဖြစ်နိုင်သေးကြောင်း စက်ရုံမန်နေဂျာ ဦးလှမော်က ပြောကြားသည်။ ကော့သောင်းမြို့တွင် မြို့နယ် လျှပ်စစ်ဓာတ်အား လုပ်ငန်း (EPC )မှ ထုတ်လွှတ်သည့် မီးသုံးအားမှာ နေ့ဘက်တွင် ၅ဝဝ ကီလိုဝပ်ခန့် ရှိပြီး ညဘက်တွင် ၁ ဒသမ ၂ မဂ္ဂါဝပ် ခန့်ရှိသာ ရှိသည့်အတွက် ၈ မဂ္ဂါဝပ် ဓာတ်အား ထုတ်လုပ်နိုင်သည့် ကျောက်မီးသွေးစက်ရုံမလည်...

အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အစည်းအဝေး ပွဲများကို အိမ်ရှင်အဖြစ် ထပ်မံကျင်းပမည်

Posted by drmyochit Tuesday, September 25, 2012, under | No comments

From : Myanmar Expressမြန်မာနိုင်ငံ    ပုဂံမြို့တော်၌ အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အစည်းအဝေးပွဲများကို ကျင်းပသွားရန်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတစ်ဦးက ပြောသည်။ အောက်တိုဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့၌ အဆိုပါ အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အစည်းအဝေးပွဲများကို ကျင်းပသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၁၁-၂၀၁၂ ခုနှစ် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ...

Posted by drmyochit Tuesday, September 25, 2012, under | No comments

အစိုးရသတင်းစာမှာဖေါ်ပြထားတဲ့ ကေအိုင်အေတပ်ဖွဲ့ဝင်တွေရဲ့ အလင်းဝင်လက်နက်ချမှုဟာလည်း အယောက်(၁၀၀)ကျော်ပါပြီ။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ကေအိုင်အေစစ်သည်တွေအနေနဲ့ စစ်ကိုမလို လားဘူး ဆက်မတိုက်ချင်တော့ဘူးဆိုတာ ပေါ်လွင်နေပါတယ်။ စစ်တပ်ကဆုံးရှုံးမှုတွေကိုတော့ စစ်တပ် အသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေဆီက စုံစမ်းသိရှိခဲ့ရာက ပြင်ပမီဒီယာတွေရဲ့ ဖော်ပြချက်တွေထက် အလွန်ပဲ နည်းပါးပါတယ်။ စစ်တပ်က စစ်သားတွေရဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေကို ကြေငြာလေ့မရှိတဲ့အတွက် ကေအိုင်အေခေါင်းဆောင်...

ရင်းနှီးမြှုပ်နှံ့မှုတိုးမြှင့်ရန်တောင်ကိုရီးယားစီးပွားရေးကိုယ်စားလှယ်များမြန်မာနိုင်ငံသို့လာရောက်

Posted by drmyochit Tuesday, September 25, 2012, under | No comments

From : the voiceအစိုးရသစ်လက်ထက်ပြုပြင်ပြောင်းလဲမှုများပြုလုပ်လျက်ရှိသောမြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန် ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များမြန်မာနိုင်ငံသို့ရောက်ရှိနေကြောင်း ကိုရီးယားအစိုးရပိုင် ကုန်သွယ်ရေးမြှင့်တင်ရေး အေဂျင်စီ (KOTRA)၏ပြောကြားချက် ကို Korea Times သတင်းတွင် ဖော်ပြထားသည်။ အထည်အလိပ်၊စက်ရုံ၊ဆက်သွယ်ရေးနှင့်သဘာဝအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းစသောကဏ္ဍ၄ ခုနှင့်ပတ်သက်သော ကိုယ်စားလှယ်အပါအဝင် ပုဂ္ဂလိက ကုမ္ပဏီ ၂၃ ခုသည်...

တရုတ်နိုင်ငံတွင် စိတ်ရောဂါသည်များကို အတင်းအဓမ္မစေခိုင်းသည့် စက်ရုံတစ်ရုံကို တရားစွဲ

Posted by drmyochit Tuesday, September 25, 2012, under | No comments

တရုတ်နိုင်ငံ အတွင်း၌ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်း သူများကို မတရား ခိုင်းစေသော အင်္ဂတေ စက်ရုံ တစ်ရုံကို အာဏာပိုင် များက တရားစွဲဆို ခဲ့ကြောင်း သိရသည်။ အဆိုပါ စက်ရုံ၌ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူ များကို နံနက်  ၆ နာရီမှ စတင်၍ အန္တရာယ် ရှိသော စက်များဖြင့် အလုပ် ခိုင်းစေလျက် ရှိကြောင်း၊ ၎င်းတို့အား အခြား အစားအစာ မပါသော ခေါက်ဆွဲများ ကိုသာ ကျွေးမွေး လျက်ရှိကြောင်း သိရသည်။ ထို့အပြင် ၎င်းစက်ရုံရှိ အချို့ အလုပ်သမား များမှာလည်း နားလေး၊...

မြစ်ကြီးနားမြို့အနီးတ၀ိုက်တွင် KIA မှ လူသစ်စုဖမ်းဆီးနေ

Posted by drmyochit Tuesday, September 25, 2012, under | No comments

စက်တင်ဘာ ၂၃ ရက်နေ့က မြစ်ကြီးနားမြို့မှ ၁၀ မိုင်ခန့် ဆွမ်ပရာဘွမ်သွား ကားလမ်းဘေးရှိ ဒွန်ရန်ရွာတွင် ကေအိုင်အေမှ အတင်းအဓမ္မ လူသစ်စုဖမ်းဆီး သွားကြောင်း သိရပါတယ်။ ဖြစ်ပွားပုံကတော့ ကေအိုင်အေ အင်အား ၅၀ လောက်ရှိတဲ့အဖွဲ့ဟာ ဒွန်ဂန်ရွာထဲကို ညသန်းခေါင်းအချိန်မှာ တစ်အိမ်ကို ၃ ယောက်စီ ၀င်ရှာပါတယ်။ ယောကျာင်္းလေးတော်တော်များများ ကို ပါသွားပြီး စုစုပေါင်း ၁၂ ယောက် ကို KIA ရင်း ၁၁ ရှိတဲ့ဘက်ကို ခေါ်သွားတယ်လို့ သိရပါတယ်။ သူတို့အရင် ကတည်းက စုံစမ်းထားတယ်လို့ထင် ပါတယ်။    ဘာကြောင့်လဲဆိုတော့...

ရခိုင်ပဋိပက္ခ အစီရင်ခံစာ နိုဝင်ဘာ ၁၆ တွင် ထုတ်ပြန်မည်

Posted by drmyochit Tuesday, September 25, 2012, under | No comments

 ရခိုင် ပဋိပက္ခ ဆိုင်ရာ အစီရင်ခံစာ တစ်ရပ် ကို လာမည့် နိုဝင် ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကာ နိုင်ငံတော် သမ္မတ ထံ တင်ပြသွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဆိုင်ရာ စုံစမ်းရေး ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မျိုးမြင့်က ပြော သည်။ စက်တင် ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့်က ချက်ထရီယမ် ဟိုတယ်၌ ကျင်းပသည့် ရခိုင်ပြည် နယ် ဆိုင်ရာ စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့၏ ပထမ အကြိမ် သတင်းစာ ရှင်းလင်းပွဲ၌ ၄င်းကထို သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်