Tuesday, September 25, 2012

KIA မှအတင်းအဓမ္မ ဖမ်းပြီးသားမယားအဖြစ်ပေါင်းမှုအား ပင်လုံရွာမှသူများမကျေနပ်

Posted by drmyochit Tuesday, September 25, 2012, under | No comments



 KIA အဖွဲ့က မေလ ၆ရက်နေ့က ပင်လုံရွာမှအတင်းအဓမ္မဖမ်းဆီး လူသစ် စုဆောင်း သွားသော မိန်းကလေး ၇ ဦးနဲ့ ယောကျာင်္းလေး ၁၅ ဦးအနက် KIA မှ အမျိုးသမီး ၂ဦးအား အတင်း အဓမ္မမတရားပြုကျင့်ပြီးအိမ်ထောင်ပြုခဲ့တဲ့အတွက် မိုးညှင်း မြို့နယ် ပင်လုံရွာမှလူတွေက မကျေနပ် ဖြစ်နေကြပါတယ်။ ကျန်တဲ့ လူတွေကိုတော့ တပ်သားသစ်အဖြစ် နမ္မတီးရွာနားမှာရှိတဲ့ နန့်ခပ်ခချောင်းဖျားမှာ ရှိတဲ့ KIA ရင်း ၁၁မှာ သင်တန်းပေးနေပြီးသင်တန်းမှူးကတော့ ဗိုလ် စီးနော်လော် လို့သိရပါတယ်။ ဖမ်းသွားတဲ့ အထဲမှ အသက်အရမ်းတဲ့ကလေး ၃ယောက်ကိုတော့ သူတို့မိသားစုတွေကို KIA မှ ဖုန်းဆက်ပြီး ငွေ ၅သိန်းနဲ့လာရွေးရန်ပြောခဲ့တယ်လို့သိရပါတယ်။ KIA အဖွဲ့၏လုပ်ရပ်ကတော့ တကယ့်စံတင် စရာပါဘဲ။ လူသတ်၊ မိုင်းထောင်၊ လမ်း၊ တံတားတွေဖျက်စီး အတင်းအဓမ္မငွေတောင်း (ဒမြတိုက်မှု သာသာ) တွေပြုလုပ် ယုံတင် မကတော့ဘဲ လူတွေကိုပြန်ပေးဆွဲ၊ အတင်းအဓမ္မ သားမယားပြုကျင့်တဲ့အဆင့်တွေဖြစ် နေပါတယ်။ ကချင်ပြည်နယ်ကလူတွေကလည်းကျေနပ်မှုတွေမရှိကြတော့ဘဲ သူတို့ရဲ့ လုပ်ရပ်ကို ဆန့်ကျင်ချင်ပေမယ့်လည်း သူတို့ရဲ့ ညှင်းပန်းနှိပ်စက်မှု သတ်ဖြတ်မှုကို ကြေ်လို့ ဘယ်သူမှမပြောရဲကြတော့ပါဘူး။ အခုလို အဓမ္မအတင်းသားမယားအဖြစ် ပေါင်းသင်းမှုနဲ့ လူမှုရေး ကျူးလွန်မှုတွေအတွက် ပင်လုံရွာသားတွေက တိုင်တန်းဖို့ ကြိုးစား နေကြပြီး အစိုးရတပ် ကိုလဲကူညီမှုတွေပြုလုပ်ပြီး သူတို့ကိုကာကွယ်ပေးဖို့ တောင်းဆိုနေ ပါတယ်လို့ ပင်လုံကျေးရွာမှ တိုင်းရင်းသူတစ်ဦးက KDN သတင်းဌာနသို့ သတင်းပေး ပို့လာပါတယ်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်