Tuesday, September 25, 2012

ရခိုင်ပဋိပက္ခ အစီရင်ခံစာ နိုဝင်ဘာ ၁၆ တွင် ထုတ်ပြန်မည်

Posted by drmyochit Tuesday, September 25, 2012, under | No comments



 ရခိုင် ပဋိပက္ခ ဆိုင်ရာ အစီရင်ခံစာ တစ်ရပ် ကို လာမည့် နိုဝင် ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကာ နိုင်ငံတော် သမ္မတ ထံ တင်ပြသွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဆိုင်ရာ စုံစမ်းရေး ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မျိုးမြင့်က ပြော သည်။ စက်တင် ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့်က ချက်ထရီယမ် ဟိုတယ်၌ ကျင်းပသည့် ရခိုင်ပြည် နယ် ဆိုင်ရာ စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့၏ ပထမ အကြိမ် သတင်းစာ ရှင်းလင်းပွဲ၌ ၄င်းကထို သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ် ခဲ့သော အခြေ အနေ များနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရေး ကော်မရှင် မှ စစ်ဆေး တွေ့ရှိချက် များအား နိုင်ငံတော် သမ္မတ ထံသို့ တင်ပြနိုင် ရန် အတွက် ရခိုင်ပြည်နယ် အတွင်းရှိ တောင်ကုတ်၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ နှင့် ရသေ့ တောင်မြို့နယ် များရှိ ကျေးရွာ များနှင့် ကယ်ဆယ်ရေး စခန်းများသို့ စက်တင် ဘာလ ၇ ရက် နေ့မှ ၁၅ ရက်နေ့အထိ သွားရောက် ကာ ရခိုင် တိုင်းရင်း သား များနှင့် အစ္စလာမ် ဘာသာဝင် များအား သီးခြား စီ တွေ့ဆုံ မေးမြန်း မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ သီးခြားစီ တွေ့ဆုံ မေးမြန်းရာ၌ နှစ်ဖက် စလုံးမှ အကြောက် တရားများ လွှမ်းမိုး၍ လုံခြုံရေး အခြေ အနေ မရှိမှု များ အား တင်ပြသည် များရှိသကဲ့သို့ ခွဲခြား ဆက်ဆံခံ ရမှု အခြေအနေ များအား တင်ပြသည် များလည်း ရှိကြောင်း၊ စုံစမ်းရေး ကော်မရှင် အနေဖြင့် ဒေသခံ များနှင့် တွေ့ ဆုံေ ဆွးနွေး ရာ မှ ရရှိသော အချက် အလက် များအား အခြေခံ စစ်တမ်းများ ကောက်ယူခဲ့ သည့်အပြင် ထိုစစ်တမ်း များ ပိုမို ခိုင်မာမှု ရှိစေရေး အတွက် သီးခြား သုတေ သနပြု အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ သုတေသနပြု စစ်တမ်း ကောက်ယူ လျက်ရှိကြောင်း၊ စုံစမ်းရေး ကော် မရှင်မှ ကွင်းဆင်း ကောက်ယူ ခဲ့သော အခြေ အနေများနှင့် သုတေ သန အဖွဲ့မှ ကောက်ယူ ရရှိခဲ့သော အခြေ အနေ ဆိုင်ရာ စစ်တမ်း များကို ပေါင်း စပ်၍ ရခိုင်ပြည်နယ် ဆိုင်ရာ အစီရင် ခံစာ တစ်စောင် ကို ရေးဆွဲသွား မည် ဖြစ်ကြောင်း စုံစမ်းရေး ကော်မရှင် အတွင်း ရေးမှူး ဒေါက်တာ ကျော်ရင် လှိုင်က ပြောသည်။


ထို့အပြင် အဆိုပါ အစီရင်ခံ စာအား နိုင်ငံတော် သမ္မတထံ တင်ပြ ပြီးနောက် ပြည်သူများ သိရှိစေရန် ထုတ်ပြန်သွားမည်ဟု ၄င်းက ဆိုသည်။ စုံစမ်း စစ်ဆေးရေး ကော်မ ရှင် အနေဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ ရခိုင် တိုင်းရင်းသား ၁၈၂ ဦးနှင့် အစ္စလာမ် ဘာသာဝင် ၂၁ဝ ကို မေးမြန်းနိုင်ခဲ့ပြီး ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွား ခဲ့သော အခြေ အနေများနှင့် ပတ်သက်၍ ၄င်းတို့ ၏ သဘောထား၊ တွေ့ကြုံ ခံစားရ မှု အဖြစ်အပျက်များအပေါ် မူတည် ၍ စစ်တမ်း ကောက် ယူခဲ့ခြင်း ဖြစ် သည်ဟု စုံ စမ်းရေး ကော် မရှင်မှ အဖွဲ့ဝင် ဦးဇာဂနာ က ပြောသည်။ ၄င်းအပြင် စုံစမ်းရေး ကော်မရှင်မှ ထုတ်ပြန်မည့် အစီရင်ခံစာ မှာ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းမှု ရှိစေရန် အတွက်သာ စီစဉ် ထုတ်ပြန် သွားမည် ဖြစ်သည့် အတွက် ရခိုင် တိုင်းရင်းသား များနှင့် ရခိုင်ပြည်နယ် အတွင်း နေထိုင်သော အစ္စလာမ် ဘာသာဝင်များ အကြား ဖြစ်ပွားနေသည့် ပဋိပက္ခ ပြဿနာ များမှာ ပိုမိုကြီးထွား လာဖွယ် မ ရှိ ဟု ၄င်းက ထပ်မံပြောသည်။

Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်