Tuesday, September 25, 2012

အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အစည်းအဝေး ပွဲများကို အိမ်ရှင်အဖြစ် ထပ်မံကျင်းပမည်

Posted by drmyochit Tuesday, September 25, 2012, under | No comments


From : Myanmar Express

မြန်မာနိုင်ငံ    ပုဂံမြို့တော်၌ အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အစည်းအဝေးပွဲများကို ကျင်းပသွားရန်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတစ်ဦးက ပြောသည်။ အောက်တိုဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့၌ အဆိုပါ အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အစည်းအဝေးပွဲများကို ကျင်းပသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၁၁-၂၀၁၂ ခုနှစ် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးအဆင့် ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူထားသည့်အတွက် အစည်းအဝေးပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရခြင်း ဖြစ်သည်။ နိုင်ငံတော်အစိုးရသစ် လက်ထက်၌ ပထမဦးဆုံး အကြိမ်အဖြစ် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝးကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ အောက်တိုဘာလအတွင်း ကျင်းပမည့် အာဆီယံ ဆက်သွယ်ရေး သတင်းအချက်အလက် နည်းပညာဆိုင်ရာ အစည်းအဝေးပွဲသည် ဝန်ကြီးအဆင့် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ဒုတိယအကြိမ်မြောက် အစည်းအဝေး ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့ထုတ် Internet Journal တွင် ဖော်ပြထားပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်