From : the voice
အစိုးရသစ်လက်ထက်ပြုပြင်ပြောင်းလဲမှုများပြုလုပ်လျက်ရှိသောမြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန် ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များမြန်မာနိုင်ငံသို့ရောက်ရှိနေကြောင်း ကိုရီးယားအစိုးရပိုင် ကုန်သွယ်ရေးမြှင့်တင်ရေး အေဂျင်စီ (KOTRA)၏ပြောကြားချက် ကို Korea Times သတင်းတွင် ဖော် ပြထားသည်။
အထည်အလိပ်၊စက်ရုံ၊ဆက်သွယ်ရေးနှင့်သဘာဝအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းစသောကဏ္ဍ၄ ခုနှင့်ပတ်သက်သော ကိုယ်စားလှယ်အပါအဝင် ပုဂ္ဂလိက ကုမ္ပဏီ ၂၃ ခုသည် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန်မြန်မာနိုင်ငံသို့ရောက်ရှိ နေခြင်းဖြစ်ကြောင်း ကိုရီးယား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုအေဂျင်စီ(KOTRA)ကပြောကြားသည်။
အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ စီးပွားရေးအခွင့်အလမ်းများကိုတိုးမြှင့်နိုင်ရန်အတွက် စီးပွားရေးဖိုရမ်နှင့်စီးပွားရေးဆိုင်ရာတိုင်ပင်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။
အဆိုပါတောင်ကိုရီးယားစီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရတာဝန်ရှိသူများနှင့် လည်းကောင်း တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်းကောင်းတွေ့ဆုံမည်ဖြစ်ကြောင်း KOTRA အဖွဲ့ကပြောကြားသည်။
မြန်မာနိုင်ငံတွင်ပြုလုပ်လျက်ရှိသောပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှု များကို ဖယ်ရှားပေးရန် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကစဉ်းစားလျက်ရှိသည်။
“မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့အရေးယူပိတ်ဆို့မှုတွေရုတ်သိမ်းဖို့ကအရေးကြီးပါတယ်။တောင်ကိုရီးယား စီးပွားရေး ကိုယ်စားလှယ်တွေအနေနဲ့မြန်မာနိုင်ငံမှာ ထပ်မံရင်းနှီးမြှုပ်နှံဖို့ ခြေကုပ်ရသွားနိုင်ပါတယ်”ဟု KOTRA မှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ထို့ပြင်ယခုနှစ်နိုဝင်ဘာလတွင်လည်း မြန်မာနိုင်ငံရန်ကုန်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယား ကုန်စည် ပြပွဲပြုလုပ်မည်ဖြစ်ပြီး၊ကုမ္ပဏီ ၆၀ခန့်ပါဝင်ပြသမည်ဟုမျော်လင့်ကြောင်းအဆိုပါအဖွဲ့ကပြောကြားသည်။
အစိုးရသစ်လက်ထက်ပြုပြင်ပြောင်းလ
အထည်အလိပ်၊စက်ရုံ၊ဆက်သွယ်ရေးနှင
အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ စီးပွားရေးအခွင့်အလမ်းများကိုတိ
အဆိုပါတောင်ကိုရီးယားစီးပွားရေး
မြန်မာနိုင်ငံတွင်ပြုလုပ်လျက်ရိ
“မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့
ထို့ပြင်ယခုနှစ်နိုဝင်ဘာလတွင်လည
0 comments:
Post a Comment