စက်တင်ဘာလ ၂၅ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ ဖိလစ်ပိုင်ပင် လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် စူပါတိုင်ဖွန်းမုန်တိုင်း JELAWAT(18W-ဖိလစ်ပိုင် အမည်ဖြင့် LAWIN) သည် အဆင့်-၅ စူပါတိုင်မုန်တိုင်းကြီး ဖြစ်လာပြီးး၊ မနီလာမြို့တော် အရှေ့ဘက် မိုင် ၄၆၀ ခန့်၊ အိုကီနာဝါကျွန်း၏ တောင်ဘက်စူးစူး မိုင် ၇၂၀ ခန့် ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဗဟိုပြုလျှက်ရှိပါသည်။
အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်းကြီး JELAWAT သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိနေပြီး၊ မုန်တိုင်းဗဟိုတွင် လေပြင်းတိုက်ခတ်နှုန်း တစ်နာရီ ၃၁၅ ကီလိုမီတာ(၁၇၀ နော်တီကယ်မိုင်နှုန်း)ရှိကာ၊ မုန်တိုင်းဒီလှိုင်းအမြင့် ၄၂ ပေရှိကြောင်း သိရပါသည်။ မုန်တိုင်း အရွယ်အစားမှာ အချင်း ၄၂၀ နော်တီကယ်မိုင်(၇၇၅ ကီလိုမီတာ)ရှိသော ကြီးမားသည့် အရွယ်အစား ဖြစ်လာကြောင်း တွေ့ရပါသည်။ WUND မှ မုန်တိုင်း လမ်းကြောင်း ခန့်မှန်းချက် ပြပုံတွင် လေပြင်းတိုက်ခတ်နှုန်း တစ်နာရီ မိုင် ၁၆၀ မှ ၁၉၅ မိုင်အထိ ရှိမည်ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။
JELAWAT သည် အိုကီနာဝါကျွန်းအား ဖြတ်ကျော်တိုက်ခတ်ပြီး ဂျပန်နိုင်ငံ တောင်ပိုင်းနှင့် ဂျပန်ပင်လယ်ပြင်သို့ ဦးတည်ရွေ့လျားနိုင်ဘွယ်ရှိကြောင်း WUND ကနဦး လမ်းကြောင်းခန့်မှန်းချက်များတွင် ဖေါ်ပြထားပါသည်။
Time in Rangoon


0 comments:
Post a Comment