Monday, December 03, 2012

အမျိုးသား သစ္စာဖောက်များနှင့် စည်းကမ်းပျက် သစ္စာဖောက် လောက်ကောင်များ

Posted by drmyochit Monday, December 03, 2012, under | No comments

မြန်မာရာဇ၀င်တွင် တိုင်းတစ်ပါးသားနှင့် ပေါင်းကာ ပုန်ကန်တော်လှန်သည့် တောင်ငူဘုရင် နတ်သျှင်နောင် သည် ရာဇ၀င် ထဲက သစ္စာဖောက် ဖြစ်သည်။ ထိုမှ တစ်ဖန် ဗိုလ်ချုပ်အောင် ဆန်းနှင့် ခေါင်းဆောင်ကြီး များကို လုပ်ကြံ ခဲ့သည် ဦးစောမှာကား သမိုင်းထဲက သစ္စာဖောက်ဖြစ်သည်။ ထိုမှ တစ်ဖန် ယနေ့ခေတ် တွင်တော့ ဘင်္ဂလီအားပေး သစ္စာဖောက်များကို ဤသို့ အပြစ်ပေးကြလေသည်။ ...

လက်ပန်းတောင်းတောင်အရေး ဆန္ဒပြသူနှစ်ဦး ထပ်မံဖမ်းဆီးခံရ

Posted by drmyochit Monday, December 03, 2012, under | No comments

လက်ပန်းတောင်း တောင်အရေးမှာ အစိုးရတာဝန် ရှိသူတွေက ကိုင်တွယ်ဖြေရှင်းခဲ့တာ ကိုမကျေနပ်တဲ့ အတွက် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာ စုပေါင်း ဆန္ဒပြခဲ့ရာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ဒုရဲမှူးကြီး ဦးသက်လွင်ကိုယ်တိုင် ဆန္ဒပြခေါင်းဆောင် နှစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ဒီကနေ့ ဖမ်းဆီးခံခဲ့ ရသူတွေဟာ Generation Wave အဖွဲ့က ကိုမိုးသွေးနဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးတို့ နှစ်ဦးဖြစ်ပြီး...

စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့အား အယုံအကြည်မရှိသဖြင့် လက်ပံတောင်းတောင်အရေး ဆန္ဒပြမှုများ နိုင်ငံအဝှမ်း ဖြစ်ပေါ်နေ

Posted by drmyochit Monday, December 03, 2012, under | No comments

 စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့အား အယုံအကြည်မရှိသဖြင့် လက်ပံတောင်းတောင်အရေး ဆန္ဒပြမှုများ  နိုင်ငံအဝှမ်း  ဖြစ်ပေါ်နေ ကြောင်း သတင်းရရှိသည်။ ဆန္ဒပြသူများသည် ငြိမ်းချမ်းစွာ တန်းစီဆန္ဒပြခွင့် ဥပဒေကို ချိုးဖောက်ကာ ကြိုတင်မလျှောက်ထားပဲ စည်းမဲ့ကမ်းမဲ့ ဆန္ဒပြခဲ့ကြပြီး တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ ကားအရေအတွက် များလာသဖြင့် လမ်းတွင် ကားကြပ်ရသည့်အထဲ...

ထန်းတပင် တူးချောင်းကျေးရွာအုပ်စုမှ NLD ပါတီဝင် ၁၂၀ နှုတ်ထွက်

Posted by drmyochit Monday, December 03, 2012, under | No comments

အချင်းချင်း စိတ်ဝမ်းကွဲ ကုန်ကြပြီး  ဒီဇင်ဘာ ၂ ရက် ယနေ့ ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာအုပ်စုမှ NLD ပါတီဝင် ၁၂၀ နှုတ်ထွက်ကြောင်းသိရသည်။ တူးချောင်းကျေးရွာ၊ ကလီကျေးရွာ၊ ကျောက်ကြီးကျေးရွာ တို့မှ ရပ်ကျေးပါတီတွင်း လုပ်ပိုင်ခွင့်နေရာ မရရှိခြင်းကြောင့် ပါတီဆိုင်း ဘုတ်များဖြုတ်ကာ စုပေါင်းနှုတ် ထွက်ကြခြင်းဖြစ်ပြီး၊ ပါတီဝင် ဟောင်းများက ဦးဆောင်ခဲ့ကြ ကြောင်းသိရသည်။   Myanmar Express ...

အင်ဂျင်နီယာ ဒီပလိုမာသင်တန်းများအတွက် အခမဲ့ပညာသင်ဆုများ Glory မှ ချီးမြှင့်မည်

Posted by drmyochit Monday, December 03, 2012, under | No comments

Glory သင်တန်းကျောင်းတွင် (UK) အင်ဂျင်နီယာ ဒီပလိုမာ သင်တန်းများနှင့် အဆင့်မြင့် အသက်မွေးဝမ်း ကျောင်း အတတ် ပညာ ရပ်များ သင်ကြားပို့ချလျက်ရှိရာ အဆိုပါပညာရပ် များကို စိတ်ပါ ဝင်စား သော်လည်း ငွေကြေးအခက် အခဲ ရှိသော လူငယ်များအ တွက် ကူညီ ထောက်ပံ့ရန် ရည်ရွယ်ကာ Glory မှ နှစ်စဉ်ပညာသင်ဆု Scholarship များ ပေးအပ်လျက်ရှိသည်။ ပြီးခဲ့သော (၆)နှစ် တာကာ လအတွင်း ၎င်းပညာသင်ဆုကို လူငယ် ၁၁၂ ဦးကို ရွေးချယ် စိစစ်ပေးအပ် ခဲ့ပြီး ၂ဝ၁၃ ပညာသင်နှစ် အတွက်လည်း ပညာသင် ဆုများ ချီးမြှင့်မည်ဖြစ်...

မင်းကိုနိုင်၊ ကိုကိုကြီးနှင့် ၈၈ မျိုးဆက်ကျောင်းသားများသို့....

Posted by drmyochit Monday, December 03, 2012, under | 1 comment

၈၈ မျိုးဆက်ဆိုတာ..မဆလ ခေတ်မှာ ဖိနှိပ်ခံကျောင်း သားတွေရဲ့ ရုန်းထွက်တဲ့ သမိုင်းခြေ ရာတွေ ဖြစ်ခဲ့တာ အမှန်ပါ.. သူတို့တွေကြောင့် လည်း..မဆလ တစ်ပါတီစနစ် ပျက်သုန်းခဲ့ရတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ပြောရရင်တော့ ၈၈ ကျောင်းသား များဆိုတာ ခံယူချက်၊ ယုံကြည်ချက် ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ပညာဆုံးခန်းတိုင် မသင်ခဲ့ရဘူး။ ဘ၀ရဲ့အချိန်အများစု ထောင်ထဲမှာ ဖြတ်သန်းခဲ့ရတယ်။ ဒါကြောင့် တွေးခေါ်မျှော်မြင်မှု အားနည်းတယ်။ မိမိကျွမ်းကျင်ခဲ့တဲ့ လုပ်ငန်းတွေဖြစ်တဲ့ အစိုးရရဲ့...

တရုတ်အစိုးရ ပြုပြင်ပြောင်းလဲဖို့ မျက်မမြင်တက်ကြွသူ တိုက်တွန်း

Posted by drmyochit Monday, December 03, 2012, under | No comments

တရုတ်အစိုးရရဲ့ ခေါင်းဆောင်တွေ အထူးသဖြင့် နောက်တက်မယ့် ခေါင်းဆောင်သစ် အနေနဲ့ တိုင်းပြည်မှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာစေဖို့နဲ့ တရားဥပဒေ စိုးမိုးမှုရှိစေရေး ဆောင်ရွက်ဖို့ ပြည်ပရောက် တရုတ်မျက်မမြင် တက်ကြွ လှုပ်ရှားသူ ချန်ဂွမ်ချမ်း (Chen Guangchen) ကတိုက်တွန်း လိုက်ပါတယ်။ အိမ်နီးချင်း မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတ၀ှမ်း နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်ပေါက်နေချိန်မှာ တရုတ်နိုင်ငံလည်း ပြောင်းလဲဖို့ အချိန်တန်နေပြီလို့ သူက ပြောလိုက်တာပါ။  အပြည့်အစုံကိုတော့...

အီဂျစ်လူထုဆန္ဒခံယူပွဲ ထိပ်တန်းတရားသူကြီးတွေ သပိတ်မှောက်မည်

Posted by drmyochit Monday, December 03, 2012, under | No comments

အီဂျစ်နိုင်ငံမှာ အခြေခံဥပဒေသစ်တရပ် အသက် သွင်းနိုင်ဖို့ လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့အခါမှာ ခါတိုင်း ဦးဆောင် ကြီးကြပ်နေတဲ့ အီဂျစ်ရဲ့ သြဇာလွှမ်းမိုးမှု အရှိဆုံး တရားသူကြီးတွေ အဖွဲ့က သပိတ်မှောက်မယ်လို့ ဆိုလိုက်ပါတယ်။ တနင်္ဂနွေနေ့က အစိုးရပိုင်သတင်း မီနာ ရဲ့ ကြေညာချက်အရ အီရန်ထိပ်တန်း တရားသူကြီး အဖွဲ့က ဆန္ဒခံယူပွဲကို သပိတ်မှောက်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ပြီးပြီလို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ အရင်လက အီဂျစ်သမ္မတ မိုဟာမတ်မော်စီရဲ့ နိုင်ငံရဲ့ အကြွင်းမဲ့အာဏာ...

အမျိုးသားနေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိ နတ်မောက်မြို့သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည်

Posted by drmyochit Monday, December 03, 2012, under | No comments

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၈ ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်သော အမျိုးသားနေ့တွင် သူမ၏ဖခင် အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိ နတ်မောက်မြို့နှင့် တောင်တွင်းကြီး၊ မြို့သစ်၊ မကွေး၊ ရေနံချောင်းမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နတ်မောက်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် အမျိုးသားနေ့ အခမ်းအနားသို့ သွားရောက်မည်ဖြစ်ပြီး နေပြည်တော် မှတစ်ဆင့် တောင်ညို၊ ချောင်းနက်၊ တောင်တွင်းကြီးလမ်းမှ...

နန်းခင်ဇေယျာ၏ ပေးဆပ်မှုနိဒါန်း

Posted by drmyochit Monday, December 03, 2012, under | No comments

၂.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် လစဉ်လတိုင်း ပထမပါတ်တနင်္ဂနွေနေ့ သည် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လုပ်အားပေး အသင်းသား/သူများ၏ လပါတ်အစည်းအဝေး ကျင်းပသည့် နေ့ရက်ဖြစ်ပေသည်။  အစောပိုင်းတွင် အလုပ်အမှုဆောင် အစည်းအဝေးကျင်းပချိန်၌ ဥက္ကဋ္ဌ ဦးကျော်သူအား ဧည့်သည်  ရောက်နေကြောင်း အစည်းအဝေးခန်းသို့ အကြောင်းကြားခဲ့ပြီးမကြာ ဦးကျော်သူ ထွက်လာခဲ့ရာ ဧည့်သည် ဆိုသူသည် နန်းခင်ဇေယျာဖြစ်နေပြီး ယခင်ပထမအကြိမ် လာရောက် ခဲ့စဉ်နှင့်မတူ၊ မမှတ်မိတော့  လောက်အောင် ပုံစံပြောင်းလဲနေသည့်...

နွေဦးကာလ ဖုန်ထသောအခါ

Posted by drmyochit Monday, December 03, 2012, under | No comments

မြန်မာနိုင်ငံ၏ အပြောင်းအလဲကို အနောက် နိုင်ငံများတွင် အေးခဲသော ဆောင်းတွင်း ကုန်လွန်ပြီး သာတောင့်သာယာ ကာလအစ နွေဦးနှင့် တင်စားပြီး မြန်မာ့နွေဦးဟု ခေါ်ဝေါ်ကြသည်။ ထိုနာမည် စီးသောကြောင့်ပေလား မသိ၊ နွေဦးကာလ လေပွေ အမွှေ့ တွင် ဖုန်လုံးတို့ ထောင်းခနဲ ထောင်းခနဲ ထသည့် အတိုင်း ယနေ့ မြန်မာနိုင်ငံသည် ဖုန်ထသော ကာလ၊ ရှုပ်ထွေးသော ကာလကို ဖြတ်သန်း နေရသည်။ ထိန်းချုပ်ထားသော အားများကို ဖြည့်လွှတ် လိုက်သည့် ကာလ ဖြစ်သည့် အတိုင်း သိပံ္ပသဘော အရ မျှခြေ အသစ် (New Equilibrium) တစ်ခုကို သွားနေသေးရာ ထိုမျှခြေသစ်သို့ မရောက်မချင်း မတည်မငြိမ်ဖြစ်နေဦးမည်။ စပ်ကူးမပ်ကူး ကာလနှင့် လျော်ညီစွာ...

အာရာဖတ် ရုပ်အလောင်းကို ပြန်လည်တူးဖော်စစ်ဆေး

Posted by drmyochit Monday, December 03, 2012, under | No comments

ရာမာလာ - ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်၏ ရုပ်အလောင်းကို နိုဝင်ဘာလ ၂၇ ရက်နေ့က ပြန်လည် ဖော်ယူခဲ့ပြီး အဆိပ်မိခဲ့ခြင်းရှိ မရှိ စမ်းသပ်ရန် ကျွမ်းကျင်သူများက နမူနာ များစတင်ရယူနေပြီဟု ပါလက်စတိုင်း သတင်း ရင်းမြစ် များက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ အမည်မဖော်လိုသည့် သတင်းရင်း မြစ်များက ပြောကြားရာတွင် ဒေသစံတော်ချိန် နံနက် ၅ နာရီကစတင်ပြီး ပြင်သစ်၊ ဆွစ်ဇာလန်နှင့် ရုရှားကျွမ်းကျင် သူများရှေ့မှောက်၌ ရုပ်အလောင်း မှနမူနာ များကို ရယူခဲ့ကြောင်း...

လက်ပံတောင်းကော်မရှင်မှာ ၈၈ တွေ မပါဝင်လို

Posted by drmyochit Monday, December 03, 2012, under | No comments

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ထဲမှာ ၈၈ မျိုးဆက် ကျောင်းသားတွေ မပါဝင်လိုကြောင်း ထုတ်ဖော် ကြေငြာ လိုက်ပါတယ်။ ဆက်စပ်သတင်းနဲ့ အစီအစဉ်များလက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စ စုံစမ်းရေး ကော်မရှင်ဖွဲ့လက်ပံတောင်း ထိခိုက် သံဃာတွေ အကူအညီလိုလက်ပံတောင်းဖြိုခွင်းမှု ရဲမှူးကြီး ခုခံပြောကြားဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ပါဝင်ပြီး အဖွဲ့ဝင် စုစုပေါင်း ၃၀ ပါရှိတဲ့ ကော်မရှင်ကို သမ္မတ ဦးသိန်းစိန်က စနေနေ့တုန်းက...

ထိုင်းနိုင်ငံရှိ SCG မှ မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းများ စတင်တည်ထောင်ရန်ပြင်ဆင် ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအတွင်း ဘိလပ်မြေစက်ရုံ တည်ဆောက်သွားမည်

Posted by drmyochit Monday, December 03, 2012, under | No comments

မြန်မာနိုင်ငံရှိ အိမ်ဆောက်ပစ္စည်း ဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံးရယူထားသည့် ထိုင်းနိုင်ငံရှိ SCG(The Siam Cement Public Limited ) မှ မြန်မာနိုင်ငံအတွင်း ထုတ်ကုန်ဖြန့်ဖြူးရေး လုပ်ငန်း များစတင် လုပ်ဆောင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ မန်နေဂျာဖြစ်သူ Mr.Soontornpol Veerapravati က ပြောပါသည်။ SCG မှ မြန်မာနိုင်ငံအတွင်း ပထမဆုံး ထုတ်ကုန်အဖြစ် ဘိလပ်မြေ စက်ရုံအား တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ်မှ စတင်ကာ တည်ဆောက် သွားမည် ဖြစ်ကြောင်းလည်း...

မွေးရပ်မြေပြန် သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ ရ ရခိုင် ရဟန်းတော်အား ဒေသခံများ ဂုဏ်ပြုကြိုဆို

Posted by drmyochit Monday, December 03, 2012, under | No comments

သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ရပြီးမိမိ မွေးရပ်မြေ ရသေ့တောင်သို့ ပြန်လာသော ဒေါက်တာ အသျှင် ဉာဏုတ္တရအား မြို့သူ မြို့သားများက အခမ်းအနား ပြုလုပ်ကာ ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။ ဒေါက်တာ အသျှင်ဉာဏုတ္တရသည် သိရီလင်္ကာနိုင်ငံ ကေလဏိယ တက္ကသိုလ်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပါရဂူဘွဲ့ ရရှိခဲ့ပြီး၊ နိုဝင်္ဘာလ ၃၀ ရက်နေ့က သူ၏ မွေးရပ်မြေ ရသေ့တောင်မြို့ သို့ ပြန်လာရာ ပြည်သူများက ရခိုင် မင်္ဂလာ စည်တော်များ တီးခတ်ပြီး ခမ်းနားစွာဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။ ဒေါက်တာ...

သာသနာ့ ၀န်ထမ်း လား သာသနာ့ ၀န်ထုပ်လား

Posted by drmyochit Monday, December 03, 2012, under | No comments

သာသနာ့ ၀န်ထမ်း လား..သာသနာ့ဝန် ထုပ်လား..ဘုရား.. ဖြေကြားပေးပါ... ( အရှင်သုစိတ္တသာရ ( မုတ် ကျွန်း ) ဆရာတော် ရေးသားသော .. သာသနာ့ဝန်ထမ်း ရှင်ရဟန်း ဟူသည် ... ထဲမှ ဖတ်၍ မေးလျှောက် ရခြင်း ဖြစ်ပါသည်.. ) သာသနာတော် တာဝန်ကို ဆောင်ရွက်ကြသော ရှင်ရဟန်းများ သည် “ သမဏ သာရုပ္ပ ” ခေါ် လေးစား ကြည်ညိုဖွယ်ရာ အသွင်ကို ဆောင်ပါမှ သာသနာတော် အားလည်း ကြည်ညို အလေးထား သူ ပေါများပေ လိမ့်မည်။ သို့သော် ရှင်ရဟန်းအချို့သည် ထိအချက်ကို အလေးမမူဘဲ မြတ်ဘုရား ပညတ် တော်မူခဲ့သော ၀ိနည်းတော်...

ပတ်ထရီးယော့ ဒုံးကျည်စနစ် ဖြန့်ကြက် ချထားရန် နေတိုး လေ့လာရေး အဖွဲ့ တူရကီ ရောက်

Posted by drmyochit Monday, December 03, 2012, under | No comments

  နေတိုး လေ့လာရေး အဖွဲ့ တစ်ခုသည် တူရကီ နိုင်ငံ အရှေ့ပိုင်းရှိ မလက်တာ ပြည်နယ်သို့ နိုဝင်ဘာလ ၂၇ ရက် နေ့တွင် ရောက်ရှိ ခဲ့ကြောင်း သိရှိ ရပါသည်။ အဆိုပါ အဖွဲ့ အနေဖြင့် ပတ်ထရီးယော့ ဒုံးကျည်စနစ် ဖြန့်ကြက် ချထားရန် စီစဉ်ထားသည့် နေရာများ ကို လေ့လာ စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ် သတင်းဌာန တစ်ခု ဖြစ်သည့် ''အနာတို လီယာ'' က ထုတ်ပြန် ခဲ့ပါသည်။     နိုဝင် ဘာလ ၂၇ ရက် နေ့က တူရကီ ရုပ်သံ NTV နှင့် ပြုလုပ် ခဲ့သည့်...

ရှမ်းတွေ သည်းခံနိုင်စွမ်းပျောက်နေတဲ့ ကေအိုင်အေ/ကေအိုင်အို

Posted by drmyochit Monday, December 03, 2012, under | No comments

လူထုကို အခြေအနေချပြ ဆွေးနွေးပြီးမှ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေး မယ်ဆိုတဲ့ သတင်းကို အင်တာနက်ပေါ်မှာ မြင်တွေ့ရတော့ တော်တော်လေး စိတ်ပျက်မိပါတယ်။ ရွှေပြည်တော် မျှော်တိုင်းဝေးရ ပြန်ပြီလို့သာ ဆိုချင်ပါတယ်။ အဲဒီသတင်းထဲမှာ KIO ကသူတို့ ချည်းပဲ မဟုတ်ဘဲ ကချင်ပြည်သူလူထုရဲ့ အမြင်ကိုပါ ကောက်ခံသွားမယ်လို့ ရေးသားထားပါတယ်။ ကချင် ပြည်သူလူထု ဆိုတာ ကချင်ပြည်နယ် အတွင်းမှာနေထိုင်တဲ့ တိုင်းရင်းသားမျိုးစုံ ပါဝင်တဲ့ ၂၀၁၀စာရင်းအရ အင်အား ၆ သိန်းကျော်ရှိတဲ့ လူထုရဲ့အမြင်ကိုကြည့်မှာလား...

လက်ပံတောင်းတောင်ကိစ္စနှင့် ပတ်သက်၍ သြဝါဒခံယူပွဲ အောင်မြင်စွာပြီးဆုံး

Posted by drmyochit Monday, December 03, 2012, under | No comments

မုံရွာမြို့ ရွှေစည်းခုံစေတီတော်ရှိ တင်ဝင်းထွန်း ဓမ္မာရုံတွင် ယနေ့မွန်းလွှဲပိုင်းက ပြုလုပ်ခဲ့သော သြ၀ါဒခံယူပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဦးစန်းယု၏ လျှောက်ထားချက် (အဆိုပါသြ၀ါဒခံယူပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မုံရွာမြို့မှ တိုင်းရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့များမှ အင်အား ၁၂၀ ခန့် တက်ရောက်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များမှာ ရာထူးအနိမ့်ဆုံး ရဲတပ်သားမှ ရာထူးအမြင့်ဆုံး ရဲမှူးကြီးအထိ ပါဝင်ကြောင်း သတင်းရရှိသည်။) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းလက်ရှိဖြစ်ပေါ်နေသောအကြောင်းအရာများနဲ့သာသနာရေးဆိုင်ရာလျှောက်ထားချက်ဖြစ်ပါသည်ဘုရား။ တပည့်တော်က...

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း ရွေးချယ်ခန့်ထား သွားမည်

Posted by drmyochit Monday, December 03, 2012, under | No comments

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၈၉ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာမှ ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ် ဦးဦးအား ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေ ရမည်ဟု ပြဋ္ဌာန်းထားပါသည်။ အဆိုပါ ပြဋ္ဌာန်းချက်နှင့်အညီ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် ပြည်ထောင်စု လွှတ်တော်မှ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ...

ဝိနည်းတော်နဲ့ မညီသူတွေ ဖယ်ရှားပေးပါဘုရား

Posted by drmyochit Monday, December 03, 2012, under | No comments

စက်တင်ဘာလကို ရောက်လာပြီဆိုရင်ဖြင့် ရွှေဝါရောင်ခေါင်းစဉ်နဲ့ စုရုံးစုရုံးမြင်ကွင်း တွေမြင်လာရပြန်ပါပြီ။ တကယ်ဆို ၀ါတွင်းကာလကြီး မဟုတ်ပါလား။ ဒီမိုကရေစီပြောင်းလဲရေး တွေလုပ်နေလို့ EU ကတောင် Sanction တွေ ရုပ်သိမ်းပြီး လက်နက်ရောင်းဝယ်မှု ကလွဲရင် ကျန်တဲ့ကုန်သွယ်ရေး ဆိုင်ရာကင်းလွတ်ခွင့်တွေ ပြန်ပေးဖို့ဆုံးဖြတ်ခဲ့ပါပြီ။ ကျွန်တော်တို့ နိုင်ငံလောက် နှစ်ပတ်လည်နေ့၊ အမှတ်တရနေ့ တွေများတာ မကြားဖူးပါဘူးဗျာ။ နိုင်ငံတစ်ခုမှာ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့၊ အာဇာနည်နေ့၊ အလုပ်သမားနေ့၊...

မိုဘိုင်းဖုန်းများ အင်တာနက်သုံးစွဲမှုကို Time Based Charging စနစ်အား ဆက်လက်သုံးစွဲမည့် အစီအစဉ် ကြေညာ

Posted by drmyochit Monday, December 03, 2012, under | No comments

နိုဝင်ဘာ ၃၀ ရက်နေ့တွင် မီဒီယာများနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုနှင့် ပြည်သူလူထု မိုဘိုင်းဖုန်း အင်တာနက်ကို ဈေးနှုန်းသက်သာစွာနှင့် ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်ရေးတို့ အတွက် ယခုကြေညာထားသည့် Volume Based Charging စနစ်ထက် ပိုမိုကောင်းမွန်စွာနှင့် ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်မည့် နည်းလမ်းများကို အသေးစိတ် ထပ်မံစိစစ်လျက် ရှိသည်။ ယင်းသို့ စိစစ်နေစဉ်အတွင်း လက်ရှိ အသုံးပြုနေသည့် Time Based Charging စနစ်ကိုသာ ဆက်လက်သုံးစွဲသွားမည် ဖြစ်သည်။ အသေးစိတ် ထပ်မံစိစစ် ရရှိသည့် နှုန်းထားသစ်ကို ၁-၁-၂ဝ၁၃ ရက်မှ စ၍ အသုံးပြုနိုင်ရန်...

ကြေးနီတောင် စီမံကိန်း တရုတ်သံရုံး သဘောထား ထုတ်ပြန်

Posted by drmyochit Monday, December 03, 2012, under | No comments

အင်အားသုံး နှိမ်နင်းမှုကြောင့် ပဋိပက္ခများ ဖြစ်ပွားနေသော မုံရွာကြေးနီတောင် စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ရာ အချက်သုံးချက် ပါဝင်သည်ကို တွေ့ရသည်။ ယင်းထုတ်ပြန်ချက်တွင် မုံရွာကြေးနီတောင် စီမံကိန်းသည် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ စီးပွားရေးအဖွဲ့အစည်းများ အကျိုးတူ ပူးပေါင်းဆောင်ရွက်သော စီမံကိန်း ဖြစ်သောကြောင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွား...

သံဃာတွေနိုင်ငံရေးလုပ်မယ်ကြံရင် (ပေးစာ - ၁၃၄)

Posted by drmyochit Monday, December 03, 2012, under | No comments

ကြားရတာစိတ်မကောင်းစရာပါပဲဗျာ။ အရင်တလောက ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရတပါး လူဝတ်လဲသွားကြောင်း ကြားသိ လိုက်ရ ပါတယ်။ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းကြောင့် တိုင်းပြည်ရဲ့ အနာဂတ်အရေးတချို့ ပြောင်းလဲသွားသလိုပဲ နယ်စပ်မှာ လိမ်ညာစားသောက်နေတဲ့ ဒီမိုအုပ်စုတွေလဲ ချမ်းသာ သူတွေချမ်းသားသွားကြလေရဲ့ဗျာ။ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းလဲပြီးရော အဖမ်းခံရတဲ့ သံဃာတွေရော ပျောက်သွားတဲ့ သံဃာတွေရော၊ နယ်စပ်ရောက်ပြီး ၀ရမ်းပြေးဖြစ်သွားတဲ့ သံဃာတွေရော မနည်းပါဘူး။ သံဃာတချို့ နယ်စပ်ကိုပြေးလာပြီဆိုတာနဲ့ ...

ငလျင်ဒေသ ပြန်လည် ထူထောင်ရန် ကျပ်ငွေ တစ်ဘီလီယံ သံုးစွဲ

Posted by drmyochit Monday, December 03, 2012, under | No comments

ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုများစွာ ကြုံတွေ့ခဲ့ရသော စစ်ကိုင်းတိုင်း ဒေသကြီးတွင် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများ လုပ်ဆောင် ရန် ပြည်ထောင်စု အစိုးရက စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအား ကျပ်ငွေ တစ်ဘီလီယံ ပေးအပ်မည်ဖြစ်ကြောင်း သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးကပြောကြားသည်။ ယင်း တစ်ဘီလီယံမှာ အရေးပေါ်ကာလ ကယ်ဆယ်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် လျာထားသော သဘာဝဘေး ဘက်ဂျက်ထဲမှ သုံးစွဲမည် ဖြစ်ကြောင်း ၄င်းက ပြောပြသည်။ “ဘယ်လို အသုံးပြုမယ်ဆိုတာက တိုင်းဒေသကြီး အစိုးရနဲ့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးတို့က ဆုံးဖြတ်မှာပါ၊...

မြောက်ဦးမြို့ ပန်းဈီးမြောင်းသို့ လယ်ခင်းများကိုမီးရှို့ရန် ဘင်္ဂလီများဝင်ရောက်၊ သတင်းရရှိ၍ တားဆီးနိုင်လိုက်

Posted by drmyochit Monday, December 03, 2012, under | No comments

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မြောက်ဘက် နှစ်မိုင်ခန့်အကွာတွင် ရှိသည့် ပန်းဈီးမြောင်းသို့ ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်၊ ဗုဒ္ဓဟူးနေ့ ညနေ (၅) နာရီခန့် အချိန်တွင် ဘင်္ဂလီများ မီးရှို့ရန် ဝင်ရောက်လာ ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ကုလားများမှာ ယင်းသို့ မီးတိုက်ရန် လာကြခြင်းမှာ ပန်းဈီးမြောင်း တခွင်သည် ရခိုင်လူမျိုးများ လုပ်ကိုင်စားသောက် နေကြသည့် လယ်မြေများ အများအပြားရှိပြီး ထိုလယ်ကွင်းများတွင် စပါးများ မှည့်နေပြီဖြစ် သဖြင့် စပါးခင်းများအား မီးရှို့ပစ်ရန်...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်