အင်အားသုံး နှိမ်နင်းမှုကြောင့်
ပဋိပက္ခများ ဖြစ်ပွားနေသော မုံရွာကြေးနီတောင် စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ရာ
အချက်သုံးချက် ပါဝင်သည်ကို တွေ့ရသည်။ ယင်းထုတ်ပြန်ချက်တွင် မုံရွာကြေးနီတောင် စီမံကိန်းသည်
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ စီးပွားရေးအဖွဲ့အစည်းများ အကျိုးတူ
ပူးပေါင်းဆောင်ရွက်သော စီမံကိန်း ဖြစ်သောကြောင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွား ဖြစ်ထွန်းစေနိုင်ကြောင်း၊
သို့ရာတွင် အဆိုပါ စီမံကိန်းအရ ရရှိလာမည့် အကျိုးအမြတ် ခွဲဝေခြင်း၊ သဘာဝပတ်ဝန်းကျင်
ကာကွယ်စောင့်ရှောက်ခြင်း၊ နစ်နာဆုံးရှုံးမှုများကို လျော်ကြေးပေးခြင်း၊ နေရာပြန်လည် ချထားခြင်း
လုပ်ငန်းစဉ်များကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်က ချမှတ်ထားသော ဥပဒေများနှင့်အညီ
နှစ်ဦးနှစ်ဖက် ပူးပေါင်း တာဝန်ယူကြရမည် ဖြစ်ကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းများ အားလုံးအနေနှင့်
မြန်မာနိုင်ငံတော်၏ တရားဥပဒေများကို လေးစားသောအားဖြင့် ယခုစီမံကိန်းကြီး အဆင်ပြေချောမွ့စွာ
ဆောင်ရွက်နိုင်ရန် ကူညီပံ့ပိုးနိုင်မည်ဟု ကျွန်တော်တို့ မျှော်လင့် မိပါကြောင်း ဖော်ပြ
ထားသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express
Myanmar Express
Time in Rangoon


0 comments:
Post a Comment