Monday, December 03, 2012

မိုဘိုင်းဖုန်းများ အင်တာနက်သုံးစွဲမှုကို Time Based Charging စနစ်အား ဆက်လက်သုံးစွဲမည့် အစီအစဉ် ကြေညာ

Posted by drmyochit Monday, December 03, 2012, under | No comments


နိုဝင်ဘာ ၃၀ ရက်နေ့တွင် မီဒီယာများနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုနှင့် ပြည်သူလူထု မိုဘိုင်းဖုန်း အင်တာနက်ကို ဈေးနှုန်းသက်သာစွာနှင့် ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်ရေးတို့ အတွက် ယခုကြေညာထားသည့် Volume Based Charging စနစ်ထက် ပိုမိုကောင်းမွန်စွာနှင့် ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်မည့် နည်းလမ်းများကို အသေးစိတ် ထပ်မံစိစစ်လျက် ရှိသည်။ ယင်းသို့ စိစစ်နေစဉ်အတွင်း လက်ရှိ အသုံးပြုနေသည့် Time Based Charging စနစ်ကိုသာ ဆက်လက်သုံးစွဲသွားမည် ဖြစ်သည်။ အသေးစိတ် ထပ်မံစိစစ် ရရှိသည့် နှုန်းထားသစ်ကို ၁-၁-၂ဝ၁၃ ရက်မှ စ၍ အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာ တွင်ဖော်ပြထားပါသည်။ 

   Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်