Monday, December 03, 2012

သံဃာတွေနိုင်ငံရေးလုပ်မယ်ကြံရင် (ပေးစာ - ၁၃၄)

Posted by drmyochit Monday, December 03, 2012, under | No comments


ကြားရတာစိတ်မကောင်းစရာပါပဲဗျာ။
အရင်တလောက ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရတပါး လူဝတ်လဲသွားကြောင်း ကြားသိ လိုက်ရ ပါတယ်။ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းကြောင့် တိုင်းပြည်ရဲ့ အနာဂတ်အရေးတချို့ ပြောင်းလဲသွားသလိုပဲ နယ်စပ်မှာ လိမ်ညာစားသောက်နေတဲ့ ဒီမိုအုပ်စုတွေလဲ ချမ်းသာ သူတွေချမ်းသားသွားကြလေရဲ့ဗျာ။ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းလဲပြီးရော အဖမ်းခံရတဲ့ သံဃာတွေရော ပျောက်သွားတဲ့ သံဃာတွေရော၊ နယ်စပ်ရောက်ပြီး ၀ရမ်းပြေးဖြစ်သွားတဲ့ သံဃာတွေရော မနည်းပါဘူး။ သံဃာတချို့ နယ်စပ်ကိုပြေးလာပြီဆိုတာနဲ့  မဲဆောက်အခြေဆိုက် လုပ်စားဒီမိုအဖွဲ့ တွေက သံဃာတွေကို ကြိုတင်ပြစား အသုံးချဖို့ အဆောက်အဦ တွေတောင ငှားထားကြပါတယ်။
ပြီးတော့မှ နိုင်ငံတကာရောက်နေတဲ့ အဖွဲ့အစည်းတွေဆီကရော ပြည်ပနိုင်ငံ အသီးသီးက မြန်မာပြည်သား တွေဆီကရော အလှူခံပြီး ရသမျှပိုက်ဆံတွေကို အိတ်ထဲထည့်ပြီး ညတိုင်း ဘီယာအကောင်းစား အရက်အကောင်းစားနဲ့ ပွဲတော် တည်ကြ တော့တာပါပဲ။ သံဃာတွေကတော့ ငတ်တလှည့် ပြတ်တလှည့်နဲ့နယ်စပ်မှာ ဒုက္ခရောက်လိုက်ကြတာ မပြောပါနဲ့ တော့။ အမေရိကန်စတဲ့ တတိယနိုင်ငံတွေ ရောက်ပြန်တော့လဲ နေစရာကျောင်းမရှိပြန်။ ဒီကြားတဲ့ ဒီမိုဒကာတွေနဲ့ အစေး မကပ်တဲ့ သံဃာတွေဆို ထောက်လှမ်းရေး သံဃာပါဆိုပြီး အပုတ်ချခံရပါသေးတယ်။ တချို့ လှူသူ တွေကလဲ လူလိမ်အဖွဲ့ တွေကို မလှူကြရဲပါဘူး။ အချင်းချင်းတွေ ဆိုတော့ အကြောင်းသိတယ်လေ။ ဒီကို သိတဲ့ ပြည်ပရောက် ၀ရမ်းပြေး ထိပ်ခေါင်ကြီင်္း များဖြစ်ကြတဲ့ ပီနန်ဆရာတော်၊ အင်္ဂလန်ကဦးဥတ္တရ၊ ထိုင်းနယ်စပ်က နေဒုက္ခသည်အဖြစ်နဲ့  အမေရိကန် ရောက်နေတဲ့ ဦးခေမာစာရ၊ဦးပညာနန္ဒတို့ က သံဃာ့ဥသျှောင်အဖွဲ့ဆိုပြီး ရသမျှအလှူခံ တော့တာပါပဲ။ အဲဒီပိုက်ဆံတွေကို ခုထိဘယ်မှာ သုံးတယ်ဆိုတာလဲ စာရင်းအပြနိုင်ပါဘူး။ ၀ိနည်းအရကြည့်ရင် အဲဒီဆရာတော်တွေ ကိုယ့်သီလ ကိုမှကိုယ်ပြန် ဆင်ဖြင်မိရဲ့လား ဆိုတာစဉ်းစား စရာပါပဲ။
အဲဒီအချိန်မှာ နယ်စပ်ရောက်လာပြီး သီတင်းသုံးခဲ့ဖူးတဲ့ သံဃာအချို့ ကိုမေး ကြည့်တော့ သူတို့ရတာ တပါး ဒေါ်လာတစ်ရတော့ အကူအညီရဖူးပါသတဲ့။ နောက်ပိုင်းဘာမှ မလာတော့ပါဘူးတဲ့။ သေချာစုံစမ်းကြည့်တော့ ထွက်ပြေးလာတဲ့ သံဃာတွေက ဒုက္ခမရောက်တော့ပါဘူးတဲ့။ ပြည်တွင်းမှာထောင်ကျနေတ့ သံဃာတွေနဲ့  ဒုက္ခရောက်နေတဲ့ သံဃာတွေကပိုအရေးကြီးတယ်ဆိုပြီး မိုးသီးဇွန်နဲ့ ပီနန်ဆရာတော်ပေါင်းပြီး ပိုက်ဆံတွေဘုန်းပစ်တယ်လို့ သတင်းထွက် လာတော့တာ ပါပဲ။ 
မယုံရင်ဒီကိစ္စကို နယ်စပ်ဖြတ်လာခဲ့တဲ့ ရွှေဝါရောင်နဲ့ ပက်သက်ခဲ့သူတွေ အားလုံးသိကြပါတယ်။ ခုထိလဲ အဲဒီအလှူငွေတွေကို ဘယ်မှသုံး ပစ်ကြတယ် ဆိုတာလဲ စာရင်းမပြနိုင်ပါဘူး။
အဓိကအမြတ်ထွက်သွားတာက ပီနန်ဆရာတော်ပါပဲ။ ကျောင်းကြီးတလုံး ကို မလေးမှာအဲပြီး သက်ဆောက်နိုင်လိုက်တယ်။ မီုးသီးကလဲ ထိုင်းနဲ့ အမေရိကန်ကို အခေါက်၂၀လောက်စားရိတ်ငြိမ်း သွားလာပြီး ထိုင်းမှာ ဖာလိုက်နိုင်တယ်။ ဂျပန်ကိုတောင် ထိုင်းဖာကမကောင်းလို့  ဂျပန်မလေးတွေ ဆီရောက်လာပါသေး တယ်ဆိုပဲ။ ခုလဲအမေရိကန်မှာ ဘာအလုပ်မှမလုပ်ပဲ စားနိုင်သောက်နိုင်တာပဲ စဉ်းစားကြည့်တော့ပေါ့။ အင်္ဂလန်ဦးဥတ္တရလဲ ဘဲငယ်ငယ်လေးတွေကို မွေးစားနိုင်ခဲ့ ပါတယ်။ (ဒါက သူ့ ဝါသနာနဲ့ သူပေါ့။) ရှိစေတော့ ဒါကသူ့ တို့ လည်တို့ သူတို့ မကြောက် လို့သံဃာကိုလှူထားတဲ့ သံဃိကပစ္စည်းကို အလွသုံးစားလုပ်ရဲတာ။ သူတို့ အပြော ပြည်တွင်းကို ထောက်ပံ့ရတယ်ဆိုလို ဦးဂမ္ဘီရကို ထောက်ကထွက်ခါစမှာ အဆက်အသွယ်ရလို့ လှမ်းမေးတော့ ဘာမှထောက်ပံ့မှုမရပါဘူးတဲ့.။ ဘယ်အဖွဲ့အစည်းဆီကမှလဲ ခုထိ အကူအညီမရဖူးပါဘူးတဲ့။ ကောင်းကြရောဗျာ။ တကယ်တော့ သံဃာတွေဟာ နိုင်ငံရေးသမားတွေရဲ့ အသုံးချမှုကို ကောင်းကောင်းခံလိုက်ရတာပါ။ အရမ်းဝမ်းနည်းစရာ ကောင်းတဲ့အဖြစ်ပါ။ မြန်မာပြည် ကောင်းစားရင်တောင် (လူလိမ်တွေအပြော ဒီမိုကရေစီရရင်တောင်)သံဃာဆိုတာ ရပ်ကွက် လူကြီးတောင်ဖြစ် ခွင့်ရကြမှာမဟုတ်ပါဘူး။
တကယ့် ကိုယ်ကျိုးစွန်ပြီး ဘာမှမျှော်လင့်ချက်မရှိပဲ သတ္တိရှိရှိ စစ်အစိုးရကို တော်လှန်ခဲ့ကြတာ အင်မတန်ချီးကျူးစရာကောင်းပါတယ်။
ခုတော့လဲ ဦးဆောင်ဆရာတော်ပါ လူဝတ်လဲရတော့တဲ့ အနေအထားရောက် သွားရပါ့ပေါ့။
နောက်နိုင်ငံအရေး စိတ်ဝင်စားတဲ့ သံဃာတွေအတွက်ဗဟုသုတ သင်္ခန်းစာယူ စရာပေါ့။
လုပ်မယ်ကြံရင် ဒီလို စားပါးကြီးတွေ ပြည်ပမှာ ဘုန်းကြီးရော လူတွေပါ အများကြီးရှိနေပါလား။ ဒိုကို အသုံးချဖို အသင့်စောင့်နေပါလားဆိုတာ အခုလိုခေတ်မီ တိုးတက်နေတဲ့ အင်တာနက်ခေတ်ကြီးမှာ နဲနဲပါးပါး လက်လှမ်း မီသလောက် တီးခေါက်ကြည့်နိုင်ကြောင်း အသိပေးလိုက် ရပါတယ်ခင်ဗျာ။

Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်