Monday, December 03, 2012

ပတ်ထရီးယော့ ဒုံးကျည်စနစ် ဖြန့်ကြက် ချထားရန် နေတိုး လေ့လာရေး အဖွဲ့ တူရကီ ရောက်

Posted by drmyochit Monday, December 03, 2012, under | No comments


  နေတိုး လေ့လာရေး အဖွဲ့ တစ်ခုသည် တူရကီ နိုင်ငံ အရှေ့ပိုင်းရှိ မလက်တာ ပြည်နယ်သို့ နိုဝင်ဘာလ ၂၇ ရက် နေ့တွင် ရောက်ရှိ ခဲ့ကြောင်း သိရှိ ရပါသည်။ အဆိုပါ အဖွဲ့ အနေဖြင့် ပတ်ထရီးယော့ ဒုံးကျည်စနစ် ဖြန့်ကြက် ချထားရန် စီစဉ်ထားသည့် နေရာများ ကို လေ့လာ စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ် သတင်းဌာန တစ်ခု ဖြစ်သည့် ''အနာတို လီယာ'' က ထုတ်ပြန် ခဲ့ပါသည်။     နိုဝင် ဘာလ ၂၇ ရက် နေ့က တူရကီ ရုပ်သံ NTV နှင့် ပြုလုပ် ခဲ့သည့် အင်တာဗျူး တစ်ခုတွင် နေတိုးအဖွဲ့ အထွေ ထွေ အတွင်းရေးမှူး အန်ဒါ ဖောက်ရက်(စ) မက်ဆမ်က ပြောကြားရာ၌ ဒုံးကျည်များ ဖြန့်ကြက် ချထားမည့် အတည်ပြု ဆုံးဖြတ်ချက်ကို လာမည့် ရက်ပိုင်းအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် တူရကီသို့ ဒုံးကျည်များ ပေးပို့သွားရန် အတွက် အဖွဲ့ဝင် နိုင်ငံ များ ပါဝင်သည့် ပါလီမန်၏ ထောက်ခံ ခွင့်ပြုချက် ရရှိရန် လိုအပ်ကြောင်း ပြောကြား ခဲ့ပါသည်။ ထို့ပြင် အဆိုပါ ဒုံးကျည် များကို နေတိုး အဖွဲ့ဝင် မဟာမိတ် နိုင်ငံ များက တပ်ဆင် ပေးသွားမည် ဖြစ်ပြီး ကွပ်ကဲမှု ကိုလည်း မဟာမိတ် တပ်ဖွဲ့၏ အောက်တွင် ထားရှိသွား မည် ဖြစ်ကြောင်း သိရှိ ရပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်