တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တွင် အသက် အရွယ်ကြီးရင့်သူ
လူဦးရေများ ပြားလာမှုကြောင့် နောက်ထပ်နှစ်ပေါင်း ၂ဝ ကျော်အတွင်း
အလုပ် လုပ်နိုင်သည့် လူဦးရေ တစ်သန်းခန့် လျော့ကျသွားနိုင် ပါသည်။
ဆိုးလ်မြို့အုပ်ချုပ် ရေးမှူးရုံး၏ ထုတ်ပြန်သော စာရင်းများ အရအလုပ်လုပ် နိုင်သော လူဦးရေသည် လက်ရှိအခြေအနေအရ ၇ ဒသမ ၄၆ သန်းရှိခဲ့ရာမှ ၂ဝ၃၂ ခုနှစ်အတွင်း ၆ ဒသမ ၅၆ သန်း အထိ လျော့ကျသွား မည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ အသက် ၆၅ နှစ်ကျော် ပြည်သူများသည်လည်း ၁ ဒသမ ဝ၃ သန်းမှ ၂ ဒသမ ၆ သန်းအထိ နှစ်ဆကျော် တိုးမြှင့်သွားမည်ဖြစ်သည်။ တောင်ကိုရီး ယားနိုင်ငံတွင် မိသားစုစီမံ ကိန်းများ ချမှတ်ဆောင်ရွက် ခဲ့သော်လည်း အသက်အရွယ်ကြီးသူများ တိုးပွားလျက်ရှိရာ ၎င်းတို့အား အငြိမ်း စားလ စာပေးချေမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို ထိန်းထားရန် အလုပ်သမား အရေအတွက် နည်းပါးမှု အခက်အခဲများက ခြိမ်းခြောက် လျက်ရှိကြောင်း သိရသည်။

Myanmar Express
0 comments:
Post a Comment