Monday, December 03, 2012

လက်ပံတောင်းတောင်ကိစ္စနှင့် ပတ်သက်၍ သြဝါဒခံယူပွဲ အောင်မြင်စွာပြီးဆုံး

Posted by drmyochit Monday, December 03, 2012, under | No comments


မုံရွာမြို့ ရွှေစည်းခုံစေတီတော်ရှိ တင်ဝင်းထွန်း ဓမ္မာရုံတွင် ယနေ့မွန်းလွှဲပိုင်းက ပြုလုပ်ခဲ့သော သြ၀ါဒခံယူပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဦးစန်းယု၏ လျှောက်ထားချက် (အဆိုပါသြ၀ါဒခံယူပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မုံရွာမြို့မှ တိုင်းရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့များမှ အင်အား ၁၂၀ ခန့် တက်ရောက်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များမှာ ရာထူးအနိမ့်ဆုံး ရဲတပ်သားမှ ရာထူးအမြင့်ဆုံး ရဲမှူးကြီးအထိ ပါဝင်ကြောင်း သတင်းရရှိသည်။)
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းလက်ရှိဖြစ်ပေါ်နေသောအကြောင်းအရာများနဲ့သာသနာရေးဆိုင်ရာလျှောက်ထားချက်ဖြစ်ပါသည်ဘုရား။ တပည့်တော်က စစ်ကိုင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့စခန်းမှ ရဲမှူးကြီး စန်းယုဖြစ်ပါသည်ဘုရား။
ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်း တောင်စီမံကိန်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာခဲ့သော သပိတ်စခန်းများကို ဥပဒေနှင့် အညီဆောင်ရွက်ခဲ့ရပါသည်။ ဆရာတော်၊  သံဃာတော် အရှင်မြတ်များ၏ တပည့်ရဟန်း သံဃာတော်များ မတော်တဆ ထိခိုက်ဒဏ်ရာရရှိခဲ့ ရခြင်းအပေါ် တပည့်တော်တို့ ကစိတ်နှလုံး မချမ်းမြေ့ဖွယ်ရာဖြစ်ရပါသဖြင့် ပဏာမအားဖြင့် ရှိခိုးတောင်းပန်လျှောက် ထားအပ် ပါသည်ဘုရား။
လက်ပန်းတောင်းတောင်စီမံကိန်းသည် ပြည်ပနိုင်ငံ တစ်နိုင်ငံနှင့် တရားဝင်စာချုပ်ချုပ် ဆိုပြီး ဆောင်ရွက်နေသော နိုင်ငံတော်၏ စီမံကိန်းကြီး တစ်ခုဖြစ်ပါသည်ဘုရား။
လုပ်ငန်းများဆောင်ရွက် ရာဒေသရှိပြည်သူများ နစ်နာမှုကိုဖြစ်ပေါ်ကြောင်း သိရှိရ၍နေရာ အဆောက်အအုံ၊ ကျောင်းကန်များ တည်ဆောက်မှုများတွင် တာဝန်ရှိသူများဆောင်ရွက်ပေးသည် ဟုသိရှိရပါသည်ဘုရား။
သို့ရာတွင်အချိန်ကာလကြာလာသည်နှင့်အမျှ နိုင်ငံရေး အရောင်အသွေးများ အဘက်ဘက်မှ ၀င်ရောက်လာကြပြီး စီမံကိန်းကြီး လုံးဝရပ်ဆိုင်းရေးအတွက် သံဃာတော်များ ပါဝင်လာပြီး သပိတ်စခန်းဖွင့်၍ လုပ်ငန်းများရပ်ဆိုင်းအောင် အကြပ်ကိုင် ဆောင်ရွက် လာခဲ့ကြပါသည်ဘုရား။
သံဃာတော်အရှင်သူမြတ်တို့ဘုရား လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေးနှင့် ပတ်သက်သော သပိတ်စခန်းများ တွင်သံဃာတော်များ ပါဝင်လာခဲ့ကြခြင်းမှာ ဒေသခံတောင် သူများ၏ လိုအပ်ချက်တွေ ကိုညှိနှိုင်းပြီးတော့ ဒီဒေသ၏ သာသနိက အမွေအနစ်များကို ထိန်းသိမ်းစောင့် ရှောက်ခဲ့ကြပြီး သပိတ်စခန်းများတွင် ပါဝင်ခဲ့သော ဒေသခံပြည်သူလူ ထုများအနေဖြင့်လည်း သံဃာတော်များကို အကာအကွယ်ပြုကာ ဥပဒေများကို မျက်ကွယ်ပြုလာပြီး ပြုလုပ်လာခဲ့ ကြပါသည်ဘုရား။
၂၀၁၂ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင်စတင်သော သပိတ်စခန်းများသည် နိုင်ငံတော် စီမံကိန်းလေးခု ကိုဥပဒေမဲ့နှောင့်ယှက် ခဲ့ခြင်းကြောင့် နှစ်နိုင်ငံပူးပေါင်းလုပ်ေ ဆာင်တရားဝင် များရပ်ဆိုင်းခဲ့ရခြင်းကြောင့် နိုင်ငံတော် အတွက် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါသည်ဘုရား။
မကြာမီက လက်ပန်းတောင်းတောင် စီမံကိန်းနှင့်ပတ်သက်သော လွှတ်တော်တွင် တင်ပြ ဆွေးနွေးပြီးလွတ်တော် ကလက်ခံပြီးစုံစမ်းစစ်ဆေးရေး ကော်မတီ တစ်ရပ်ဖွဲ့စည်း ဆောင်ရွက်ရန်နှင့် အတည်ပြုခဲ့ပြီးဖြစ်ပါသည်။
အလားတ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကိုယ်တိုင် သပိတ်စခန်းများသို့ သွားရောက်၍ ဆန္ဒဖော်ထုတ်သူများကို တွေ့ဆုံပြီးနိုင်ငံတော်၏ နစ်နာဆုံးရှုံးမှုများ ကိုရှင်းလင်းခဲ့ ပြီးဖြစ်ပါသည်ဘုရား။
သို့ပေမဲ့ မမြင်နိုင်သော ကိစ္စများတွင် ဒေသဆိုင်ရာ ဥပဒေအဖွဲ့က လည်းနိုင်ငံတော် ၏စီမံကိန်းတရား ၀င်ပြဌာန်းထားပြီးဖြစ်ပါသည်ဘုရား။
မရွှေ့ပြောင်းနိုင်သေးသော ကျေးရွာသုံးရွာကိုမိမိတို့ဆန္ဒအရ လောလောဆယ် မပြောင်းရွေ့လိုက မပြောင်းရွေ့ဘဲနေနိုင်ကြောင်းအသိပေးပြီးဖြစ်ပါသည်။
တရားဥပဒေစိုးမိုးရေးနှင့်အညီနိုဝင်ဘာလ(၂၇)ရက် ည(၁၁)နာရီနောက်ဆုံးထား၍ သပိတ်စခန်းများမှ ဖယ်ရှားပေးရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်ထုတ်ပြန် ကြေညာခဲ့ပါသည်။ တရားဝင်သတ်မှတ် ထားသောအချိန်ထက် (၂၇)နာရီနောက်ဆုတ်ကာ ပြောင်းရွေ့ရန်နာရီဝက်တစ်ကြိမ် ကြေညာခဲ့ပါသည်။
(၂၉)ရက်နေ့နံနက်(၃)နာရီတွင် ၁၅မိနစ်စီခြား၍ သုံးကြိမ်သုံးခါထုတ်ပြန် ကြေညာခဲ့သည်။ တပည့်တော်တို့ အနေနဲ့တရားဥပဒေ စိုးမိုးရေးနှင့် စီမံခန့်ခွဲမှု အာဏာတည်ရေး အတွက်(၂၉.၁၁.၂၀၁၂)ရက် နံနက်(၃)နာရီတွင် တပည့်တော် တို့ကို ဥပဒေနှင့်အညီ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို အသုံးပြု၍ ထိခိုက်မှုများနည်းနိုင်သမျှ နည်းအောင် နောက်ဆုံးအဆင့်အနေဖြင့်
ထိန်းသိမ်းဆောင်ရွက် မှုများပြုလုပ်ခဲ့ရ ပါသည်ဘုရား။  တပည့်တော်တို့ တပ်ဖွဲ့အနေဖြင့် အကြိမ်ကြိမ် သတိပေးမေတ္တာ ရပ်ခံခဲ့ပါသည်။ မီးသတ်ကားဖြင့် ရေပက်ခြင်း၊ မျက်ရည်ယိုဗုံးသုံးခြင်းဖြင့်သာ ဖယ်ရှားရှင်း လင်းဆောင်ရွက် ခဲ့ရပါသည်ဘုရား။
တပည့်တော်တို့အနေနဲ့ ဥပဒေအရ လိုက်ပါဆောင်ရွက် ခဲ့ရပါသည်။ တပည့်တော် တို့တပ်ဖွဲ့ဝင်များ သည်တရားဥပဒေစိုးမိုးရေး တည်ငြိမ်ရေးကို ဆောင်ရွက် ခဲ့ရသူများဖြစ်ပါသည်။ သို့ပါ၍ ဒီအရေးကိစ္စကို တာဝန်အရဆောင် ရွက်ခြင်းဖြစ်ပါသည်ဘုရား။
သို့ပါ၍ တပည့်တော်တို့ အနေဖြင့်ဆရာတော်များ ၏သားရဟန်းသံဃာများ ကိုထိခိုက်နစ်နာစေရန် ရည်ရွယ်ခြင်းမဟုတ်ကြပါဘုရား။
ဆရာတော်ကြီးများ ကိုယ်တိုင်သာသနာနှင့် မအပ်စပ်သည့်အလုပ်များကို မလုပ်ကိုင်ကြရန် သြ၀ါဒပေးခဲ့ကြပါသည်ဘုရား။
သာသနာတော်ကို စောင့်ရှောက်တော်မူကြသည့် သံဃာတော်များ ဖြစ်သည့်အတွက် ယခုလိုထိခိုက် နစ်နာမှုများကို အလွန်အင်မတန် စိတ်နှလုံးမချမ်းမြေ့ ဖြစ်ရပါသည်ဘုရား။
ဗုဒ္ဒဘာသာဝင်များဖြစ်ကြသည့် ဆရာတော် သံဃာတော်ကြီးများကိုမှဲ့ တစ်ပေါက် မစွန်းထင်းစေချင်သောဆန္ဒရှိကြပါသည်ဘုရား။
တပည့်တော်တို့၏ တာဝန်ရှိမှုကို မေတ္တာတရားရှေ့ထား ၍ခွင့်လွှတ်ပေးကြပါရန် ရှိခိုးတောင်းပန်ရင်း နိဂုံးချုပ်အပ်ပါသည်ဆရာတော်ကြီးများဘုရား။

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်