Monday, December 03, 2012

ရှမ်းတွေ သည်းခံနိုင်စွမ်းပျောက်နေတဲ့ ကေအိုင်အေ/ကေအိုင်အို

Posted by drmyochit Monday, December 03, 2012, under | No comments


လူထုကို အခြေအနေချပြ ဆွေးနွေးပြီးမှ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေး မယ်ဆိုတဲ့ သတင်းကို အင်တာနက်ပေါ်မှာ မြင်တွေ့ရတော့ တော်တော်လေး စိတ်ပျက်မိပါတယ်။ ရွှေပြည်တော် မျှော်တိုင်းဝေးရ ပြန်ပြီလို့သာ ဆိုချင်ပါတယ်။ အဲဒီသတင်းထဲမှာ KIO ကသူတို့ ချည်းပဲ မဟုတ်ဘဲ ကချင်ပြည်သူလူထုရဲ့ အမြင်ကိုပါ ကောက်ခံသွားမယ်လို့ ရေးသားထားပါတယ်။ ကချင် ပြည်သူလူထု ဆိုတာ ကချင်ပြည်နယ် အတွင်းမှာနေထိုင်တဲ့ တိုင်းရင်းသားမျိုးစုံ ပါဝင်တဲ့ ၂၀၁၀စာရင်းအရ အင်အား ၆ သိန်းကျော်ရှိတဲ့ လူထုရဲ့အမြင်ကိုကြည့်မှာလား အင်အား သောင်း ဂဏန်းလောက်ရှိတဲ့ KIO/KIA နဲ့ နီးစပ်ရာအသိုင်းအ၀ိုင်းရဲ့ အမြင်ကိုကြည့်မှာလားလို့ ပြန်မေးချင်ပါတယ်။ ဒါပေမဲ့ အတွင်းသတင်းတွေအရတော့ အင်ဘန်လတို့၊ ဂမ်ရှောင်တို့လနန်တို့ ဂွမ်မော်တို့တတွေနဲ့ နီးစပ်ရာ ဆွေမျိုးသားချင်းတွေ၊ ဒုတ်ခသည်စခန်းက ဘုမသိဘမသိ ရွာသား တွေရဲ့ လက်မှတ်တွေကို အောက်လမ်း ကနေရယူပြီးသား။ တစ်ယောက်ထဲကို ၃ - ၄ ခါထိုးထား ရတဲ့ သူတွေပါရှိတယ်။ တစ်နည်း အားဖြင့် အင်အားကိုလက်မှတ်တုနဲ့ပွားထားတာပေါ့။     ပြီးရင် ပင်လုံညီလာခံမှာပါတဲ့ ''နောင် ၁၀ နှစ်အကြာတွင် ခွဲထွက်လိုက ခွဲထွက်နိုင်သည်" ဆိုတာကို အကြောင်းပြုပြီး ကချင်နိုင်ငံတော်သစ်(၀မ်ပေါင်နိုင်ငံ) တောင်းဆိုမယ့် အစီအစဉ်ရှိ ပြီးသား။ အဲဒါမှမရရင် KIO ကိုတရားဝင်ပြည်နယ်အစိုးရ၊KIA ကို တရားဝင်ပြည်နယ်စောင့် တပ်မတော်အဖြစ် အသိအမှတ်ပြုရေး တောင်းဆိုမှာဖြစ်ပြီးနောက်ဆုံးမှာ ကချင်ပြည်နယ် အတွင်း မှာရှိတဲ့ အစိုးရ၀န်ထမ်းတွေ၊ ရဲ၊စစ်တပ်စတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ မလိုအပ်လို့ ပြန်လည် ရုတ်သိမ်းပေးဖို့ နိုင်ငံရေးအရ တောင်းဆိုဖို့ပြင်ဆင်နေကြပါတယ်။ ဒီနေရာမှာ သဘော ထားခြင်း ကွဲလွဲမှုတွေ အဖွဲ့တွင်းမှာ အများအပြား ရှိနေကြလို့အဖြေမထွက်ပဲ လိပ်ခဲတည်းတည်း ဖြစ်နေကြရ ပါတယ်။ ဒါကြောင့်ကချင်ပြည်နယ်အရေးကို သိပ်ပြီးလျော့မတွက်ဖို့ သမ္မတကြီးနဲ့ တကွ ပြည်သူ့ ကိုယ်စား လှယ်တွေရက်ပေါင်း များစွာ အစည်းအဝေး ကျင်းပပြု လုပ်နေတဲ့လွှတ်တော်ကြီးကို တိုက်တွန်းချင် ပါတယ်။ ကချင်အရေး ဟာတိုင်းရင်းသား ညီအစ်ကိုချင်းဖြစ်တာမှန်ပေမဲ့ နောက်ကွယ်မှာ ပြည်ထောင် စုကခွဲထွက်လိုတဲ့ လူတစ်စုရဲ့ အကြောက်တရားနဲ့ ချယ်လှယ်မှုအောက်မှာ ရောက်နေ တဲ့ပြည်သူ တွေရဲ့ ဘ၀ပေါင်းများစွာ ရင်းနှီးပေးဆပ်နေရတယ် ဆိုတာပါပဲ။ ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်က ပြည်သူ့ကိုယ်စားလှယ်ကြီးတွေက ကားရဖို့ တိုက်ရဖို့ ခံစားခွင့်တွေရဖို့ လွှတ်တော် ကအဖွဲ့အစည်း သည်ပြည်ထောင်စု အဆင့်ဖြစ်သည်ဆိုတာကိုရက်ပေါင်းများစွာ ငြင်းခုံ၊ အခြေခံ ဥပဒေကို ကျော်လွန်ပြီး''အားလုံးအပေါ်မှာလွှတ်တော်ရှိသည်။ လွှတ်တော်သည် ပြည်သူကို ကိုယ်စားပြုသည်။ထို့ကြောင့် လွှတ်တော်အမိန့်ကိုနာခံကြ"ဆိုတာမျိုး ဖြစ်လာအောင် ၀ိုင်းဝန်း အကြံပေး ဆွေးနွေးကြနေတုံးမှာ ကချင်ပြည်နယ်က ပြည်သူတွေကကတော့ KIA ညှင်းဆဲသမျှခံ၊ တောင်းသမျှ ပေးနေရပြီး ချွတ်ခြုံကျနေပါပြီ။ ခေါင်းစဉ်အမျိုးမျိုးနဲ့ ပေးလိုက်ရတဲ့ အခွန်အတုတ်တွေ( ဗလာစာရွက်စုတ်တစ်ခုနဲ့ ရေးပြီးတောင်း ရင်တောင် မနေရဲဘူး)၊
          လူသစ်ဆွဲခံ ရလွန်းလို့လည်း အရွယ်ကောင်း ယောင်္ကျားလေးသာမက မိန်းခလေးတွေလ တောင် ရွာထဲမထား ရဲတော့ဘူး။ အကြောင်းအမျိုးမျိုး ပြထောင်လိုက်တဲ့ မိုင်းတွေကြောင့် တောထဲ မသွားမလာဝံ့၊ အလုပ်မလုပ် စားဝံ့တော့သလို ကားစီး၊ ရထားစီးရင်တောင် ရင်တမမနဲ့ဖြစ်၊ စီးပွား ရေး အင်မတန်ကောင်းတဲ့ ကချင် ပြည်နယ်ကြီးမှာ အစစ အရာရာရှားပါးပြီး ကလေး တွေလဲ စာမ သင်နိုင်၊ ကျောင်းမတက်နိုင် ဖြစ်နေတဲ့ ဒုတ်ခတွေကို ခံစားလာရတာ တစ်နှစ်ကျော်လာတာကို ဘာလို့ လွှတ်တော်မှာ မဆွေးနွေးကြ တာလဲ။ တပ်မတော်ကလည်း ပြတ်ပြတ်သားသားမလုပ်၊ အစိုးရကလဲ ညီကို ချင်းရန်ပွဲဆိုပြီး အလေးအနက်မထား၊ လွှတ်တော်ကြီးကလည်း အစဖော်တဲ့ လူတရားခံဖြစ်မှာ ကြောက်လို့ နည်းနည်းမှ မထ၀ံ့၊ လူထု ခေါင်းဆောင် ဒေါ်အောင်းဆန်း စုကြည် ကလည်း မြန်မာပြည်မှာ လွတ်လပ်စွာ ပြည်သူနဲ့ ထိတွေ့ခွင့်ရတာ မကြာသေးတော့ အတွင်းကျကျ နားမလည်၊ ၈၈ ကျောင်းသား တွေကလည်း ဒေါ်လာရရုံ ဟန်ရေးပြပြီး အသံတိတ်သွားနဲ့ ပြည်သူတွေကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်တိုင်းဆင့် ဟိုဟာကိုအ၀ှာ မျှော်သလို လည်တ ဆံ့ဆံ့နဲ့၊ ပြီးတော့လည်း ဒီဝဋ်က မကျွတ်နိုင်သေးဆိုပြီး သက်ပြင်းချရတာ ကြိမ်ဖန်များလှပေါ့။ အခုလည်း အစိုးရက နိုင်ငံရေးအရ ဆွေးနွေးပွဲ ကမ်းလှမ်းထားတာ သူတို့အချင်းချင်း ညှိမရတဲ့ ပြသနာကြောင့် ဖြစ်လာဖို့ ခဲ့ယဉ်းသလို ဖြစ်လာရင်တောင်မှ လက်နက်ကိုင်ထား တဲ့ခွဲထွက်လိုသူ လူနည်းစုရဲ့ အာဘော်အတိုင်း မဖြစ်နိုင် တာတွေ  တောင်းဆိုတော့မှာ ကို သိနေလို့ခံရခက် နေကြ ပါတယ်။ ဒီလောက်တောင် စစ်တပ်က မတိုက်ရဲရင်လဲကိုယ့် ဘားတိုက် ကိုယ်ပြန်နေကြ။ အစိုးရ ကလဲလာအုပ်ချုပ်မနေနဲ့။ KIA ကိုသာအုပ်ချုပ်ခွင့်ပေးလိုက်။ အဲဒါမှလည်း ကျန်တဲ့ပြည်သူတွေက KIA/KIO အစိုးရကိုဆန့်ကျင်တဲ့ သူပုန်အဖြစ် ပြတ်ပြတ်သားသား ရပ်တည်နိုင်မယ်။
                ရန်ကုန်၊နေပြည်တော်စတဲ့ မြို့ကြီးတွေက နောက်မြန်မာပြည်အပြင် ဖက်နိုင်ငံတွေက ကချင်ထိုးစစ်တွေ ချက်ခြင်းရပ် ဆိုပြီးအော်နေတဲ့ သူတွေနဲ့ ကချင်ပြည်နယ်မှာKIA ညှင်းဆဲတာခံ နေရတဲ့ ပြည်သူ တွေ တစ်လလောက်ပဲ နေရာချင်းလဲပြီး နေကြည့်ရအောင်။ အဲဒီတော့မှ KIA ဒုတ်ခလေး တွေ ကိုယ်ချင်းစာ နိုင်မယ်လို့ယုံကြည်ပါတယ်။

KIA ဒုတ်ခကိုမခံနိုင်တော့တဲ့
စိုင်းဆိုင်ဖ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်