စက်တင်ဘာလကို ရောက်လာပြီဆိုရင်ဖြင့်
ရွှေဝါရောင်ခေါင်းစဉ်နဲ့ စုရုံးစုရုံးမြင်ကွင်း တွေမြင်လာရပြန်ပါပြီ။ တကယ်ဆို ၀ါတွင်းကာလကြီး
မဟုတ်ပါလား။ ဒီမိုကရေစီပြောင်းလဲရေး တွေလုပ်နေလို့ EU ကတောင် Sanction တွေ
ရုပ်သိမ်းပြီး လက်နက်ရောင်းဝယ်မှု ကလွဲရင် ကျန်တဲ့ကုန်သွယ်ရေး ဆိုင်ရာကင်းလွတ်ခွင့်တွေ
ပြန်ပေးဖို့ဆုံးဖြတ်ခဲ့ပါပြီ။ ကျွန်တော်တို့ နိုင်ငံလောက် နှစ်ပတ်လည်နေ့၊ အမှတ်တရနေ့
တွေများတာ မကြားဖူးပါဘူးဗျာ။ နိုင်ငံတစ်ခုမှာ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့၊ အာဇာနည်နေ့၊
အလုပ်သမားနေ့၊ တောင်သူလယ်သမားနေ့၊ တပ်မတော်နေ့ ဒီလို နေ့တွေပဲရှိသင့်ပါတယ်။ ဘာအထိမ်းအမှတ်၊
ညာအထိမ်းအမှတ်တွေ ရှာကြံလုပ်နေတာ ကျွန်တော်တို့ နိုင်ငံမှာများလွန်း လှပါတယ်။
မှတ်လည်းမှတ်သား ထားနိုင်ကြပါပေ့။ ရှေးဖြစ်ဟောင်းအောက် မေ့ဖွယ်တွေက ဒီမိုကရေစီခေတ်အထိ
လိုက်လာနေဆဲပါလားဗျာ။
ရွှေဝါရောင် တော်လှန်ရေးလို့ ကင်းပွန်းတပ်ခဲ့သူကို
အတော်လေးချီးကျူးပါတယ်။ ဒီနာမည်က အရမ်းကို ပေါက်သွားခဲ့တာမဟုတ်လား။ တကယ်တော့ စက်သုံးဆီဈေးမြှင့်
လိုက်တာကစခဲ့တဲ့ ကိစ္စပါ။ အေးချမ်းစွာသီတင်းသုံး နေတဲ့ ဘုန်းဘုန်းတွေ လမ်းပေါ်တက်လာအောင်
မြှောက်ပင့်ပေးတဲ့ သူတွေရှိခဲ့တယ်။ တွန်းတင်တဲ့သူ တွေရှိခဲ့တယ်။ မတက်ချင် တက်ချင်အောင် ဆွဲခေါ်တဲ့သူတွေ
ရှိခဲ့တယ်။ ၀ိနည်းသိက္ခာ ပုဒ်တွေနဲ့မညီတဲ့ ဘုန်းကြီးအယောင်ဆောင် တစ်ချို့ကိုလဲ
ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်။
ငြင်းမရတဲ့ ဖြစ်ရပ်တစ်ခုကို ပြောပြပါမယ်။
၂၀၀၇ အောက်တိုဘာလ ဆန်းပိုင်းမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဖျာပုံလမ်းက တက္ကသီလာကျောင်းတိုက်ကို
သတင်းအရ ၀င်ရှာကြတယ်။ အဲဒီတုန်းက ကျွန်တော်က ရပ်ကွက်လူကြီး၊ သက်သေအနေနဲ့ ကိုယ်တိုင်ပါခဲ့ရတယ်။
ကျောင်းထိုင် ဆရာတော်က ဦးကောဝိဒ၊ ကျောင်းတိုက်ထဲက ဘာတွေတွေ့လဲ ဆိုတော့ ညစ်ညမ်း
VCD ခွေတွေ၊ တုတ်၊ ဓား၊ လေးခွတွေ၊ ဖဲထုပ်တွေ၊ ကွန်ဒုံးတွေ၊ ပစ္စည်းအတု(ဓာတ်ပုံထဲက အဖြူရောင်နဲ့
ထောင်နေတဲ့ပစ္စည်းပါ)၊ ဟန်းဖုန်း(ဟန်းဖုန်းရဲ့ Screen ကိုလည်း သေချာကြည့်ပေးပါ) စတဲ့
ပစ္စည်းအမျိုး ပေါင်း ၅၀ ကျော်ကို သိမ်းဆည်းမိခဲ့တယ်။ မြင်တဲ့အတိုင်းပါပဲ။ ကျွန်တော်အတော်လေး
တုန်လှုပ်ခဲ့ရပါတယ်။ ထင်ကိုထင်မထားခဲ့ပါဘူးဗျာ။ ကျွန်တော်ကိုယ်တိုင် ဆွမ်းကပ်ခဲ့၊
သီလယူခဲ့တဲ့ကျောင်းပါ။ အခုမှ ကြက်သီးထစွာနဲ့ နောင်တရမိပါတယ်။ ဒီလိုဘုန်းကြီးအတုတွေဟာ
ဘာသာသာသနာအတွက် ကြီးမားလှတဲ့အန္တရာယ်ပါ။ ဒါက တကယ့်အမှန်တရားပါ။ အဲဒီအထဲမှာ
မဟုတ်တန်းတရားတွေ အနားကပ်ပြီး လျှောက်တင်တတ်သူတွေရဲ့ လက်ချက်ကြောင့် ဆရာတော်ကြီး
တစ်ချို့ကတောင် တာဝန်ရှိသူတွေအပေါ် အမြင်မှားပြီးပြောဆို ဝေဖန်တာတွေလဲ ကြားရပါတယ်။
အတော့်ကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဦးကောဝိဒက နိုင်ငံတော်ရဲ့ လွတ်ငြိမ်ချမ်းသာခွင့်နဲ့
ပြန်လွတ်လာခဲ့ပါပြီ။ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဖျာပုံလမ်းက တက္ကသီလာကျောင်းတိုက် ကိုပဲပြန်ရောက်လာပါတယ်။
ပြီးခဲ့တဲ့ ၁၈ ရက်နေ့က ရွှေဝါရောင် ၅ နှစ်ပြည့်ကို အဲဒီကျောင်းမှာ သူကိုယ်တိုင် ခေါင်းဆောင်ပြီး
စည်စည်ကားကား လုပ်ခဲ့ပါတယ်ဗျာ။
ဦးပဏ္ဏိဝံသ လို့ခေါ်တဲ့ ဦးပြည်ကျော်
အကြောင်းကိုလည်း နည်းနည်းဖောက် သည်ချပါရစေ။ ဇန်န၀ါရီလ ၁၃ ရက်နေ့ကမှ အကျဉ်းထောင်က လွတ်ငြိမ်းချမ်း သာခွင့်နဲ့
လွတ်လာခဲ့သူပါ။ အခုအရင်အလုပ်မျိုးတွေ ပြန်လုပ်နေပြန်ပါပြီ။ ၈၈ အရေးအခင်းမှာ လည်းပါခဲ့တယ်။
၁၉၉၀ ကျတော့ တာမွေ၊ နန္ဒ၀န် ပါဠိတက္ကသိုလ်မှာ သပိတ်မှောက်ကံဆောင် ပြန်ပါရော။ ၂၀၀၇ မှာလည်း
ထိပ်ဆုံးကပါပဲ။ မင်္ဂလာတောင်ညွန့် ရွှေတောင်ကျောင်းမှာရှိစဉ်က ဘုန်းကြီးနဲ့ မဆိုင်တာတွေ
အကုန်လုပ်ခဲ့ပါတယ်။ တစ်လုံး(ဘောလုံး)၊ နှစ်လုံး၊ သုံးလုံးတွေရဲ့ ဒိုင်ချုပ်ဘုန်းဘုန်း
ဖြစ်ပါတယ်။ ၂၀၀၂ လောက်မှာ ဒဂုံမြို့သစ်တောင်ပိုင်းက ခင်ခင်ချို ဆိုတဲ့ အမျိုးသမီးနဲ့
ကျောင်းမှာ အတူနေရာကနေ အဲဒီမိန်းမ ကိုယ်ဝန်ရပြီး ကလေးပျက်ကျခဲ့တယ်လို့ သိရတယ်။
၂၀၀၄ ကျတော့ ဘီးလင်းဘက်က မအိဆိုတဲ့ အမျိုးသမီးတစ်ဦးကို ကျောင်းပေါ်ကို ခေါ်လာခဲ့တယ်။
ကျောင်းမှာထားပြီး မွေးစားလိုက်တယ်(သဘောပေါက်မှာပါ)။ ကိုယ်ဝန် နှစ်ကြိမ်တိတိ ဖျက်ချခဲ့ရတယ်။
ဟုတ်မဟုတ် ကာယကံရှင်တွေ သိပါလိမ့်မယ်။ သံသယရှိခဲ့ရင် ကျောင်းဝန်းကျင်မှာ နေသူတွေကို
မေးသာကြည့်ကြပါ။ အဲဒီပုဂ္ဂိုလ်က ထောင်ကထွက်လာတာနဲ့ ရွှေဝါရောင် ဖောင်ဒေးရှင်းဆိုပြီး
ဖွဲ့လိုက်ပါရောဗျာ။
ယနေ့သာသနာတော်မှာ ဦးကောဝိဒနဲ့ ဦးပဏ္ဏိဝံသတို့လို
အတုအယောင်တွေ မရှိသင့်တော့ပါ။ အတုအယောင် လုပ်နေမဲ့အစား တကယ်နိုင်ငံချစ်ရင် လူဝတ်လဲပြီးပါတီထောင်ပါ။
လွှတ်တော်တက် စကားပြောကြပါ။ အရွေးခံရရင် သမ္မတလဲဖြစ်နိုင်ပါတယ်။ ဒီထက်ပိုပြီး သတ္တိကောင်းရင်
စစ်တပ်ထဲသာ ၀င်လိုက်ကြပါ။ တိုက်ရည်ခိုက် ရည်ကောင်းရင် ရာထူးရပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ
ထေရ၀ါဒနိုင်ငံဆိုလို့ မြန်မာတစ်နိုင်ငံတည်း ရှိတယ်လို့ ကမ္ဘာကအသိအမှတ်ပြုထား ပါတယ်။
သာသနာတော်ညှိုးနွမ်းအောင်မလုပ်ကြပါနဲ့။
ဘုန်းဘုန်းတို့ဘုရား.... တပည့်တော်တို့က
ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး စတဲ့ ပစ္စည်းလေးပါး ဆက်ကပ် လှူဒါန်းတဲ့အခါ သာသနာအကျိုးသယ်ပိုးပြီး
ဝိနည်းသိက္ခာနဲ့ ညီညွတ်လို့ ၀င်းလက်ကြည်လင် နေတဲ့ ဆရာတော်တွေရဲ့ မျက်နှာတော်တွေကိုဖူးရင်း
ကြည်နူးစွာရေ စက်ချလိုပါတယ်။ ဓာတ်ပုံထဲက ဦးကောဝိဒလို အရက်သေစာ
သောက်စားပြီး ကာမဂုဏ်လိုက်စားသူရဲ့ မျက်နှာမျိုးကို တပည့်တော်တို့ ရှာဖွေစုဆောင်းထားတဲ့
ချွေးနဲစာလှူဖွယ်ဝတ္ထုတွေ ဘယ်လို စိတ်ထားမျိုးနဲ့ လှူဒါန်းရမှာလဲဘုရား။ အရှုပ်ထဲမှာရှင်းအောင်
နေဖို့ ဆရာတော် ဦးဇောတိက ဟောကြားတော်မူခဲ့ပါတယ်။ ရှင်းရှင်းလင်းလင်းနေနိုင်ဖို့
သာသနာအတွက် အရှုပ်ဖြစ်နေသူတွေကိုလဲ ဖယ်ရှားရှင်းလင်း ပေးတော်မူကြ ပါဘုရား....
Myanmar Express
0 comments:
Post a Comment