Monday, December 03, 2012

အမျိုးသားနေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိ နတ်မောက်မြို့သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည်

Posted by drmyochit Monday, December 03, 2012, under | No comments


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၈ ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်သော အမျိုးသားနေ့တွင် သူမ၏ဖခင် အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိ နတ်မောက်မြို့နှင့် တောင်တွင်းကြီး၊ မြို့သစ်၊ မကွေး၊ ရေနံချောင်းမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နတ်မောက်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် အမျိုးသားနေ့ အခမ်းအနားသို့ သွားရောက်မည်ဖြစ်ပြီး နေပြည်တော် မှတစ်ဆင့် တောင်ညို၊ ချောင်းနက်၊ တောင်တွင်းကြီးလမ်းမှ အဆိုပါမြို့ များသို့ သွားရောက်မည်ဖြစ်ကြောင်း၊ အဆိုပါမြို့နယ်များတွင် ပြည်သူလူထုနှင့် တွေ့ဆုံဟောပြော ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
''အန်တီ စုက တောင်တွင်းကြီး မြို့သစ်လမ်းကနေ နတ်မောက်ကို သွားမှာပါ။ အဲဒီနေ့ ညနေပိုင်း မကွေးကိုကူးလာပြီး ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပါမယ်။ မကွေးမှာ တစ်ညအိပ်ပြီး နောက်နေ့မှာ ရေနံချောင်း၊ ကျောက်ပန်းတောင်း မြို့တွေကတစ်ဆင့် ပုဂံညောင်ဦးကို သွားရောက်မှာပါ'' ဟု မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။
ယခုခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် ပြီးနောက် မကွေးတိုင်းဒေသကြီးသို့ ပထမဆုံးသွားရောက်မည့် ခရီးစဉ်ဖြစ်ကြောင်း၊ ကြားဖြတ် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် မကွေး တိုင်းဒေသကြီးသို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း ကျန်းမာရေး အခြေ အနေကြောင့် မသွားရောက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်